လူကြိုက်များတဲ့ အပ်မှိုစားသုံးခြင်းရဲ့ကောင်းကျိုး ဆိုးကျိုးများ

လူကြိုက်များတဲ့ အပ်မှိုစားသုံးခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ….

မာလာရှမ်းကောတို့ ဟော့ပေါ့တို့စားရင်အမြဲတမ်းပါတတ်တဲ့ ရှည်ရှည် သွယ်သွယ် ပုံစံနဲ့ ပန်းစည်းလို အစုလိုက် အပ်မှိုလေးတွေကို၊

သတိထားမိကြလားပရိတ်သတ်တို့ရေ ရွှေအပ်မှိုဟာ မြန်မာနိုင်ငံမှာကော တကမ္ဘာလုံးမှာပါ အစားများတဲ့မှိုတမျိုးဖြစ်ပါတယ်။

အပ်မှိုကို ဟင်းရည်လုပ်သောက်တာ၊ ကြော်စားတာ၊ ဝက်သားလိပ်ထဲထည့်ကာ ကင်စားတာ၊

ဆူရှီထမင်းလိပ်ထဲထည့်စားတာ စသဖြင့် အမျိုးမျိုးလည်းလုပ်စားကြပါတယ်။

အပ်မှိုကို အင်္ဂလိပ်လို Golden Needle Mushroom လို့ခေါ်ပြီး ဂျပန်လို Enoki လို့ခေါ်ပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Flammulina velutipes ဖြစ်ပါတယ်။

သစ်ပင်ကြီးတွေရဲ့ပင်စည်တွေမှာ သဘာဝအတိုင်းပေါက်ရောက်သလို စိုက်ပျိုးလို့လည်းရပါတယ်။

စိုက်ပျိုးရလည်းလွယ်ပါတယ်။ သဘာဝအတိုင်းပေါက်ရောက်တဲ့ရွှေအပ်မှိုကတော့ ညိုရွှေရောင် ရှိပါတယ်။

အပ်မှိုမှာ အဓိကပါဝင်တဲ့ အာဟာရဓာတ်များ အပ်မှိုဟာ တခြားမှိုတွေလိုပါပဲ။

ကယ်လိုရီနည်းတဲ့ အသားဓာတ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ဓာတ်တွေပါဝင်တဲ့ အစားအစာတစ်မျိုးပါ ယောင်းရေ။

အမေရိကန် စိုက်ပျိုးရေးအဖွဲ့ရဲ့အဆိုအရ ၂.၃ အောင်စလောက် ရှိတဲ့အပ်မှိုပမာဏမှာ စွမ်းအင် ၂၄ ကယ်လိုရီ၊ အသားဓာတ် ၁.၇ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၅ ဂရမ် ပါဝင်ပါတယ်။

အပ်မှိုတွေမှာ အဆီနဲ့ သကြားဓာတ် မပါသလောက်ပါပဲနော်။

ဗီတာမင်နဲ့ သတ္တုဓာတ်များအပ်မှိုဟာ တခြားမှိုတွေလိုပါပဲ ဗီတာမင်ဘီ အများကြီး ပါဝင်ပါတယ်။

အထူးသဖြင့် နိုင်ယာစင်ဆိုတဲ့ ဓာတ် အဓိက ပါဝင်ပါတယ်။

အပ်မှိုအိစိမ်း ၂.၃ အောင်စလောက်မှာ တစ်နေ့တာ လိုအပ်တဲ့ နိုင်ယာစင်ပမာဏရဲ့ လေးပုံတစ်ပုံလောက် ပါဝင်ပါတယ်။

အမေရိကန် စိုက်ပျိုးရေးအဖွဲ့ရဲ့အဆိုအရ သိုင်ယာမင်း၊ ပန်သိုသန်းနစ် အက်စစ်၊ ရွိုင်ဘိုဖလက်ဗင်နဲ့ ဖော်လစ် အက်စစ်တွေကိုလဲ ၊

တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ဆယ်ပုံ တစ်ပုံလောက်ရနိုင်သေးတယ်လို့ ဆိုပါတယ်။

အပ်မှိုတွေဟာ သတ္တုဓာတ် ပါဝင်မှုနည်းပေမဲ့ တစ်နေ့တာလိုအပ်တဲ့ ပိုတက်ဆီယမ်နဲ့ ဖော့စဖောရပ်စ် ပမာဏရဲ့ ၇ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးနိုင်ပါသေးတယ်။

