
တစ်ကြိမ်ပြုလုပ်ရုံနဲ့ ပြစ်မျိုးမှဲ့မထင်အသားအရေကို ပိုင်ဆိုင်စေဖို့ ခရမ်းချဉ်သီးနဲ့အလှပြင်ကြမယ်။
ဒီတစ်ခေါက်မှာတော့ ပါဝင်ပစ္စည်းနှစ်မျိုးတည်းနဲ့ သင့်မျက်နှာပေါ်က အဖုအစက်အပျောက်တွေကို ပျောက်ကင်းစေပြီး၊
ချောမွေ့တဲ့အသားအရေရရှိစေမယ့် နည်းလမ်းတစ်ခုကို ပြောပြလိုပါတယ်။
ဒီနည်းလမ်းကို အသားအရေအမျိုးအစားအားလုံးအတွက် အသုံးပြုနိုင်ပါတယ်။
ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းနှစ်မျိုးကတော့
ခရမ်းချဉ်သီး
နနွင်းမှုန့်
ပြုလုပ်နည်း….
၁။ ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခွဲလိုက်ပါ။
၂။ ခွက်တစ်ခွက်ထဲမှာ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။
၃။ ခရမ်းချဉ်သီးတစ်ခြမ်းကို နနွင်းခွက်ထဲ နှစ်လိုက်ပါ။
၄။ ဒီခရမ်းချဉ်သီးနဲ့ သင့်အရေပြားကို စက်ဝိုင်းပုံစံပွတ်ပေးပါ။ ညင်ညင်သာသာလေးပွတ်ပေးပါ။
ဒီလိုလုပ်ပေးတာက ခရမ်းချဉ်သီးရေထွက်လာစေပါတယ်။
၅။ ခရမ်းချဉ်သီးက ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ စစ်ထရစ်အက်ဆစ်ကြွယ်ဝပါတယ်။
ဒီဓာတ်တွေက သင့်အရေပြားကို သန့်ရှင်းတဲ့တာဝန်ထမ်းဆောင်ပေးပြီး ချောမွေ့စေပါတယ်။
မျက်နှာပေါ်က ချေးတွေကို ချွတ်ပေးပါတယ်။ နနွင်းမှုန့်ကတော့ ဝက်ခြံ၊ အသားအရေမညီတာတွေကို တိုက်ထုတ်ပေးပါတယ်။
၆။ ငါးမိနစ်ကြာပွတ်ပေးပြီး သင့်မျက်နှာကို ရေနဲ့ဆေးချပါ။
ဒီနည်းလမ်းကို တစ်ပတ်မှာ ၃ ကြိမ်ကနေ ၄ ကြိမ်ပြုလုပ်နိုင်ပါတယ်။
သတိထားရမှာတစ်ခုကတော့ နနွင်းမှုန့်အစစ်ဖြစ်ဖို့ လိုအပ်ပါတယ်။
ပျိုမေအားလုံး ဒီနည်းလမ်းနဲ့ ပြစ်မျိုးမှဲ့မထင် အသားအရေကို ပိုင်ဆိုင်ဖို့ မျှော်လင့်မိပါတယ်နော်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website