ဆံပင်ကျွတ်ပြီးပါးလာလို့ စိတ်ညစ်နေလျှင် အခုပဲ လုပ်ကြည့်လိုက်တော့နော်…

ဆံပင်ကျွတ်ပြီးပါးလာလို့ စိတ်ညစ်နေလျှင် အခုပဲ လုပ်ကြည့်လိုက်တော့နော်…

ဆံပင်ကျွတ်ပြီး ပါးလာလို့ စိတ်ညစ်နေလား…၊

အခုပဲ ဒီနည်းလေးကို လုပ်ကြည့်လိုက်တော့နော်။

ဆံပင်အရမ်းကျွတ်ပြီး ပါးနေတဲ့သူတွေ အတွက်ပါ။

လုပ်ကြည့်ပါ အလကားမဖြစ်ဘူးနော်။

လုပ်နည်းမကြိုက်ရင်လည်း မလုပ်ပါနဲ့နော် ကိုယ်တွေ့မို့လို့ဝေမျှပေးတာပါ။

အရင်းဆုံး ခွက်တစ်ခွက်ထဲမှာ ကြက်သွန်နီကို ပါးပါးလှီးထည့်ပါ။

(အခွံရောထည့်ပါ အခွံမှာကောင်းတဲ့ ဓာတ်တွေပါပါတယ်)

ကြက်သွန်လှီး ထည့်ပြီးရင် ရေပွတ်ပွတ် ဆူတဲ့ရေနွေးကို ခွက်ထဲထည့်လိုက်ပါ။

ပုံကအတိုင်း ထည့်ထားလိုက်ပါ။ ထည့်ထားပြီးရင် အအေးခံထားလိုက်ပါ။

အေးသွားရင် ဆံပင်အရင်းနားမှာ ဦးရေပြားမှာ လိမ်းထားလိုက်ပါ။

ပိုရင်ဆံပင်အဖျားတွေရော လိမ်းလို့ရပါတယ်နော်။

မိနစ် 20..30 ထားပြီး ခေါင်းလျှော်လိုက်ပါနော်။

လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပေးပါ။ ပေါင်းဆေးထပ် သုံးချင်လည်း သုံးလို့ရပါတယ်။

ခေါင်းလျှော်ပြီးရင် သံလွင်ဆီ ဖြစ်ဖြစ်၊ ကိုယ်လိမ်းနေကျ ခေါင်းလိမ်းဆီဖြစ်ဖြစ် လိမ်းထားလိုက်ပါ။

အနံ့တော့ နည်းနည်းတော့ နံမယ်နော်…။ သချာပြောင်အောင် လျှော်ရင်တော့မနံဘူး။

လုပ်ကြည့်လိုက်တော့နော် ဘာမှလည်း မကုန်ပဲဆံပင်ထူလာမှာ 3 ခါလောက်ဆို သိသာပါပြီ။

တကယ်လုပ်ကြည့်ပြီး ကောင်းရင်ပြန်မျှဝေပေးပါနော်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website