မိန်းကလေးတိုင်း ကြိုက်တဲ့ ယောက်ကျားလေးဆီက အရာ ၅ မျိူး

လူများဟာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။

ဒါပေမဲ့ တစ်ချို့သော အမျိုးသားတွေက မိန်းကလေးများကို အလွယ်တကူဆွဲဆောင်နိုင်ကြပါတယ်။

တစ်ချို့ ယောင်္ကျားလေးတွေကျတော့ လည်း မိန်းကလေးများကို ဆွဲဆောင်နိုင်စွမ်းမရှိကြပါဘူး။

ဒါဟာ လူချင်းတူနေပေမဲ့ မိန်းကလေးအများစု နှစ်သက်တဲ့ ပုံစံတွေမရှိလို့ ဖြစ်နိုင်ပါတယ်။

အခုအောက်မှာတော့ မိန်းကလေးများကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးများနဲ့ မိန်းကလေးများကိုမဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးများအကြား ဘာကွာခြားနေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဒီလို ကိုယ်ပိုင်ပုံစံတွေကို ကူးချလို့မရပါဘူး။

ဒီကိုယ်ပိုင်ပုံစံတွေဟာ ကိုယ်ပိုင်ပုံစံသာဖြစ်ပြီး မိန်းကလေးတွေကလည်း ပုံစံတုနဲ့ ပြောဆိုဆက်ဆံတဲ့ သူတွေကို အလွယ်တကူ အကဲခတ်နိုင်ကြပါတယ်။

၁။ စိတ်ကူးယဉ်ဆန်လွန်းတက်သော ယောင်္ကျားလေးများ။

စိတ်ကူးယဉ် ဆန်တဲ့ ယောင်္ကျားလေးဆိုတာ မိန်းကလေး တစ်ယောက်ကို ပန်းတွေသွားပေးတတ်သူ၊

မွေးနေ့လက်ဆောင်လေးတွေ ပို့ပေးတတ်သူဖြစ်ပြီး စိတ်ကူးယဉ်ဆန်ဆန် ပိုးပန်းတတ်တဲ့သူကို တည်တည်တံ့တံ့နေကြတဲ့၊

ယောင်္ကျားလေးတွေထက် မိန်းကလေးမျ ားက ပိုနှစ်သက်ကြပါတယ်။

၂။ ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးများ။

ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးများ ဟာ မိမိကိုကိုယ်ကို အပြည့်အ၀ ယုံကြည်စိတ်ချမှု ရှိပြီး စကားပြောရာမှာလည်း ရဲရဲရင့်ရင့် ပြောတတ်ကြပါတယ်။

Relationships တစ်ခုမှာဆိုလည်း မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးဟာ မိမိချစ်သူရဲ့ လက်တွဲဖော်၊

သူငယ်ချင်းများနဲ့ပါတ်သတ်ပြီး ဘယ်တော့မှ သဝန်မတိုတတ်သူ လည်း ဖြစ်ပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိနေတဲ့ ယောင်္ကျားလေးဟာ မိန်းကလေးဆီမှာ အတည်ပြုထောက်ခံချက်ကို တောင်းခံလေ့မရှိဘဲ၊

ရဲရဲဝံ့ဝံံ့ ပြောဆိုဆက်ဆံတတ်တဲ့ အတွက် မိန်းကလေးများက ပို၍ နှစ်သက်ကြတာ ဖြစ်ပါတယ်။

၃။ ကြင်နာတတ်တဲ့ယောက်ျား…

မိန်းကလေးတစ်ယောက်ကို အရင်ထိုင်စေတယ်၊ ညစာ စားရာမှာလည်း အရင်ထုတ်ရှင်းတတ်ပြီး ၊

မိန်းကလေးတစ်ယောက်ကို ထောက်ထားညှာတာ တတ်တဲ့ ယောင်္ကျားလေးတစ်ယောက်ကို မိန်းကလေးများဟာ ယေဘုယျအားဖြင့် နှစ်သက်လေ့ရှိတတ်ကြပါတယ်။

၄။ လွတ်လွတ်လပ်လပ် နေတတ်တဲ့ ယောင်္ကျားလေးမျိုး။

လွတ်လွတ်လပ်လပ်နေတတ်တဲ့ ယောင်္ကျားလေးဆိုတာဟာ ရှင်းအောင်ပြောရရင်တော့ ပါတ်ဝန်းကျင်က လူဆိုးလို့သတ်မှတ်ထားကြတဲ့ ယောင်္ကျားလေးများဖြစ်ကြပါတယ်။

ဒီလို ယောင်္ကျားလေးအများစုကို ငယ်ရွယ်သေးတဲ့ မိန်းကလေးများက နှစ်သက်ကြလေ့ရှိကြပါတယ်။

မိန်းကလေးငယ်ငယ်လေးတွေဟာ ဒီလိုလွတ်လွတ်လပ်လပ်နေတဲ့ ယောင်္ကျားလေးတွေကို နှစ်သက်ကြပြီး ဒီယောင်္ကျားလေးကို နိုင်နင်းအောင်ကိုင်တွယ်လိုကြပါတယ်။

မိန်းကလေးအများစုက သူကိုကြည့်ပါလား ငါ့နဲ့တွေ့မှ ငြိမ်သွားတာ ဆိုတာမျိုးကို အရသာခံပြောလိုကြပြီး၊

ဆပ်ကပ်ဆရာက အဆိုးဆုံး ကျားကို ယဉ်ပါးအောင် ထိန်းကျောင်းလိုတဲ့ သဘာဝနဲ့ဆင်ပါတယ်။

၅။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ယောင်္ကျားလေး။ဒီလိုယောင်္ကျားလေးများဟာ ရှိနေတဲ့ လူအုပ်ကို ပွဲကျအောင်လုပ်နိုင်တတ်တဲ့ သူဖြစ်ပြီး၊

အနီးအပါးက သူတွေကို ပျော်ရွှင်စေတဲ့ သူမျိုးဖြစ်ပါတယ်။

လူတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ထောင်နိုင်တဲ့ လူမျိုးဖြစ်ပြီး လိမ္မာပါးနပ်တဲ့ သူမျိုးတွေလည်း ဖြစ်ပါတယ်။

ဒီလိုယောင်္ကျားလေးမျိုးရဲ့ ဆွဲဆောင်မှုတစ်ခုဟာ သူနဲ့နေရတဲ့ အချိန်များကို ရယ်မောအောင် လုပ်နိုင်ခြင်းဖြစ်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website