အစားအသောက်တွေ ရောင်းမကုန်လို့ သန်းခေါင်ယံအထိ ဆိုင်မသိမ်သေးတဲ့ အဖိုး

မည်သည့်နိုင်ငံမှာမဆို အောက်ခြေလူတန်းစားတော်တော်များများဟာ၊

သမုဒ္ဒရာဝမ်းတထွာအတွက် ခက်ခက်ခဲခဲလုပ်ကိုင်စားသောက်ကြရပါတယ်။

ထိုင်းနိုင်ငံကအဖိုးအိုတစ်ဦးဟာလည်း အသက်၈၀အရွယ်ရှိပြီဖြစ်ပေမယ့်၊

မိသားစုစားဝတ်နေရေးအတွက် Wat Bua ဘုရားကျောင်းအနီးမှာ အကင်ဆိုင်လေးဖွင့်ပြီး စျေးရောင်းနေရပါတယ်။

အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တဲ့အဖိုးဟာ အကင်ရောင်းချရာမှာ နေ့တိုင်းရောင်းမကောင်းတာကြောင့်၊

တစ်ချို့ညတွေမှာ သန်းခေါင်းယံအချိန်အထိ လာဝယ်နိုး လာဝယ်နိုးနဲ့ ၊

စောင့်ဆိုင်းရောင်းချရတယ်လို့ စိတ်မကောင်းဖွယ် သိရှိရပါတယ်။

အဘိုးမှာ သားသမီးတွေရှိပေမယ့်လည်း အိမ်ထောင်ရက်သားကျပြီး၊

မိဘကိုမထောက်ပံ့နိုင်တာကြောင့် ဇနီးသည်နဲ့ အလုပ်မလုပ်တတ်သေးတဲ့ကလေးတွေအတွက်၊

ဝမ်းစာရှာဖွေကျွေးရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Shwe Yaung Myanmar ( Writer – LLA )