
နှာရည်ကျ၊နှပ်တရှုံ့ရှုံ့ဖြစ်နေခဲ့လျှင်……
ဆားငွေ့ရှူနည်း….
တစ်ဆောင်းတွင်းလုံးနှာစေးနေခဲ့ရင်။
လူရှေ့သူရှေ့မရှောင်နှာရည်ကျ၊နှပ်တရှုံ့ရှုံ့ဖြစ်နေခဲ့ရင်အလွယ်တကူစနဲ့၊
သက်သာစေနိုင်တဲ့နည်းလမ်းကတော့ဆားငွေ့ရှူတဲ့နည်းပါဘဲ။
ငွေမကုန်ပဲသက်သာစေမဲ့ မီးဖိုချောင်ကဆေးနည်းလေးပါ။
ပြုလုပ်ပုံကတော့ ဟင်းရည်သောက်ကြွေပန်းကန်လုံးထဲမှာပရုပ်ဆီအနည်းငယ်သုပ်လိုက်ပါ။
ပြီးရင်ဆား၊ဟင်းစားဇွန်းနဲ့၃ဇွန်းထည့်ပါ။
ဆူပြီးသားရေနွေးသို့မဟုတ်ဓာတ်ဘူးထဲကရေနွေးပူပူလောင်းထည့်ပါ။
တက်လာတဲ့ ဆားအငွေ့ကို ဦးခေါင်းမှာတဘက်ပုဝါတစ်ထည်ခြုံပြီးကြွေပန်းကန်ထဲကတက်လာတဲ့အငွေ့ကိုရှူပေးပါ။
သေချာအငွေ့နှာခေါင်းထဲရောက်အောင်ရှူပေးပါ
ပင်လယ်ထဲကဆားငွေ့လေရှူ သလိုမျိုးအကျိုးခံစားရပါလိမ့်မယ်။
ဆားငွေ့ဟာအဆုတ်ကျန်းမာရေးကိုကောင်းစေပါတယ်။
နှာစေးတဲ့အရည်ထွက်ကျခြင်းကိုလည်းထိန်းစေပါတယ်။
လေရှူပြွန်ရောင်ခြင်းကိုလည်းသက်သာစေတဲ့အပြင်ပိုးများကပ်တွယ်ပေါက်ဖွားခြင်းမှလည်းဟန့်တားကာကွယ်နိုင်ပါတယ်။
ဒါကြောင့်ငွေကုန်ကြေးကျနည်းပြီးဆေးရုံဆေးခန်းသွားစရာမလိုဘဲဒီနည်းကိုနေ့စဉ်မှန်မှန်ဆောင်ရွက်ခြင်းဖြင့်အဆုတ်အအေးပတ်နှာစေး။
ထိပ်ကပ်နာဖြစ်ခြင်များမှကာကွယ်ပေးနိုင်ကြောင်းတင်ပြလိုက်ပါတယ်။
လေဖြတ်ပြီးအိပ်ယာထဲလှဲနေရတဲ့မိဘများကိုလည်း ဒီနည်းဖြင့်၊
ဆားငွေ့ရှူပေးခြင်းဖြင့် အဆုပ်ပွ၊ ချွဲဆိုက်ခြင်းဘေးမှကာကွယ်စေနိုင်ပါတယ်။
လေဖြတ်သူများကိုအင်္ဂလိပ်ဆေးတိုက်ရုံနဲ့ပစ်မထားကြပါနဲ့။
သူတို့အဆုတ်မပွအောင်ဂရုစိုက်ကြပါ။
ဆားငွေ့ရှူပေးပါ၊ မနက်နေရောင်ခြည်လည်းပြပေးပါ။
ကြည်လွင်မြင့်(မုဒြာ)