
ပေါက်စီ လုပ်နည်း ၃နည်း
နည်း ၁…..
ပေါက်စီအစာပြုလုပ်ရန်အတွက် လိုအပ်သည့်အမယ်များကတော့
ဝက်သား၊ဘဲဥ၊ဝက်အူချောင်း၊ကြ က်သွန်ဖြူ၊ကြက်သွန်နီ၊ပဲငံပြာရည်အပျစ်၊ကော်မှုန့်၊တ ရုတ်မဆလာ၊သကြား၊ ဆား၊ကြက်သားမှုန့်တို့လိုအပ်ပါမယ်။
ဂျုံနယ်ရန်အတွက်လိုအပ်သည့်အမယ်များကတေ ာ့ဂျုံ၊ဂျုံပွဆေး၊သကြား၊ထောပတ်ဆီနို့မှုန့်၊ဆားတို့လို အပ်ပါမယ်။
ပေါက်စီအစာသွတ်ရန်အတွက်ဝက်သားကိုရေဆေးသ န့်စင်ပြီးခပ်သေးသေးအတုံးကလေးများတုံး၍ဆား၊ကြ က်သားမှုန့်တို့ထည့်၍နူးနေအောင်ပြုတ်ထားပါ။
ပြီးလျှ င်ကြက်သွန်ဖြူကို ဓားပြားရိုက်၍ ထည့်လိုက်ပါ။
ပြီးလျှင်ကြက်သွန်နီကိုအတုံးသေးသေးလေးလှီးထားပါ။ ဘဲဥကို ကျက်အောင်ပြုတ်ပြီးအခွံခွာ၍အစိတ်လေးတွေဖြစ်အောင်လှီးထားပါ။
ပြီးနောက်ဝက်အူချောင်းကို ကြော်ပြီးသေးသေးလှီးထားပါ။
ဝက်သားပြုတ်ကိုကြ က်သွန်နီ၊ပဲငံပြာရည်အပျစ်၊ကြက်သားမှုန့်တို့ထည့်၍နှံ့အောင်ရောနယ်ထားပါ။
ဂျုံနယ်ရန်အတွက်ဂျုံကိုဇကာစစ်ပြီးလက်ကိုင်ဂျုံအတွ က်အနည်းငယ်ဖယ်ထားပါ။
ဂျုံများပုံထားသည့်အလယ်ကိုကန်ကဲ့သို့ပြုလုပ်ထားပါ။ပြီးလျှင်ယင်းကန်ထဲသို့သ ကြား၊ဂျုံပွဆေးကိုထည့်ပါ။
ကန်ဘောင်ပေါ်တွင်နို့မှုန့်၊ရေကိုထည့်လိုက်ပါကန်ထဲကို ရေကြက်သီးနွေးနည်းနည်ဆီလောင်းထည့်ပြီးနယ်ပါသ ကြားကြေသွားရင်ထောပတ်ဆီကိုထည့်ပြီးဆက်နယ်ပါ။
နှံ့သွားပြီးဂျုံသားပြောင်ချောလာရင်ဂျုံသားကိုခပ်ကျ စ်ကျစ်လေးလုံးပေးပြီးအဝတ်ပါးအုပ်ကာမိနစ်အနည်း ငယ်ခန့် နှပ်ထားပေးပါ။
ပေါက်စီပြုလုပ်ရန်အတွက်ဂျုံအချိန်စေ့ရင်ကွမ်းသီးလုံးခန့်အရွယ်လေးတွေပြုလုပ်ပြီးဒလိမ့်တုံးဖြင့်ပြားပါ။
ယင်းအပေါ်တွင်အစာများကိုထည့်ပြီး လုံအောင်လုံးကာစ က္ကူဖြတ်ပိုင်းပေါ် တင်လိုက်ပါ။
ပြီးနောက်ပေါင်းအိုးအတွင်းကိုအစာသွပ်ဂျုံလုံးလေးမျ ားဖြန့်ထည်လိုက်ပါ။ပေါင်းအိုးတွင်မိနစ်အနည်းငယ်ကြာပေါင်းပေးပါ။
ကျက်ပြီဆိုရင်မီးပိတ်ပြီးရေနွေးငွေ့အရှိန်နဲ့ မိနစ်အနည် ငယ်ခန့် ဆက်ထားပါ။
ပြီးရင်တော့ အရသာရှိတဲ့ ပေါက်စီအရွယ်တော်လေးတွေကိုကော်ဖီပူပူလေးနှင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။
နည်း -၂…..
