
ဖုန်းအခိုးခံရတာကို ဘယ်လိုပြန်ရခဲ့တာလဲလာမေးနေကြလို့….
ကြုံခဲ့ရတာလေးကို စေတနာနဲ့ပြန်လည်မျှဝေပေးတာပါရှင့်🙆♀️🙆♀️🙆♀️
Find My IPhone ကနေရှာပြီးပြန်ရခဲ့တာပါ၊
ကံကောင်းချင်တော့ ဖုန်းက IOS နောက်ဆုံး Version တင်ထားပါတယ်ရှင့် 😁
( Update ထွက်တာနဲ့ ချက်ချင်းတင်တတ်တဲ့ အကျင့်လေးရှိတာလည်းမှန်သွားပါတယ် 😁)
IOS နောက်ဆုံးဗားရှင်းတင်ထားတော့ ဟိုဘက်ကပါဝါပိတ်ထားတာတောင် ဖုန်းရဲ့တည်နေရာကိုဆက်တိုက်ပြပေးနေတာပါရှင့် 😉😉😉😉😉
ပျောက်ခါစကတော့ ပူထူပြီးiCloud ယော password ယောဘာတစ်ခုမှကိုမမှတ်မိ ( ငိုဖို့ပဲသိတာ 😭 )
သွေးအေးအေးနဲ့ ည ၁၀ နာရီလောက် ရောက်မှ အိမ်ကဖုန်းထဲ ကိုယ် ICloud ထည့်ထားတာကိုသတိရပြီး၊
Find My phone ထဲကနေဝင်ရှာတော့မှ Location တန်းပေါ်လာတာ ☺️ Location ကည ၁၀ နာရီလောက်မှသိရတာဆိုတော့ ၊
ဒီကာလကြီးအပြင်လည်းထွက်မရ ဘာမှလည်းလုပ်မရ 😑 ၊
တစ်ညလုံးလည်း အိမ်မရတော့ 😌 ဖုန်းတည်နေရာပဲထိုင်ကြည့်နေရတယ် ☹️ ( နေရာရွေ့မှာစိုးလို့ )
မနက်ခင်းလင်းတာနဲ့ အစောကြီးထပြီး အဲ့ပတ်ဝန်းကျင်ကို လေးခါးခေါက်ပတ် တည်နေရာသေချာအောင် အရင်ရှာ တည်နေရာသေချာတော့မှ၊
ရပ်ကွက်သက်ဆိုင်ရာလူကြီးနဲ့ နယ်ထိန်းတစ်ယောက်နဲ့ခေါ်ပြီး အဲ့အိမ်ထဲဝင်ရတယ် တစ်ဆင့်ပြန်ဝယ်ထားတဲ့၊
အိမ်ဖြစ်နေတော့ တော်တော်လေးကို အာပေါက်အောင်ပြောယူပြီး😑 နောက်ဆုံးတော့လည်းပြန်ရခဲ့ပါတယ် 😁😁😁
ကံကောင်းသွားတာ တစ်ခုက Lost Mood မချလိုက်တာပါရှင့် ဖုန်းပျောက်ပျောက်ချင်း ပူထူပြီးနီးစပ်ရာ ဖုန်းဆိုင်ပြေးတော့၊
ဖုန်းဆိုင်က Lost Mood မချဖို့ အတန်တန်မှာလိုက်တာ သူစကားနားထောင်လိုက်တာမှန်သွားတာ 😁
Lost Mood ချလိုက်ရင် ပြန်ရဖို့ % နည်းသွားပြီး ဟိုဘက်ကလည်း Password ဖြေလို့ရသွားမှာလို့ပြောပါတယ်။
🙆♀️🙆♀️🙆♀️🙆♀️🙆♀️ ( ဖုန်းဆိုင်ကပြောပြလို့ Lost Mode မလုပ်လိုက်မိတာပါရှင့် ဘာကြောင့်မလုပ်ရလဲတော့ ကိုယ်တိုင်လည်းသေချာနားမလည်ပါဘူးရှင့်၊
ဖုန်းရောင်းတဲ့အသိအကိုကလည်း မရတဲ့အဆုံးမှ Lost Mode on ဖို့ပြောလို့ပါ )
ဖုန်းပျောက်ခဲ့ရင် အခိုးခံရရင်တောင်ပြန်ရှာလို့ရအောင်iOS နောက်ဆုံး Version လေးတင်ထားကြနော် 🙆♀️
Hnin Thiri Aung(Thiri)