ဗိုက်ချပ်စေမည့် ( ၂ ) မိနစ် နည်းလမ်း

ဗိုက်ချပ်စေမည့် နှစ်မိနစ် နည်းလမ်း….

ဝမ်းဗိုက် တစ်ဝိုက်က အဆီပို တွေကို ဖယ်ရှားနိုင်ပြီး၊

ဝမ်းဗိုက် ချပ်ရပ် ကြည့်ကောင်းစေဖို့ ကျန်းမာရေး နဲ့ ညီညွတ်တဲ့၊

နေထိုင်မှုပုံစံ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နည်းအလေ့အကျင့်တွေကို လိုက်နာရပါမယ်။

ဒါ့အပြင်ဗိုက်ထဲက အဆိပ်အတောက်တွေ သန့်စင်ရှင်းလင်းသွားစေမယ့် နှစ်မိနစ် နည်းလမ်း ကို လုပ်ဆောင်ပေးသင့်ပါတယ်။

တကယ်လို့ သင်က နေ့စဉ် နေ့တိုင်း အဆင်သင့် အစားအသောက်တွေ စားပြီး၊

အထိုင်များတယ်ဆိုရင် ဒီနှစ်မိနစ်နည်းလမ်းက သိပ်ထိရောက်မှာ မဟုတ်ပါဘူး။

လေ့ကျင့်ခန်းကို ပုံမှန်လုပ်လေ့ရှိတယ်ဆိုရင် ဒီနည်းက ပိုပြီး အသုံးဝင်မှာပါ။

သတိပြုရန်=ထမင်းလို အစာများများစားပြီးပြီးချင်း မလုပ်ရပါ။

ဆီးကျောက်နဲ့ သည်းခြေကျောက်ရှိရင် မလုပ်ရပါ။

သွေးတိုးရောဂါရှိရင် ကိုယ်ဝန်ဆောင်နေရင်- အူ ကျနေရင်- အစာအိမ်အနာရှိရင်၊

အူအနာရှိရင်-သားအိမ်-ဆီးအိမ်-သားဥအိမ် နဲ့ သားဥပြွန် ရောင်ရမ်းနေ ရင် မလုပ်ရပါ။

နှစ်မိနစ်နည်းလမ်းအတွက် ညွှန်ကြားချက်ဒီနည်းလမ်းကို မနက်စာမစားခင်နဲ့ အိပ်ရာမဝင်ခင် တစ်နေ့ နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

(၁) ပက်လက်လှန် လှဲလျောင်းပါ။

(၂) လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ အချင်းချင်းပွတ်သပ်ပေးပါ။

(၃) ချက်နေရာဘေးမှာ လက်တစ်ဖက်စီကို ဖြန့်တင်ပါ။

(၄) ဝမ်းဗိုက် ကို နာရီလက်တံအတိုင်း စက်ဝိုင်းငယ် ပုံစံပေါ်အောင် ညင်ညင်သာသာ ပွတ်သပ်ပေးပါ။

တဖြည်းဖြည်း ပိုကြီးမားတဲ့ စက်ဝိုင်းပုံဖြစ်အောင် ပွတ်ပေးပါ။

(၅) ဝမ်းဗိုက် နေရာပေါ်မှာ စတင်ဖြစ်ပေါ်လာတဲ့ အပူကို အာရုံစိုက်ပါ။

(၆) နှစ်မိနစ် ဆက်တိုက်လုပ်ပေးရင် စက်ဝိုင်း ၄၀နဲ့ ၅၀ကြား ရပါလိမ့်မယ်။ ဝမ်းဗိုက် က ပူလာဖို့ လိုပါတယ်။

ဒီနည်းဟာ ခန္ဓာကိုယ် ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ဝမ်းဗိုက် တစ်ဝိုက် သွေးလှည့်ပတ်မှု တိုးစေပါတယ်။

ဒီလေ့ကျင့်နည်း လုပ်ပြီးပြီးချင်း အိပ်ရာပေါ်က ချက်ချင်းမထပါနဲ့။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website