လူပြောများနေတဲ့ ရန်ကုန်မြို့ က ၅၀၀ ကျပ်တန် ဇလုံထမင်း ဆိုင်လေး အကြောင်း

လူပြောများနေတဲ့ ရန်ကုန်မြို့ က ၅၀၀ ကျပ်တန် ဇလုံထမင်း ဆိုင်လေး အကြောင်း
…..

မြောက်ဒဂုံ ရွှေရတနာ ရုပ်ရှင်ရုံ အနီး ၅၀၀ ကျပ်တန် ဇလုံ ထမင်းဆိုင်လေးပါ ။

အမြတ် ရှာခြင်း မ ဟုတ် ပါ ။ ငွေ ၅၀၀ ကျပ် ရှိ ယုံ ဖြင့် ထမင်း တစ်နပ် အ တွက် အခက်အခဲ မရှိစေဖို့ ရည် ရွယ် ခြင်း ဖြစ် ပါ တယ် ။

လက်လုပ်လက်စား ကယ်ရီသမား နှင့် အနီးအနား အ ရှေ့ ဒဂုံ ရွှေပေါက္ကံက စားသုံး သူ များ နှင့် စည်ကား လှ ပါ တယ် ။

အချို့ကလည်း အားပေးချင်လို့ လှူချင်လို့ လာရောက် ရှာဖွေ စားသောက် ကြ တာ ရှိ ပါ တယ် ။

ပိုင်ရှင် လူငယ်ဟာ ယခင်က ကားဝပ်ရှော့ အလုပ်သမား ၁ ဦး ဖြစ် ခဲ့ ပြီး၊

သူ အလုပ် လုပ် စဉ် အခါက နေ့လည်စာ စားချိန်မှာ အလုပ် ရှင်က ပေး ခဲ့ တဲ့ ငွေ ပမာဏဖြင့် ၊

ဗိုက်ဝ အောင် စားလို့ ရတဲ့ ထမင်းဆိုင်ကို သွားရောက် စား ခဲ့ ရသူ ဖြစ် ခဲ့ ပြီး၊

ယခု ကားအပိုပစ္စည်း ဖြန့်ဖြူးတဲ့ လုပ်ငန်းရှင် ဖြစ် လာ တဲ့ ချိန် မှာလက်ရှိ ကြပ်တည်း ခက်ခဲ နေ ကြ တဲ့၊

အလုပ်သမား လက်လုပ် လက်စားများကို ကိုယ်ချင်းစာကာ ကူညီဖို့ ၊

အခုလို ၅၀၀ ကျပ်တန် ဇလုံထမင်း ရောင်းချခြင်းကို အ ကောင်အထည် ဖော်ခဲ့ကြောင်း သိ ရ ပါ တယ် ။

အချို့ အဆင်ပြေသူများက ၅၀၀ တန် လာစား ကြ ပြီး ၅၀၀/၁၀၀၀ အစ ရှိသဖြင့် ဆိုင်မှာ လှူဒါန်း သွား ကြ ကာ

အချို့ ၅၀၀ ကျပ်တောင် ခက်ခဲ နေ ကြ တဲ့သူများကို ထိုအလှူများ ထဲ က နေ ကျွေးမွေးခြင်း အစီအစဉ်လည်း ရှိ နေ ပါ တယ် ။

လက်ရှိ အချိန်ထိ စားရင်း အတိအကျ တွက်ချက်မှု မရှိလို့ အရှုံးအမြတ် မသိရ သေး ပေ မယ့် ၊

အများကြီး ရှုံးတာမျိုး မရှိလောက်ပါဘူးဟု ဆိုင်ပိုင်ရှင်က မှန်းဆ ပြောထားပါတယ်။

၅၀၀ ကျပ်တန် ဇလုံထမင်း ဆက်လက်တည့်တံ့ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website