ဇက်ကြောတက်ပျောက်ဆေး ရှောက်သီးအစွမ်း

ဇက်ကြောတက်ပျောက်ဆေး ရှောက်သီးအစွမ်း….

ဇတ်ကြောတက်ပျောက် ဆေးနည်း။ ရှောက်သီးတလုံးကို အရည်ညှစ်ယူပါ။

ပြီးနောက် အခွံ၊ အစေ့၊ အရည် သုံးမျိူးလုံးကို ဇလုံတခု ထဲထည့်ပါ၊၊

ဆား နည်းနည်းထဲ့ပြီး ပွက်ပွက်ဆူနေသော ရေနွေးဖြူ ၂လီတာ ခန့် ထည့်ပြီး အအေးခံပါ၊၊

နံနက် တကြိမ် အိမ်ရာဝင်တကြိမ် အကြမ်း ပန်းကန်လုံး တလုံးပုံမှန်သောက်ပါ။

စွမ်းအင် ရက်ပိုင်းအတွင်းသိသိသာသာ ပျောက်ကင်းပါသည်။

အဝလွန်သောသူများ သောက်ပါက နောက်ကြော ဇတ်ကြော မတက်တော့ခြင်း ၊ အမောခံနိုင်ခြင်း ၊၊

ထိခိုက်ရှနာ အကျက်မြန်ခြင်း ၊ ကိုယ်လက် ပေါ့ပါးသွက် လက်ခြင်း တို့ ဖြစ်စေသည်။

ရှောက်သီး အစွမ်း နှင့် ကောက်နှတ်ချက်များ
ရှောက်သီး (Lemon) သည် အချဉ်ဓါတ်ပါသော အသီးများအုပ်စု (Citrus Fruit) တွင် ပါဝင်သည်။

Citrus Fruit အုပ်စုတွင် လိမ္မော်၊ သံပရို၊ သံပရာနှင့် ဂရိတ်ဖရုသီးများလည်း ပါဝင်ပါသည်။

ရှောက်သီးသည် ပြည် တွင်းတွင် ဖူလုံစွာ စားသုံးနိုင်ရုံသာမက ပြည်ပသို့လည်း တင်ပို့နေသော ဈေးကွက်ဝင် အသီးတစ်မျိုးလည်းဖြစ်ပါသည်။

ရှောက်သီးကို အိန္ဒိယပြည် အနောက် မြောက်ပိုင်း ဒေသတွင်စတင် တွေ…

ရှိရပြီး ရှေးနှစ်ပေါင်းများ စွာ ကတည်းက အရှေ့တောင်အာရှမှာ စိုက်ပျိုးခဲ့ပါတယ်။

၁၂ ရာစု၊ ၁၃ ရာစု လောက်မှာ ဥရော ပ နိုင်ငံများသို့ ရောက်ရှိခဲ့ပါသည်။

မြန်မာပြည်တွင် အပူပိုင်းဒေသများ၌ အများဆုံး စိုက်ပျိုးလာကြပြီ ဖြစ်ပါသည်။

လူအများစုသည် ရှောက်သီးနံ့ ကို သဘောတူပြီး ဟင်းပွဲများတွင် ထည့်သွင်း အသုံးပြုလာကြသကဲ့သို့၊

ဆေးဘက်ဝင် အသီးတစ်မျိုး အဖြစ် လည်း အသုံးပြုကြပြီ ဖြစ်ပါသည်။ရှောက်ရည်တွင် Citric Acid ၅% ခန့် ပါဝင်ပါသည်။

ဗီတာမင်စီ (Vitamin C) လည်း အလွန်ကြွယ်ဝသည့် အပြင် ဗီတာမင်ဘီ၊ ကယ်လဆီယမ်၊

ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်ကဲ့ သို့သော သတ္တုများ သာမက ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ် ဓာတ်များလည်း ပါဝင်ကြောင်း သိရပါသည်။

၎င်းအပြင် ယခုအခါ ဖိုလိတ် (Folate) နှင့် အမျှင်ဓာတ် (Fibre) များလည်း ပါဝင်ကာ၊

၎င်းအဆီတွင် လီမွန် နင် (Lemonene) ခေါ် ဓာတုဒြဗ်စင် တစ်မျိုးလည်း ပါဝင်ကြောင်း သိလာကြပြီ ဖြစ်သည်။

ရှောက်ရည် ၁၀၀ ဂရမ်တွင် ဗီတာမင်စီ ၆၀ ဂရမ်ပါဝင်သည့် အတွက် အသီးများထဲတွင် ဗီတာမင်စီ အများဆုံး ပါဝင်သော အမျိုးအစား ဖြစ်သည်။

ရှောက်ရည်ကို နံနက်စောစော သောက်သုံးမည် ဆိုပါက ကျန်းမာရေးအ တွက် အထောက်အကူ ဖြစ်စေပါသည်။

