လည်ပင်းညိုတတ်တဲ့ ပျိုမေတို့အတွက် ဖြူလာစေမယ့် ထိန်းသိမ်းနည်း(၅)ခု

လည်ပင်းညိုတတ်တဲ့ ပျိုမေတို့အတွက် ဖြူလာစေမယ့် ထိန်းသိမ်းနည်း(၅)ခု…

လည်ပင်းညိုနေတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှု လျော့ကျနေတတ်ပါတယ်။

ဆံပင်ကို အမြဲချမိနေတာ၊ ကိုယ့်လည်ပင်းကို တခြားသူ မြင်သွားမှာ ကြောက်တာ စတဲ့ အမူအကျင့်တွေကို သင့်ဆီမှာ မြင်တွေ့ရပါလိမ့်မယ်။

လည်ပင်းညိုတာက မျက်နှာလိုပဲ ပုံမှန်ဂရုစိုက်ပေးရင် နဂိုကထက် ပိုဖြူလာပါလိမ့်မယ်။

ဒီတော့ ဘယ်လိုနည်းလမ်းတွေနဲ့ လည်ပင်းပြန်ဖြူလာအောင်လုပ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

နည်းလမ်း ၁….
ပထမဆုံး နည်းလမ်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပျားရည်၊ ခရမ်းချဉ်သီးနဲ့ သံပယိုရည်တို့ ဖြစ်ပါတယ်။

ပျားရည်က အသားအရေ စိုပြေစေပြီး ခရမ်းချဉ်သီးနဲ့ သံပယိုရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က အသားအရေကို တောက်ပစေပါတယ်။

ပျားရည်တစ်ဇွန်း၊ ခရမ်းချဉ်သီးအနှစ်နဲ့ သံပယိုရည်အနည်းငယ်တို့ကို ရောကာ လည်ပင်းပေါ် လိမ်းပေးရပါမယ်။

မိနစ် ၂၀ ထားပြီးနောက် ရေဆေးချပေးရပါမယ်။

နည်းလမ်း ၂…
ပါဝင်ပစ္စည်းတွေကတော့ သကြားတစ်ဇွန်း၊ ကော်ဖီမှုန့်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါအနည်းငယ်၊ သံပယိုရည်တစ်ဇွန်း၊ သံလွင်ဆီတစ်ဇွန်းနဲ့ နှင်းဆီရေတစ်ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းအားလုံးကို ရောမွှေကာ အနှစ်ဖြစ်အောင် ဖန်တီးပေးရပါမယ်။

ဒီအရောကို လည်ပင်းပေါ်တင်ကာ ၂ မိနစ်ခန့် ပွတ်တိုက်ပေးရပါမယ်။

ပြီးနောက် မဆေးချဘဲ ဒီအတိုင်း မိနစ် ၂၀ ထားရပါမယ်။

မိနစ် ၂၀ ပြီးနောက်မှာတော့ ရေဆေးချရပါမယ်။

နည်းလမ်း ၃….
ပန်းသီးရှာလကာရည်နဲ့ ရေကို ဆတူရောပေးရပါမယ်။ ရောပြီးနောက် ဝါဂွမ်းနဲ့ အရည်ယူကာ လည်ပင်းပေါ် ပွတ်ပေးရပါမယ်။ ပွတ်ပြီးနောက် ရေဆေးချရပါမယ်။

နည်းလမ်း ၄…
ဒီနည်းလမ်းအတွက် ရှားစောင်းလတ်ပတ်တစ်မျိုးပဲ လိုပါတယ်။

ရှားစောင်းလတ်ပတ်ဂျယ်ကို လည်ပင်းပေါ် ပွတ်ပြီးနောက် မိနစ် ၂၀ ထားပေးရပါမယ်။ ဒါပြီးရင်တော့ ရေဆေးချနိုင်ပါပြီ။

နည်းလမ်း ၅….
သကြားကို သံပယိုသီးတစ်ခြမ်းပေါ် တင်ပြီးနောက် လည်ပင်းပေါ် ပွတ်ပေးရပါမယ်။ ၂ မိနစ်ကနေ ၃ မိနစ် ပွတ်ပေးနိုင်ပါတယ်။

ပြီးနောက် ရေဆေးချရပါမယ်။ ဒီနည်းလမ်းကို ထိရောက်စေချင်ရင် တစ်ပတ်မှာ ၂ ကြိမ်ပြုလုပ်နိုင်ပါတယ်။

လည်ပင်းညိုတာက အသားအရေပြဿနာကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးနဲ့ လည်းပတ်သက်နေပါတယ်။

ဒါကြောင့် သင်က အပေါ်နည်းလမ်းတွေနဲ့ အဆင်မပြေခဲ့ရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website