ချစ်သူ သုံးဦးကို တစ်ပြိုင်တည်း လက်ထပ်ယူလိုက်သူ

ကိုယ့်ချစ်သူ ခင်ပွန်းသည်ကို နောက်ထပ်အမျိုးသမီးတစ်ဦးနဲ့ မျှဝေပြီး၊

မချစ်ချင်တာ မိန်းကလေးတိုင်းရဲ့သဘာဝပါ။

ဒါပေမဲ့ ယူဂန်ဒါနိုင်ငံက အမျိုးသမီး၃ဦးကတော့၊

ခင်ပွန်းသည်တစ်ဦးတည်းကို လက်ထပ်ဖို့ ပျော်ပျော်ရွှင်ရွှင်ပဲလက်ခံခဲ့ကြပါတယ်။

သတို့သမီးသုံးယောက်နဲ့ လက်ထပ်ခဲ့တဲ့အမျိုးသားကလည်း ငယ်ငယ်ချောချောမဟုတ်ပါဘူး။

သူဟာ အသက်၅၀အရွယ် အာဖရိကတိုက်သားဖြစ်ပြီး သူနဲ့အတူလက်တွဲခဲ့တဲ့ အမျိုးသမီး၃ဦးအနက် ၁ဦးက၊

အသက်၄၀ကျော်ဖြစ်ပေမယ့် ၂ဦးဟာ ၂၀ကျော်အမျိုးသမီးလေးတွေဖြစ်ပါတယ်။

ထိုအမျိုးသားဟာ ချစ်သူသုံးဦးစလုံးကို လက်တွဲချင်ခဲ့ပြီး ချစ်သူသုံးဦးစလုံးကလည်း သူနဲ့ပဲ ၊

ရွှေလက်တွဲဖို့လက်ခံတာကြောင့် ထိုအမျိုးသားနေထိုင်ရာ အာဖရိကတိုက်အရှေ့ပိုင်းဒေသရှိ ၊

ယူဂန်ဒါနိုင်ငံ Kampalaမြို့ Kasenyiရပ်ကွက် မှာ လက်ထပ်ပွဲကြီးကို ပျော်ပျော်ပါးပါးကျင်းပခဲ့ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )