တနင်္လာသားသမီးများရဲ့ စိတ်နေသဘောထားနဲ့ အချစ်ရေး

တနင်္လာတွေဟာ မိတ်ဆွေ ပေါများတယ်။ လူချစ်လူခင်လည်း ပေါများတဲ့ နေ့နာမ် ပိုင်ရှင်တွေ ဖြစ်တယ်။

ဒေါသထွက် တတ်ပေမဲ့ အပြင်မှာ ထုတ်ပီး အရမ်းမပွားပါဘူး။ မိသားစုအပေါ်မှာ ဆိုရင်တော့ နဲနဲ စိတ်မရှည်တတ်ဘူး။

အစွဲအလန်း ကြီးပါတယ်။ တစ်ယောက်ဆို တစ်ယောက် အပေါ်မှာဘဲ စွဲလမ်းနေတတ်တယ်။

စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ ပြောဆိုတတ်တာ တနင်္လာပါ။

ခင်ရတဲ့ အပေါင်းအသင်းနဲ့ စကားပြောနေချိန် စိတ်ရှည်စွာနဲ့ စိတ်ဝင်တစား လက်ခံ နားထောင်ပေး တတ်တယ်။

ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့ နေတတ်သလို သူများကို ပျော်ရွှင်မှုတွေ တခါတရံ ဖန်တီးပေးတတ်တယ်။

သူငယ်ချင်းတွေ မိတ်ဆွေတွေကို မက်မောစွာနဲ့ ခင်တွယ် တတ်တယ်။

အလုပ်လုပ်တဲ့ နေရာမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိတယ်။

စိတ်ကူး အမြင် ကျယ်တယ်။ ဗူးဆို ဖရုံ မသီးတတ်ဘူး။ ဖြစ်ချင်တာကို အမြန်ဆုံး အကောင်အထည် ဖော်ရမှကျေနပ်တာ တနင်္လာပါ။

တခါတလေတော့ အလုပ်လုပ်တဲ့ နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ နဲနဲလေး လွဲချော်နေတတ်တယ်။

တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာ တစ်ခုခု တွေ့မြင်ရရင် သနားတတ်တယ်။

တတ်နိုင်ရင် ကူညီလိုတဲ့စိတ် အပြည့်အဝ ရှိပါတယ်။ သို့ပေမဲ့ ကိုယ်မကြိုက်တဲ့ အရာဆိုရင်တော့ စိတ်လက်ပြတ်သားတယ်။

လူတစ်ယောက်ကို ခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ ပေါင်းသင်းတတ် ကြပါတယ်။

ကိုယ့်အပေါ် ကောင်းတဲ့လူဆိုရင်မမေ့တတ်စွာနဲ့ လိုက်လျောညီထွေစွာ ခင်မင်တတ်တယ်။ ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတာတနင်္လာပါ။

တနင်္လာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျ လေ့လာတတ်တယ်။

စကားပြောတဲ့ နေရာမှာ ပွင့်လင်းမှု ရှိတယ်။ ကိုယ်မကြိုက်တဲ့ အရာတွေကို ပြောချင်တဲ့ စကားရှိရင် အားမနာတမ်းတိုက်ရိုက် ပြောတတ်တာ တနင်္လာပါ။

တနင်္လာတွေဟာ မှန်နေရင် ဘာကိုမှ ဂရုမစိုက်ပဲ နေသလောက်၊ မှားနေရင်တော့ တောင်းပန်ဖို့လည်း ဝန်မလေးတတ်ဘူး။

အပေါင်းအသင်းတွေ ကြားမှာလည်း ယုံကြည်မှု အပြည့်အဝ ရှိရှိနဲ့ နေတတ်တာ တနင်္လာပါ။

တနင်္လာလေးတွေဟာ စိတ်ကူးယဉ် ဆန်တယ်။ အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုတုသတွေကို လေ့လာရတာ နှစ်သက်တဲ့ နေ့နာမ်တွေပါ။မှန်ရင် share သွားကြပါ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website