ပိုက်ဆံချမ်းသာတဲ့ သူတွေမှာ တွေ့ရတဲ့ လက္ခဏာများ

ချမ်းသာသူတွေရဲ့လက်မှာသာတွေ့ရများတတ်သောလက်ဝါးပြင်ပေါ်မှငွေဝင်လမ်းကြောင်အမှတ်သား
….

လူတိုင်လူတိုင်သည်ချမ်းသာချင်ကြ၏သို့သော်လူတိုင်းလူတိုင်းသည်ချမ်းသာချင်းတော့မရှိနိုင်ပေ။

လူတစ်ဦးတစ်ယောက်ဆင်းရဲချင်းချမ်းသာချင်းသည်မိမိအတိတ်ကပြုခဲ့ဖူးသောကံတရားအတိုင်းသာခံစားရပေသည်။

ထို့ကြောင်အသက်ဉာဏ်စောင်ဥစ္စာကံစောင်ဟုမြန်မာစကားပုံရှိနေချင်းပင်ဖြစ်သည်။

လက္ခဏာပညာရပ်တွင်လက်ပုံစံတနည်းလက်ဝါးပြင်သည်မူလဇာတာနှင်တူပြီး၊

လက်ဝါးပြင်အတွင်းရိုက်နှိပ်ထားသောလမ်ကြောင်းလေးများကတော့ကောဇာဂြိုဟ်နှင့်တူလှသည်လက်ပုံစံကောင်းမွန်ပြီး၊

လက်မအဆင်မှီကာကောင်းမွန်သောလက်ချောင်လေးများနှင်အတူလက်ဝါးပြင်အရောင်အသွေး
ကောင်းမွန်ကာဂြိုဟ်ခုံလေးများမို့မောက်ပြည်ဖြိုးကောင်းမွန်ပြီး၊

ဖျက်မှတ်ကင်းကာအားရှိနေမည်ဆိုပါကလက္ခဏာရှင်သည်ချမ်သာရန်ကံတရားပါရှိပြီးသူဖြစ်ပေသည်။

ထိုပြင်အောက်ပါအမှတ်လက္ခဏာများကလည်းငွေကြေးရှာဖွေရလွယ်ကူချင်စီးစိမ်ဥစ္စာပြည်စုံချင်းကိုဖော်ပြပြီး၊

ချမ်သာသောလူတွေရဲ့လက်မှာသာအတွေ့ရများသောငွေဝင်လမ်းကြောင်း
တွေဖြစ်တာကြာင်ဒီအမှတ်သားလေးများသင့်ရဲ့လက်မှာပါမပါသေချာလေ့လာကြည့်ဖို့လိုအပ်ပါသည်။

အကယ်၍သင့်ရဲ့လက်မှာသာဒီအမှတ်သားတခုမဟုက်တခုပါလာခဲ့မယ်ဆိုရင်၊

သင်သည်လည်းငွေကြေးဥစ္စာပြည့်စုံပြီးချမ်သာသူတယောက်ဖြစ်လာမယ်ဆိုတာအသေချာပါပဲ။

(၁)လက်သူကြွယ်လက်ချောင်းနှင့်လက်ချောင်းခြေရင်းဖြစ်သောတနင်္ဂနွဂြေိုဟ်ခုံ
သည်ချမ်းသာကြွယ်ဝချင်းအနုပညာအောင်မြင်မှုစသည်တို့ကိုဖော်ပြသော၊

လက်ချောင်းဖြစ်သည်ထိုလက်ချောင်းခြေရင်းတနင်္ဂနွဂြေိုဟ်ပေါ်တွင်ကြယ်အမှတ်သား(A)ပါခဲ့မယ်ဆိုရင်၊

လက္ခဏာရှင်သည်စီးစိမ်ဥစ္စာပြည့်စုံချင်းငွေကြေးရှာဖွေရလွယ်ကူချင်းဘွဲ့ထူးဂုဏ်ထူးရရှိချင်းအစိုးရဝန်ထမ်းများရာထူးတတ်ချင်းအနုပညာရှင်များအကယ်ဒမီရလွယ်ချင်းတို့ကိုပေးစွမ်းပြီး၊

သာမာန်လူတွေမှာပါခဲပြီးအောင်မြင်ချမ်းသာသူတွေရဲ့လက်မှာသာတွေ့ရများသောအမှတ်သားဖြစ်သည်။

ထိုအမှတ်သားပါသောလက္ခဏာရှင်သည်တမိပေါက်တယောက်ထွန်းဆိုသကဲ့သို့ ကြီးပွားမည့်အမှတ်သားလက္ခဏာဖြစ်ပေသည်။

(၂)လက်သွယ်ကြွယ်ခြေရင်းတနင်္ဂနွဂြေိုဟ်ခုံလို့ခေါ်တဲ့နေရာလေးမှာအလံပုံစံ(B)လေးပေါ်လာခဲ့မယ်ဆိုရင်ဒီအမှတ်
သားကိုအောင်လံအမှတ်သားလို့ခေါ်ပါတယ်။

ဒီအောင်လံအမှတ်သားပါလာတဲ့လက္ခဏာရှင်ဟာမိဘမျိုးရိုးစဉ်ဆက်ချမ်းသာကြွယ်ဝတတ်ပြီး၊

ငွေကိုရေလိုသုံးနိုင်တဲ့လူတွေရဲ့လက်မှာသာတွေ့ရတတ်တာကြောင့်ဒီအမှတ်သားသင့်လက်မှာပါလာရင်မယ်ဆိုရင်အလွန်ကောင်းမွန်တဲ့အမှတ်သားချမ်းမဲ့အမှတ်သားအဖြစ်မှတ်ယူရပါလိမ်မယ်။

