
မျက်နှာပေါ်က တင်းတိတ်၊အမည်းစက်၊နေလောင်ကွက်တွေကို သက်သာပျာက်ကင်းစေမယ့်နည်းလမ်း
အမာရွတ်တွေ ဝက်ခြံတွေ အသက်အရွယ်ရလာလို့ ထွက်လာတဲ့ အမည်းစက် တင်းတိတ်တွေ၊
ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေကို သက်သာပျောက်ကင်းစေဖို့ ပါဝင်ပစ္စည်းနှစ်မျိုးကိုအသုံးပြုလိုက်ရအောင်နော်။
ဘယ်လိုလုပ်ရမလဲ…
မုန့်ဖုတ်ဆိုဒါနဲ့ အုန်းဆီကို အသုံးပြုရမှာပါ။
ကိုယ့်ရဲ့အသားအရေအမျိုးအစားပေါ်မူတည်ပြီး အချိုးကျ စပ်ကာ လိမ်းရမှာပါ။
တကယ်လို့ ကိုယ့်အသားအရေကအဆီပျံတယ်ဆိုရင် အန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းကိုရောပြီးလိမ်းပါ။
အသားအရေက ခြောက်သွေ့တယ် (သို့) သာမန်အသားအရေမျိုးဆိုရင်တော့,
အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဝက်ပဲထည့်ပါ။
ပြီးရင်သေချာမွှေပေးပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရေဆေးချပါ။
တစ်ပတ်ကို တစ်ခါလောက်လုပ်ပါ။
တကယ်လို့ သင့်အသားအရေက အရမ်းကိုအဆီပြန်တယ်ဆိုရင် တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးပါ။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website