ရှောက်ရည်သည် သွားအတွက်လည်း ကောင်းမွန်ပြီး လတ်ဆတ်သော ရှောက်ရည်ကို သွားကိုက်သော နေ ရာကို သုတ်လိမ်းပေးပါက နာကျင်မှုကို သက်သာစေပါသည်။

သွားဖုံးပြည်ယိုခြင်း၊ သွေးထွက်ခြင်း စသော သွားရောဂါများကို ပျောက်ကင်းစေပြီး ခံတွင်းအနံ့ဆိုးကိုလည်း ပျောက်စေ ပါသည်။

ရှောက်သီးသည် ရောဂါပိုးများကြောင့် ဖြစ်ပေါ်သော ပါးသီရောင်ခြင်း၊ လည်ချောင်း နာခြင်း စသော လည်ချောင်းအတွင်း ဖြစ်တတ်သော ရောဂါများ အတွက်လည်း ဆေးဘက်ဝင်စေပါသည်။

ရှောက်ရည်နှင့် ရေကို ဆတူရောပြီး မကြာခဏ အာခေါင် ကျင်းပေးခြင်းဖြင့်လည်း ချောင်းနာခြင်းကို လျှော့ချစေနိုင်ပါသည်။

ရှောက်ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် အဓိက ကျန်းမာရေး အကျိုးကျေးဇူး များအနက် တစ်ခုမှာ ခန္ဓာကိုယ် အလေးချိန်ကို လျင်မြန်စွာ ကျစေခြင်း ဖြစ်သည်။

ရှောက်ရည်တစ်ဆ၊ ရေနွေး (ကြက်သီးနွေး) တစ်ဆကို ပျားရည်နှင့် ရော၍ သောက်ပါက ခန္ဓာကိုယ် အလေးချိန်ကို ကောင်းစွာ ကျစေနိုင်ပါသည်။

အစာမကြေခြင်းကြောင့် မူးဝေအော့အန်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်ပါက ရှောက်ရည်ကို ရေနွေးနှင့်ရော၍သောက်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။

ရှောက်ဖျော်ရည်သည် လေချဉ်တက်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။

ရှောက်သီးဖျော်ရည်ကို မှန်မှန် သောက်ပေးခြင်းအားဖြင့် အူသိမ်အူမများမှ မလိုအပ်သော စွန့်ပစ် ပစ္စည်းများကို ဖယ်ရှားသည့်အခါ များစွာ အထောက် အကူ ဖြစ်စေပါသည်။

ရှောက်ရည်သည် သွေး ထဲမှ အညစ်အကြေးများ ကိုလည်း သန့်စင်စေပါသည်။

ဝမ်းချုပ်ခြင်းကိုလည်း ကုသပေးနိုင်ပါသည်။ကြို့ထိုးလျှင်လည်း ရှောက်ရေကို သောက်ပေးခြင်းဖြင့် သက်သာစေပါသည်။

Lemon Juice (ရှောက်ရည်) သည် အသည်းအားဆေးရည် တစ်ခုဖြစ်သော သည်းခြေရည် ပိုမို ထုတ်ပေးပြီး အစာချေခြင်းကို ကူညီပေးနိုင်ပါသည်။

ခန္ဓာကိုယ်မှ ချွဲသလိပ် ထွက်ခြင်းကိုလည်း လျော့စေပါသည်။

၎င်းသည် သည်းခြေတွင် တည်သော ကျောက်များ ပျော်ဝင်သွားစေရန် ကူညီနိုင် ပါသည်။

ရှောက်သီးသည် သဘာဝ ပိုးသတ်ဆေးတစ်မျိုး ဖြစ်ပြီး အရေပြားနှင့် ပတ်သက်သော ရောဂါများကို ကုသနိုင် သည်။

ရှောက်သီးသည် ဗီတာမင်စီ ကြွယ်ဝသော Citrus Fruit ဖြစ်ပြီး အရေပြားကို ပွတ်လိမ်းပေးပါက အစက်အပျောက်များ မှိန်ပြီး အလှတိုးစေပါသည်။

နေ့စဉ် ရှောက်ရည်ကို သောက်ပါက အရေပြားအလှကို သိသာလာစေမှာ ဖြစ်ပါသည်။

ရှိရင်းအသက် ထက် ပိုမို နုပျိုစေပြီး အရေပြားတွန့်ခြင်းကို ဖယ်ရှားစေပြီး ဆံပင်ကိုလည်း နက်စေပါသည်။

မီးလောင်ထားသော နေရာကို ရှောက်ရည် သုတ်လိမ်းပေး ပါက အမာရွတ်များကို မှိန်စေပါသည်။

ရှောက်ရည်သည် အေးသော သတ္တိရှိပြီး မီးလောင်သော အရေပြားကို အပူ လျော့စေပါသည်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website