ပေါက်စီ
ဂျုံ ၃၀ ကျပ်သား ရိစ် ၁ ဇွန်း (ထမင်းစားဇွန်း)
သကြား ၁ ဇွန်း (ထမင်းစားဇွန်း)ဆား အနည်းငယ်
ကြက်ဥ ၁ လုံးထောပတ် ၁ ဇွန်း ထမင်းစားဇွန်း
ရေကြက်သီးနွေး ၃၀၀ ml
ဘေကင်ပေါင်ဒါ ၁ဇွန်း (tea spoon)
ရှော့တနင် ဇွန်းတဝက် (ထမင်းစားဇွန်း)

ရိစ်ဖောက်နည်း…
ရိစ်၊ သကြား၊ ရေကြက်သီးနွေး၊ ရောမွှေပါ ၃ မိနစ်စောင့်ပါ အမြှုပ်ထပြီးပွလာမည်။ ပွမလာပါကရိစ်မကောင်းပါ။ရိစ် နှင့် ဆား ရောမသုံးရပါ ။
ဖောက်ထားသောရိစ်အရည် ထဲသို့ဂျုံ ၊ ဘေကင်၊ ဆား၊ ကြက်ဥ၊ရှော့တနင်၊ ထောပတ်ထည့်ပြီးနှံ့အောင်နယ်ပါ ၊ ဂျုံလုံးအညီအမျှ၁၁လုံးရမည်။
အစာထည့်ပါပုံစံသွင်းပြီးစက္ကူကပ်ပါပေါင်းချောင်တွင်ထည့်ပြီးမိနစ်၁၅မိနစ် အပွခံပါ။
အိုးတလုံးတွင်ရထေညျု့ပွီးဆူအောင်တည်ပါအငွေ့လှိုင်လှိုင်ထွက်ပြီဆို ပေါင်းချောင်ကိုတင်ပြီးပေါင်းပါ ။ မိနစ် ၂၀ပေါက်စီပေါင်းနေချိန် အဖုံးဖွင့်မကြည့်ရပါ ။
အတွင်းစာလုပ်နည်း….
ကြက်သားပြုတ်အသားထွင်အတုံးတုံးထား။ ကြက်သွန်နီ အတုံးပါးပါးစိတ်ထားပါ။
ဆီ၂ ဇွ န်းထည့် ကြက်သွန်နီထည့်ပါ ၊အသားထည့်ပါ၊တရုတ်မ ဆလာ၊ဆား၊ပဲငံပြာရည်အပျစ်ထည့်ပါခြောက်အောင်ကြော်ပါ။
အတွင်းစာရပြီအုန်းယိုလုပ်နည်းအုန်းသီးခြစ်ပြီးသားကိုသကြားထည့်ထောပတ်၁ဇွန်းထည့်ပြီးရဲသွားအောင်လှော်ပါရပြီ။
နည်း ၃….
