ညစ်နေတဲ့ ခြေထောက်တွေဖြူလာစေဖို့ အိမ်မှာပဲ Spa လုပ်နိုင်မယ့် နည်းလမ်း

ညစ်နေတဲ့ ခြေထောက်တွေဖြူလာစေဖို့ အိမ်မှာပဲ Spa လုပ်နိုင်မယ့် နည်းလမ်း…

ခြေထောက်လေးဖြူနေတာမျိုးလိုချင်ရင်တော့ ကိုယ်တိုင်ကလည်း ဂရုစိုက်မှရမှာပါ။

ဆိုင်မှာသွားလုပ်ဖို့ကျတော့လည်း ငွေကုန်တယ်လေ။

ဒါကြောင့် ညစ်နေတဲ့ခြေထောက်လေးတွေဖြူလာဖို့နဲ့ ခြေဖနောင့်အက်ကွဲတာတွေပါ သက်သာလာစေဖို့၊

အိမ်မှာပဲ Spa လုပ်နိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်တယ်နော်။

ခြေသည်းနီဆိုးထားရင် ခြေသည်းနီတွေကို ဖျက်ဆေးနဲ့ သေချာပျက်အောင်ဖျက်ပါ။

ဇလုံတစ်လုံးထဲကို ရေနွေးထည့်ပြီး Baby Shampoo ကို စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်ပါ။

ပြီးရင် အဲ့ထဲမှာ ခြေထောက်ကို ၅ မိနစ်စိမ်ထားပါ။ စိမ်ရင်းနဲ့ ခြေထောက်ကို Brush နဲ့တိုက်ပါ။

အသားမာတက်တဲ့နေရာ၊ ခြေဖနောင့်ကွဲတဲ့နေရာကိုပါတိုက်ပါ။

အချိန်ပြည့်ရင် ခြေထောက်ကို အဝတ်နဲ့သုတ်ပါ။

ဇလုံထဲကို ရေနွေးအသစ်ထပ်ထည့်ပြီး ပျားရည် – စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး သံပုရာသီတစ်ခြမ်းကို အရည်ညှစ်ထည့်ပါ။

ပြီးရင်တော့ ခြေထောက်ကို ၅ မိနစ်ထည့်စိမ်ပါ။

စိမ်ထားတဲ့အချိန်မှာပဲ သံပုရာသီးအခွံနဲ့ ခြေသည်းကိုပွတ်ပါ။ အချိန်ပြည့်ရင် ခြေထောက်ကို အဝတ်နဲ့သုတ်ပါ။

ပန်းကန်တစ်လုံးထဲကို သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ကော်ဖီမှုန့်အစစ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့

Aloe Vera Gel – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သံပုရာသီး တစ်ခြမ်းကိုအရည်ညှစ်ပြီး မွှေပါ။

မွှေပြီးရင်တော့ ခြေထောက်မှာ ပေါင်းတင်သလို လိမ်းပေးပါ။ ၅ မိနစ်ထားပြီးရင် အဝတ်နဲ့သုတ်လိုက်ပါ။

နောက်ဆုံးမှာတော့ Foot Cream (သို့) Lotion ကို ခြေထောက်မှာ များများလေးလိမ်းလိုက်ရုံပါပဲ။

ခြေသည်းနီပြန်ဆိုးချင်ရင်လည်း ဆိုးလို့ရပါတယ်။

ဒါဆိုရင်တော့ ခြေထောက်လေးသန့်ပြီး ဖြူသွားစေမယ့် Spa လုပ်နည်းလေး ပြီးသွားပါပြီ။

ခြေထောက်မဲညစ်နေရင် ဒီနည်းလမ်းလေးသုံးကြည့်ပါ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website