
မျက်နှာအသားအရေလေး ကြည်ပြီးဖြူလာစေဖို့ ဆန်ဆေးရည်နဲ့ ပေါင်းတင်နည်း…
Brightening ဖြစ်စေတဲ့ Skincare တွေနဲ့ အသားအရေကြည်စေတဲ့ Glow စေတဲ့ Skincare တွေအများစုက ဆန်နဲ့လုပ်ထားတာတွေပါ။
ဆန်ဆေးရည်က အလှအပရေးရာအတွက် အရမ်းအကျိုးပြုပါတယ်။
အဓိကကတော့ မျက်နှာလေးကို သိသိသာသာဖြူပြီး ကြည်လာစေတယ်။
တချို့က ဆန်ဆေးရည်နဲ့ မျက်နှာသစ်ကြတာ မျက်နှာလေးဖြူပြီး ကြည်လာတယ်လို့ ပြောကြတယ်။
ဆန်ဆေးရည်နဲ့သာ မျက်နှာပေါင်းလိုက်မယ် ဆိုရင်တော့
မျက်နှာအသားအရေလေး ကြည်ပြီးဖြူလာမယ့်အပြင် အသားအရေလည်းချောမွတ်ပြီး အိအိလေးဖြစ်လာမှာပါ။
ဆန်ဆေးရည်နဲ့ မျက်နှာပေါင်းတင်ဖို့အတွက်
ပန်းကန်ထဲကို ဆန် – စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး ရေ တစ်ရေဆေးလိုက်ပါ။
ရေသေချာစစ်ပြီး ပန်းကန်လုံးအသစ်ထဲ ပြောင်းထည့်ပါ။
ပြီးရင်တော့ ရေသန့် တစ်ခွက်ထည့်ပြီး ဆန်ကို ၁၀ မိနစ်ကြာအောင် စိမ်ထားလိုက်ပါ။
၁၀ မိနစ်ပြည့်ရင် ဇွန်းနဲ့တစ်ချက်မွှေလိုက်ပါ။
ပြီးရင်တော့ ဆန်တွေမပါအောင် ဘူးအသန့်ထဲကို ဆန်ဆေးရည်ပဲ စစ်ထည့်ပါ။
လေမဝင်အောင် အဖုံးသေချာဖုံးပြီး တစ်ညထားလိုက်ပါ။
နောက်နေ့ကျရင်တော့ ဂွမ်းဖတ်လေးကို ဆန်ဆေးရည်ထဲစိမ်ပြီး မျက်နှာမှာပွတ်လိမ်းပေးပါ။
တိုနာလိမ်းသလိုမျိုးပါပဲ ရွှဲရွှဲလေးသာလိမ်းထားလိုက်ပါ။
၁၀ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။
တစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ မျက်နှာလေးကြည်ပြီး ဖြူလာမယ့်အပြင်၊
အသားအရေလည်းချောမွတ်ပြီး အိအိလေးဖြစ်လာမှာပါ။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website