
မျက်ခုံးမွှေး ထူထူလေးတွေကို ပိုင်ဆိုင်စေမယ့် သဘာဝနည်းလမ်းများ…
မျက်ခုံးမွေးထူထူလေးကို ပိုင်ဆိုင်ချင်ပါသလား? မျက်ခုံးမွေးထူထူလေးက လူတစ်ယောက်ကို ကြည့်ကောင်းသွားစေပါတယ်။
မျက်နှာခုံးမွေးပါးနေရင် မျက်နှာခုံးမွေးဆွဲတံကို အသုံးပြုပြီး ခြယ်သရတာလည်း တစ်ဒုက္ခပါပဲ။
မျက်ခုံးမွေးထူထူလေးပိုင်ဆိုင်ထားရင် အချိန်ကုန်စရာမလိုဘဲ သင့်ကို ဆွဲဆောင်မှုရှိသွားစေမှာပါ။
သဘာဝပစ္စည်းတွေ အကူအညီနဲ့ မျက်ခုံးမွေးထူထူလေး ဖြစ်အောင် ကြိုးစားကြည့်လို့ရပါတယ်။
အဲဒီ သဘာဝပစ္စည်းလေးတွေ ကတော့…
၁။ အုန်းဆီဒီအစွမ်းထက်ဆီက အလှအပထိန်းသိမ်းရေးအတွက် အကျိုးကျေးဇူးများစွာရှိတာကို သိထားပြီးသားပါ။
မျက်ခုံးမွေးထူူထူလေးဖြစ်ဖို့ဆိုရင် အုန်းဆီနွေးနွေးလေးလိုအပ်ပြီး မျက်ခုံးမွေးပေါ်ကို စက်ဝိုင်းပုံစံ ပွတ်လိမ်းလိုက်ပါ။
တစ်ညလုံး လိမ်းထားရမှာပါ။ အုန်းဆီက အမွေးအမှင်သန်အောင် ကူညီပေးပြီး အသားရေကို စိုပြေစေပါတယ်။
၂။ ၾကက္ဆူဆီ….
ဒီဆီက အဆီဓာတ်အက်ဆစ်၊ ဗီတာမင်ဓာတ်တွေ၊ အန်တီအောက်စီဒန့်ဓာတ်တွေ ပြည့်ဝနေပါတယ်။
ဒီဆီကို မျက်ခုံးမွေးမှာ မိနစ် (၂၀)- (၃၀) လောက် လိမ်းထားလိုက်ပါ။
ကြက်ဆူဆီက မွေးညင်းပေါက်တွေကို အာဟာရဓာတ်ဖြည့်ပေးပြီး အမွေးအမှင်တွေကို သန်စွမ်းလာစေပါတယ်။
၃။ ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်ဂျယ်လ်ကို မျက်ခုံးမွေးပေါ် နှိပ်နယ်ပြီး လိမ်းပေးပါ။
မိနစ် ၄၀-၅၀ လောက် အချိန်ပေးထားရမှာဖြစ်ပါတယ်။
ဒီဂျယ်လ်က အမွေးအမှင်သန်စွမ်းလာအောင် လှုံ့ဆော်ပေးတဲ့ aloeninဓာတ်တွေ ပါဝင်ပါတယ်။
၄။ ကုလားပဲစေ့…
ကုလားပဲစေ့အနည်းငယ်ကို ကြိတ်လိုက်ပြီး ကုလားပဲအနှစ်ကို မျက်ခုံးပေါ်မှာ လိမ်းလိုက်ပါ။
မိနစ်လေးဆယ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။
ကုလားပဲက ပရိုတိန်းဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အမွေးအမှင်သန်စွမ်းစေပါတယ်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website