မိန်းကလေးများ မှတ်သားလိုက်နာသင့်တဲ့ မိန်းမမြတ် အင်္ဂါ (၉) ပါး

မိန်းကလေးများ မှတ်သားလိုက်နာသင့်တဲ့ မိန်းမမြတ် အင်္ဂါ (၉) ပါး….

လောကကြီးမှာ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်တဲ့ စွမ်းအင်ကို ပိုင်ဆိုင်တဲ့လူဆိုတာ ရှားပါတယ်။

မိန်းမတွေ မှိုလိုပေါတဲ့ လောကကြီးမှာလည်း မိန်းမမြတ်ဆိုတာ ရွှေလိုရှားပါးလွန်းပါတယ်။

ဘယ်လိုမိန်းမမျိုးကို မိန်းမမြတ်လို့ ခေါ်တာလဲဆိုတာ ခွဲခြားသိမြင်နိုင်ဖို့ မိန်းမမြတ်အင်္ဂါ (၉)ပါးကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ့်အားကိုယ်ကိုးတတ်တယ်

မိန်းမမြတ်ဆိုတာ ကိုယ့်ဘဝကို ကိုယ်တိုင်အကောင်အထည်ဖော်ပြီး အိပ်မက်တွေကို အမိအရဆုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။

၂။ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တယ်…

မိန်းမမြတ်ဆိုတာ လောကဓံရှစ်ပါးကို ကြံ့ကြံ့ခံပြီး ဘဝပင်လယ်ထဲမှာ အားမလျော့ဘဲ ဆက်လှော်နေသူများြ ဖစ်ပါတယ်။

ကိုယ့်ခံစားချက်ကို အများသူငှာသိအောင် ပေါက်ကွဲနေမယ့်အစား မိမိကိုယ်ကို ဖြေသိမ့်နိုင်သူများဖြစ်ပါတယ်။

၃။ အတင်းမပြောဘူး။

မိန်းမအများစုဟာ အတင်းပြောလေ့ရှိကြပေမယ့် မိန်းမမြတ်တွေကတော့ အတင်းမပြောပါဘူး။

ဘာကြောင့်လဲဆိုတော့
သူတစ်ပါးမကောင်းကြောင်း အတင်းပြောတယ်ဆိုတာဟာ အချိန်ဖြုန်းခြင်းတစ်မျိုးလို့ ခံယူထားတဲ့အတွက် ဖြစ်ပါတယ်။

၄။ ရိုးရှင်းစွာ အသက်ရှင်တယ်။

ဆန့်ကျင်ဘက်လိင်တွေက ကိုယ့်ကို စိတ်ဝင်စားတာကို မိန်းမအများစုခံချင်ကြပေမယ့် မိန်းမမြတ်တွေကတော့
ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းလိုကြပါတယ်။

သူတစ်ပါးစိတ်ဝင်စားအောင် တမင်လုပ်ကိုင်ခြင်း ၊ အမူအရာပြခြင်းတွေ လုံးဝမလုပ်ကြပါဘူး။

၅။ အိမ်ထောင်ဖက်အပေါ်မှာလည်း သစ္စာရှိတယ်။

ဖောက်ပြန်တတ်တဲ့ မိန်းမတွေ အများကြီးရှိပေမယ့် မိန်းမမြတ်တွေကတော့ ကိုယ့်ချစ်သူ ၊ ကိုယ့်ခင်ပွန်းအတွက်၊

ရိုးမြေကျပေါင်းသင်းရအောင် အမြဲတမ်းသစ္စာစောင့်သိကြသူများဖြစ်ပါတယ်။

ကိုယ့်ကြင်ဖော်တစ်ယောက်တည်းကိုသာ စွဲစွဲမြဲမြဲချစ်ပြီး သစ္စာခိုင်မြဲရွှေလက်တွဲလိုကြပါတယ်။

၆။ ကိုယ်ပိုင်ဝါသနာ ၊ ခံယူချက်ရှိတယ်။

မိန်းမမြတ်တွေဆိုတာ ကိုယ်ပိုင်ဝါသနာကို လက်တွေ့ကြအောင် အကောင်အထည်ဖော်တတ်ကြပြီး ကိုယ့်ဒဿနနှင့်
ကိုယ်တိုင်အသက်မွေးကြသူများဖြစ်ပါတယ်။

လောကကြီးအတွက် ရိုးရှင်းစွာဖြတ်သန်းကြပြီး ဆန်းပြားစွာ တွေးခေါ်ကြသူများဖြစ်ပါတယ်။

၇။ အသိတရား မြင့်မားတယ်။

အသိတရားမြင့်မားတယ်ဆိုတာ ဘာသာရပ်တစ်ခုကို အလွယ်တကူတတ်မြောက်နိုင်တဲ့ အစွမ်းသတ္တိဖြစ်တဲ့ ဉာဏ်ကောင်းခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။

မိန်းမမြတ်ဆိုတာ အကြောင်းအကျိုး ၊ အကောင်းအဆိုးကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တဲ့ အသိတရားမျိုး ပိုင်ဆိုင်ထားကြပါတယ်။

၈။ မျက်နှာထား ချိုသာတယ်။

ပြုံးရွှင်နေတဲ့ မျက်နှာထားဟာ မြင်ရသူအပေါင်းကို စိတ်ကြည်နူးစေပါတယ်။

မိန်းမမြတ်တွေဟာ သူတို့ရဲ့မျက်နှာအနေအထားဟာလည်းကြည်လင်ချိုသာပါတယ်။

စူပုတ်နေတဲ့ မျက်နှာထားကို ဘယ်တော့မှ ဖော်ပြလေ့မရှိဘဲ အမြဲတမ်းပြုံးရွှင်နေလေ့ရှိပါတယ်။

၉။ ဆက်ဆံရေး ကောင်းမွန်ကြပါတယ်။

မိန်းမမြတ်တွေဆိုတာ လူတိုင်းနှင့်အလိုက်သင့် ပေါင်းသင်းတတ်ပါတယ်။ လူမုန်းမများစေဘဲ လူတိုင်းနှင့်တည့်အောင်၊

ပေါင်းသင်းတတ်တဲ့ အသိတရားလည်း လက်ကိုင်ထားတဲ့အတွက်ဆက်ဆံရေးပါရဂူများဖြစ်ပြန်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website