(၃)ဦးခေါ်င်လမ်ကြောင်းနဲ့ဉာဏ်လမ်းကြောင်းကြားမှာအောင်လံအမှတ်သားCပါလာရင်တော့သင်ဟာမိဘမျိုးရိုးကချမ်သာသူမဖြစ်နိုင်ပါဘူး။

အချိန်တန်အရွယ်ရောက်ကိုယ်လမ်ကိုယ်လျောက်ပြီး
ကိုယ့်ရဲ့ကြိုးစားမှုကြောင့်၊

ဘဝအထွဋ်ထိပ်ရောက်ကငွေကြေးဥစ္စာပြည့်စုံချင်နှင်အတူချမ်သာသုခရရှိနိုင်သူဖြစ်ပါလိမ့်မယ်။

(၄)လက်မပထမဆစ်နဲ့ဒုတိယဆစ်ကြားမှာ(D)စပါးစေ့ကဲ့သို့လမ်ကြောင်တွေဟာလူအတော်များများမှာပါလာတတ်ပါတယ်။

ဒီစပါးစေ့အမှတ်သားပါသူတွေဟာစားဝတ်နေရေးပြည့်စုံချင်းငွေကြေးရှာဖွေရလွယ်ကူချင်းပြဆိုပါတယ်။

ဒီအမှတ်သားကတော့လူတရာမှာ၇၀%လောက်ပါတတ်ပါတယ်ဒါပေမဲ့လူအများရဲ့လက်မှာတွေ့ရတဲ့စပါးစေ့ပုံကတော့အတွင်းထဲမှာဟနေချင်းသို့မဟုက်၊

အပြင်ဘက်မှာဟနေချင်းသို့မဟုက်အပေါ်တချမ်းအောက်တချမ်းကွဲနေတတ်ပြီးလမ်းကြောင်းနှစ်ခုဆက်ပြီးလုံနေတဲ့စပါးစေ့ကတော့ရှာမှရှားပါပဲ။

လက်မပထမဆစ်နဲ့ဒုတိယဆစ်ကြားမှာပါလာတဲ့စပါးစေ့ဟာဟချင်းကွဲချင်းမရှိလောက်အောင်လှပပြီးလုံနေမယ်ဆိုရင်ငွေလည်းရှာနိုင်သူရှာနိုင်သလောက်လည်းစုဆောင်နိုင်သူဖြစ်တာကြောင့်၊

အဲဒီလိုလှပပြီးလုံနေတဲ့စပါးစေ့ကတော့ချမ်းသာသူတွေရဲ့လက်မှာသာမြင်တွေ့ရတတ်တာကြောင့်သင့်ရဲ့လက်မှာသာထိုအမှတ်သားပါလာခဲ့မယ်ဆိုရင်၊

သင်ဟာငွေကြေးဥစ္စာပြည့်စုံပြီးချမ်းသာသူတယောက်ဖြစ်လာဖို့ရှိပါတယ်။

(၅)တနင်္လာဂြိုဟ်ခုံလို့ခေါ်တဲ့လက်ဝါးစောင်းနားလေးမှာအလံကဲ့သို့အမှတ်သားလေးပါလာခဲ့မယ်ဆိုရင်၊

Eလက္ခဏာရှင်ဟာအနုပညာစိတ်ကူးစိတ်သန်းကောင်းမွန်းချင်းကြောင့်အကြံကောင်းတော့တသက်
ကံကောင်းတော့တချက်ဆိုသလိုအကြံကောင်ဉာဏ်ကောင်စိတ်ကူးကောင်းတွေကြောင့်ပွပေါက်တိုးကာငွေကြေးဥစ္စာရရှိပြီး၊

ကြည့်ကြည့်တတ်ချမ်းသာသူတွေဖြစ်လာတတ်ပါတယ်။

(၆)အသက်လမ်းကြောင်းအဆုံးမှာစမူဆာပုံစံတြိဂံအမှတ်သား(F)လေးပါလာခဲ့မယ်ဆိုရင်၊

မိဘတွေပေးအပ်သောအမွေအနှစ်စီးစိမ်ဥစ္စာတွေရရှိနိုင်ပြီးမိဘကျေးဇူးမြင့်မိုရ်ဦးဆိုသလိုမိဘတွေရဲ့အထောက်ပံ့တွေနဲ့ကြီးပွားချမ်းသာမဲ့လက္ခဏာပါပဲ။

(၇)လက်ဝါးအောက်ခြေလက်ကောက်ရစ်လမ်းကြောင်းပေါ်မှာစမူဆာပုံစံတြိဂံအမှတ်သား(G)နှင့်
ကြယ်စုံစံအမှတ်သား(H)ပုံပါလာခဲ့မယ်ဆိုရင်၊

ငွေအစုလိုက်အပြုလိုက်ဝင်ချင်းအမွေရချင်းထီပေါက်ချင်းစသောငွေကြေးဥစ္စာအလုံးလိုက်အရင်းလိုက်ရရှိပြီး၊

ငွေကြေးကံကောင်းကာ
ချမ်းသာသောဘဝအောင်မြင်သောဘဝကိုဧကန်မုချရရှိနိုင်ပါလိမ်မယ်။

သင်ရဲ့လက်မှာဒီအမှတ်သားတွေပါမပါသေချာလေ့လာတိုက်ဆိုင်စစ်ဆေးကြည့်နိုင်ရန်တင်ပြပေးလိုက်ပါတယ်။

Credited> မင်းသီဟKPနက္ခတ်ဗေဒင်နှင့်လက္ခဏာသုတေသီတောင်သမန်ကျောက်တော်ကြီးဘုရားရတနာပုံတက္ကသိုလ်အနီးအမရပူရမန္တလေး၀၉၄၀၂၅၅၃၀၇၁