ဒီနေ့အဟာရပြည့်ဝပြီး အရသာရှိတဲ့ #ပေါက်စီလုပ်န ည်းလေး မျှဝေပေးမယ်နော်.။
ပထမဦးစွာ…
yeastဇွန်းတဝက်လောက်ကို ရေခပ်နွေးနွေး50mlလေက်နဲ့ 5-10 မိနစ်လောက်ကြို စိမ်ထားပါ။
ဂျုံဆန်ချိန်ခွက် 5ခွက်ကိုဇလုံကြီးကြီးထဲထည့်ပါ။သ ကြား4ဇွန်း၊ဆား1 ဇွန်း၊ဆီ2ဇွန်း (Tea Spoon)နှင့်ကြိုတ င်စိမ်ထားသော yeast တို့ကိုဂျုံနှင့်သမအောင်မွှေပါ။
ဂျုံသမအောင်မွှေပြီးလျှင်ရေနည်းနည်းဆီထည့်၍ Dou ghဖြစ်လာအောင်နှယ်ပါ။
ပြီးရင် 30- 60 မိနစ်ခန့် အခန်းအပူချိန်မှာ ပိတ်စသန့်သ န့်လေးဖြင့် အဖုံးအုပ်ထားပေးပါ။ဒါဆိုရင်ပေါက်စီအပြ င်သားDough)ရသွားပါပြီ။
အန ည်းငယ် ထပ်နှယ်ပြီးတစ်ခုစာစီလေးတွေ လုံးထားပါ။
ပြီးရင်လည်း ပိတ်စသန့်သန့်လေးနဲ့ ပြန်အုပ်ထားနော်။အထဲက အနှစ်လေးအတွက်ကတော့ကိုယ့်စိတ်ကြိုက်လုပ်လို့ ရတယ်နော်..။
ဒီမှာတော့ adminကကြက်သွန်နီအတုံးကြီးကြီးတွေကိုဆီပူထဲထည့်ကြော်၊ ဆနွင်းမှုန့်ခပ်(မခပ်လည်းရပါတယ်)
အနံ့မွှေးလာရင်ကြွ ပ်အောင် ကြော်စရာမလိုပါ) အတုံးလေးတွေတုံးထားတဲ့ ကြက်သားနဲ့ အာလူးထည့်မွှေ၊ ရေနဲနဲထည့်ပြီး အဖုံးအုပ်ထားပါ။
ကြက်သားနဲ့အာလူးကျက်မှ မုန်လာဥနီတုံးလေးတွေထည့်၊ဆား၊ သကြား၊ အရသာမှုန့်၊ ငြုပ်ကောင်းမှုန့် နဲ့ခရုဆီလေးတွေလိုသလိုထည့်လိုက်ရင်မွှေးကြိုင်လှတဲ့ပေါက် စီအနှစ်လေး ရပြီနော်။
လုံးထားတဲ့တစ္ခုစာ Doughလေးကိုယူ၊ လှိမ့်တုံးနဲ့ အညီအညာပြား၊ အထူအပါးကတော့ ကိုယ့်စိတ်ကြိုက်ပါနော်)
အစာလေးသွပ် ကြက်ဥပြုတ်၊ငုံးဥပြုတ်လေးတွေနှစ် သက်တာထည့်၊ထုပ်တာ လှရင်လှသလိုပေါက်စီလှလှလေးတွေ ရပါမယ်နော်။
(Admin ကတော့ first time ကပုံလေးတွေမို့လို့ သည်းခံပေးပါနော်။ ရုပ်လှတာက တော့သေချာပါတယ်နော် )
ပေါက်စီလုံးလေးတွေအောက်ကို စက္ကူခံဖို့လည်း မမေ့နဲ့နော်ဇကာလိုအခံပါတဲ့ ပေါင်းအိုးထဲကိုထည့်ပေါင်းလိုက်ရုံပဲ။
အောက်ကရေနွေးကို အရင်ပွက်အောင်တည်ထားဖို့တော့လိုတယ်နော်။
18-20 မိနစ်လောက်ဆိုရင်ပေါက် စီပူပူအိအိလေး သုံးဆောင်လို့ရပါပြီနော်။
မှတ်ချက်။ ။သကြား၊ ဆား၊ ဆီတွေကို ကိုယ်အကြိုက်ပေါ် မူတည်ပြီးချိန်ဆထည့်လို့ ရတယ်နော်။
ပြီးတော့ပေ ါက်စီပေါင်းတဲ့အခါမှာလည်းတစ်ခုနဲ့တစ်ခုခပ်ခွာခွာလေးထည့်ပေးမှ အဆင်ပြေမှာနော်ပွလာမှာ မို့လို့ပါ။
credit : foodmyanmar