
ချောင်းဆိုးရောဂါအတွက် နတ်ဆေး ရဲယိုရွက်အရည်…
ရောဂါဆိုး p ဖြစ်ပြီး ချွဲအရမ်းကပ် ချောင်းအခြောက်ရောချောင်းအစိုပါ ချွဲတွေနဲ့ဆိုးနေတဲ့သူတွေ ခုနည်းကို လုပ်ကြည့်ပါနော်
အုန်းအုန်းနဲ့အသေကြေဆိုးနေတာ ဘေးကလူပါနားထောင်ရတာ စိတ်မချမ်းသာရတဲ့ ရောဂါ ချောင်းဆိုးရင်း ၊
အသံတွေဝင် အသံတွေအက်ကွဲလည်ပင်းတွေအက်ကွဲ အတော်ခံရခက်တဲ့ရောဂါ (3)လကြာအောင် ချောင်းအရမ်းဆိုးခဲ့ဖူးပါတယ်.
အရမ်းမသက်သာလို့လုပ်မိလုပ်ရာ အာဂေါင်တွေထဲ ပရုတ်ဆီ တွေကိုလက်နဲ့ထိုးပြီးပွတ်တယ်။
ပူလောင်ပြီးများချွဲကင်းစင်ပြီး သက်သာမလားစိတ်နဲ့😥နောက်ဆုံးလက်နက် ရဲယိုရွက်ကို ထောင်းအရည်ညစ်၊
(အဲ့တုံးက ကြိတ်စက်တွေခေတ်မရှိသေး)ရလာတဲ့ အရည်ကို ထမင်းစားစွန်း တစ်ဇွန်းသောက်ရမည် ပြီးလျှင်၊
ရေနွေးလေး သောက်ချရမည်ပိုနေသေးလျှင်ရေခဲသေတ္တာထဲသိမ်းထားပေးပါနောက်နေ့သောက်လို့ရပါတယ်။
ပုံတစ်ပုံချင်းစီမှာ ကြိတ်နည်းလေးရေးပေးထားပါတယ်။
(3)လအသေအကြေဆိုးလာတဲ့ ချောင်းဆိုးခြင်းကနောက်နေ့သူမဟုတ်သလိုပဲ ပျောက်သွားတာပါ။
တစ်ဇွန်းနဲ့ကိုသိသာပါတယ် မသက်သာလျှင် နောက်တနေ့တစ်ဇွန်းထပ်သောက်ပေးပါ။
ကျန်းမာရေးအတွက် အလွန့်အလွန်အသုံးတည့်တဲ့အရွက်မို့ ဘေးထွက်ဆိုးကျိုးလဲမရှိပါဘူး။
အရွက်ကို ငါးခူ(သို့)အသားတစ်မျိုးမျိုးနဲ့ ချဥ်ငံစပ်လေးအရွက်ကြော်စားပါ တစ်ပတ်တစ်ခေါက်လောက် စားပေးရင်ကို အတော်လေးအကျိူးဖြစ်ပါတယ်.။
ငါးရံ့ပတူရွက်ပြီးလျှင် ဒုတိယသံဓာတ်အများဆုံး ပါဝင်တဲ့ အရွက်ပါကိုယ်အလိုသောက်ပြီး၊
အဲ့နောက်ပိုင်း ချောင်းဆိုးတယ်ဆိုတာ အတော်ရှားပါတယ် ။
တော်ရုံ ဖျားနာတာ အချိုတွေစားတာတို့ဆိုတော်ရုံကို ချောင်းမဆိုးတော့ပါ ချောင်းနဲ့အတော်ဝေးသွားပါတယ်
ကိုယ်တကယ်ဖြစ်ခဲ့တဲ့အတွေ့အကြုံကို sharingလုပ်တာပါ။
ခုcovidက ချောင်းအရမ်းဆိုးတယ် ချွဲကပ်တယ်အဖျားကျရင်လဲ ချောင်းအရမ်းဆိုးပြီး ၊
အုန်းအုန်းနဲ့ရင်ဘတ်တွေနာ ကျောတွေနာတဲ့အထိ ခံရခက်အောင်ဆိုးနေတာမို့ ချောင်းဆိုးတာ အရမ်းများပြီး၊
အရမ်းမောတယ်ရယ် အောက်ဆီဂျင်မကျပဲချွဲအရမ်းကြပ်ပြီးသေဆုံးသူတွေလဲ မြင်ရတာကြောင့်ကုသိုလ်ယူ sharingလုပ်ပေးတာပါ။
ကိုယ်တိုင်အတွေ့အကြုံပါ။
ခုရက်ပိုင်း ကိုယ့်ရဲ့အသိမိတ်ဆွေတွေကို အဲ့နည်းအတိုင်းသောက်ခိုင်းတာ။
အပေါ်ကပြောခဲ့သလို အရမ်းထိရောက်တာမို့ publicမှာ ကုသိုလ်ယူတာပါ။
Credit – War War