
သိထားသင့်တဲ့ အိမ်တွင်း ပစ္စည်းအချို့ရဲ့သက်တမ်းကုန်ဆုံးရက်တွေ….
အိမ်တိုင်းမှာလုပ်လေ့ရှိတဲ့အရာတွေက ပစ္စည်းတွေကို ကြာရှည်စွာသုံးစွဲတာ၊
တစ်ခုခုပျက်စီးသွားရင်ပြန်ပြီးသုံးမယ်ဆိုပြီးလွှင့်မပစ်ရက်ပဲသိမ်းထားတာတွေ၊
အသစ်မလဲပဲပစ္စည်းဟောင်းတွေကို အထပ်ထပ်သုံးစွဲနေတာမျိုးတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင်အိမ်ကိုထိန်းသိမ်းတဲ့သူတွေလုပ်တတ်တဲ့အယူအဆအမှားတွေလည်း ရှိနေပါသေးတယ်။
သက်တမ်းကုန်ဆုံးရက်မရှိဘူးထင်ပြီးပစ္စည်းတွေကို သုံးစွဲတာတွေရှိနေတာကြောင့်၊
အိမ်တွင်းပစ္စည်းအချို့ရဲ့သက်တမ်းကုန်ဆုံးရက်ကို ဖော်ပြပေးလိုက်ရပါတယ်နော်
(၁) သွားတိုက်တံ…
သွားနှင့်ခံတွင်းကျန်းမာရေးအတွက်သွားဆရာဝန်တွေကသွားတိုက်တံကို ၃ လကိုတစ်ကြိမ်လဲလှယ်ဖို့ အကြံပြုထားပါတယ်။
၃ လထက်ပိုပြီး ကြာအောင် သုံးစွဲတဲ့အခါသွားတိုက်တံမှာဘတ်တီးရီးယားပိုးမွှားတွေ၊
ရောဂါပိုးတွေကပ်ညိနိုင်ခြေအများအပြားရှိနေလို့ ၃ လ ထက် ပိုကြာအောင်မသုံးသင့်ပါဘူး။
(၂) တဘက် (သို့) ကိုယ်သုတ်ပုဝါ မျက်နှာသုတ်ပုဝါ….
ပုဝါတွေကတော့အချိန်ကြာကြာ အသုံးပြုလို့ရပါတယ်။
ဒါပေမယ့်သန့်ရှင်းမှုနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအတွက်ပုဝါတွေကိုတစ်နှစ်နှစ်နှစ်ထက်ပိုပြီးအသုံးမပြုသင့်ပါဘူး။
(၃) ဘီး…
ဘီးတွေကိုအိမ်တွေမှာနှစ်နဲ့ချီအောင် အသုံးပြုကြလေ့ရှိပါတယ်။
ဒါပေမဲ့ဘီးတွေကိုနှစ်တိုင်းအသစ်တစ်ချောင်းလဲပေးသင့်သလိုအပတ်တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
(၄) ခေါင်းအုံး….
အိမ်တွေအတော်များများကခေါင်းအုံးတွေကိုနှစ်ပေါင်များစွာကြာအောင်သိမ်း ဆည်းအသုံးပြုကြပါတယ်။
ဒါပေမဲ့ခေါင်းအုံးတွေကနှစ်ကြာလာတာနဲ့အမျှ ပုံသဏ္ဍာန်ပျက်ယွင်းလာပြီး
ပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေခိုအောင်းရာနေရာဖြစ်လာပြီးသင့်ကျန်းမာရေးအတွက်ထိခိုက်နိုင်ပါတယ်။
ဒါကြောင့်ခေါင်းအုံးတွေကို ၁ နှစ် ၂ နှစ်ထက်ပိုအသုံးမပြုပဲအသစ်လဲလှယ်ပေးခြင်းက၊
အိမ်အတွက်သန့်ရှင်းမှုရော ကျန်းမာရေးအတွက်ပါအထောက်အကူ ဖြစ်စေပါတယ်။
(၅) ရေမွှေး….
ရေမွှေးကိုနှစ်တွေအကြာကြီးသုံးလို့ရတဲ့ အရာလို့သင်သိထားရင်တော့အဲ့ဒီအသိကမှားပါတယ်။
ရေမွှေးတွေကိုပုလင်းအဖုံးဖွင့်ပြီးရင်ဖွင့်တဲ့အချိန်ကနေတစ်နှစ် နှစ်နှစ်ကြာအောင်သုံးစွဲနိုင်ပါတယ်။
ပုလင်းအသစ်ဆိုရင်တော့သူတို့ရဲ့ သက် တမ်းက ၃ နှစ်ဖြစ်ပါတယ်။
(၆) အမျိုးသမီး အပေါ်ဝတ်အတွင်းခံ…
အမျိုးသမီးအတွင်းခံအဝတ်တွေကိုပုံမှန်လျှော်ဖွတ်ရတဲ့အဝတ် အစားထဲမှာပါဝင်ပါတယ်။
အတွင်းဝတ်တွေကိုနှစ်ကြာကြာ မသုံးသင့်ပါဘူး။
တစ်နှစ်နှစ်နှစ်ထက် ပိုကြာတဲ့အခါသူတို့ကလျော့ရဲမှုတွေ ရှိလာသလိုပုံစံတွေလည်းပျက်သွားတတ်ပါတယ်။
ဒါ့အပြင်ရင်သားကိုပုံစံတကျ ထိန်းနိုင်မှုကိုလည်းလျော့ကျသွားတာကြောင့် ၂ နှစ်ထက်တော့ပိုမဝတ်ဆင်သင့်ပါဘူး။
(၇) ဟင်းခတ်အမွှေးအကြိုင်…
အိမ်ထောင်ရှင်မအများစုကဟင်းခတ်ပစ္စည်းတွေအခြောက် အခြမ်းတွေကို၊
ကြာရှည်စွာသိုလှောင်ထားပြီးလိုတဲ့အခါ ထုတ်ချက်တာမျိုးတွေလုပ်တတ်ကြပါတယ်။
တကယ်တမ်းမှာတော့ဟင်းခတ်အမွှေးအကြိုင်တွေကိုသုံးနှစ်ထက်ပိုပြီး၊
မသိုလှောင်ထားသင့်သလို ၃ နှစ်ထက်ကျော်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်းမသုံးစွဲသင့်ပါတယ်။
ဒီကာလကို ကျော်သွားရင်ဟင်းခတ်အမွှေးအကြိုင်တွေရဲ့အာနိသင်တွေကပျက်သွားတာကြောင့်မသုံးသင့်ပါဘူး။
အားလုံးပဲ သန့် ရှင်းပြီးစနစ်ကျတဲ့အိမ်တွေဖြစ်အောင်ဖန်တီးနိုင်ကြပါစေနော်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website