ဒါ့အပြင် အပ်မှိုမှာ သံဓာတ်၊ ကော့ပါး၊ ဇင့် နဲ့ ဆီလီယမ်ဓာတ် နည်းနည်းစီပါ ပါသေးတယ်။

အခြားဓာတ်များအပ်မှိုရဲ့ အာဟာရ တန်ဖိုးဟာ တခြားဓာတ်တွေ ဖြစ်တဲ့ ၊

ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) လိုဟာမျိုးတွေ ပါတာကြောင့် ပိုပြီးတန်ဖိုးတက်လာရပါတယ်။

ဒီတခြားဓာတ်တွေအထဲမှာ အမျှင်ဓာတ်ကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

၂.၃ အောင်စရှိတဲ့ အပ်မှို အစိမ်းဟာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၇ ရာခိုင်နှုန်းကို ထောက်ပံပေးနိုင်ပါတယ်။

ဒါ့အပြင် အပ်မှိုမှာ ဘီတာဂလူကန် (Beta-glucan) ဆိုတဲ့ အမျှင်ဓာတ်တစ်မျိုးလည်း များများစားစား ပါဝင်ပြီး ကိုလက်စ်စထရောဓာတ် လျော့ချရာမှာ အရေးပါ ပါတယ်။

ဒီလိုလူစားများပြီး အကျိုးပြုဓါတ်တွေများစွာပါဝင်တဲ့ အပ်မှိုရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

(1) သွေးဖိအားကိုလျော့ကျစေနိုင်ခြင်း – ရွှေအပ်မှိုမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါရှိပါတယ်။

ပိုတက်ဆီယမ်ဓါတ်က သွေးကြောတွေကိုကျယ်စေပြီး သွေးစီးဆင်းလည်ပတ်မှုကောင်းအောင်၊

ကူညီပေးတဲ့အတွက် တက်နေတဲ့သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပါတယ်။

(2) ကိုယ်တွင်းရှိ အဆီဓါတ်တွေကို လျော့ကျစေနိုင်ခြင်း – ရွှေအပ်မှိုမှာပါတဲ့ ၊

linoleic acid ဓါတ်ဟာ အူလမ်းကြောင်းမှာရှိတဲ့ အဆီဓါတ်တွေကို ချေဖျက်ပေးတဲ့အတွက် ကိုယ်တွင်းမှာ အဆီတွေစုလာပြီး ဝလာခြင်းမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် အဝလွန်ရောဂါဖြစ်နိုင်ခြေနဲအောင်ဆိုရင် ရွှေအပ်မှိုကို မကြာခဏစားသုံးပေးသင့်ပါတယ်။

(3) နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်း – ရွှေအပ်မှိုဟာ သွေးပေါင်ချိန်တက်နေတာကို လျော့ကျစေနိုင်ပြီး ၊

ကိုယ်တွင်းအဆီဓါတ်တွေကိုလည်း လျော့ကျစေနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊

နှလုံးကြီးတာ၊နှလုံးအဆီဖုံးတာစတဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကိုလျော့နည်းစေပါတယ်။

(4) အူလမ်းကြောင်းကျန်းမာရေးကိုအထောက်အကူပြုခြင်း – ရွှေအပ်မှိုမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါရှိပြီး ၊

အူလမ်းကြောင်းရှိအဆီဓါတ်တွေကိုဖယ်ရှားနိုင်တဲ့ linoleic acid ဓါတ်လည်းကြွယ်ဝစွာပါရှိတာကြောင့် ဝမ်းချုပ်ခြင်းကင်းဝေစေပြီး၊

ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။

(5) သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ခြင်း – ရွှေအပ်မှိုမှာ ကြွယ်ဝစွာပါတဲ့ အမျှင်ဓါတ်ဟာ အူလမ်းကြောင်းကျန်းမာရေးကိုအထောက်အကူပြုရုံသာမက ၊

ခန္ဓာကိုယ်ထဲက အင်ဆူလင်ဟော်မုန်းထုတ်လှုပ်မှုကိုပါ လှုံ့ဆော်ပေးပြီး သကြားဓါတ်စုပ်ယူမှုကိုထိန်းညှိပေးပါတယ်။

ဒါကြောင့် ရွှေအပ်မှို မကြာခဏစားပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။

(6) ဦးနှောက်မှတ်ဉာဏ်ကို တိုးတက်စေခြင်း – ရွှေအပ်မှိုမှာပါတဲ့ အမိုင်နိုအက်စစ်(ပရိုတင်း)ဓါတ်တွေဟာ ဦးနှောက်မှတ်ဉာဏ်တိုးတက်စေဖို့၊

အထောက်အကူပြုကြောင်းသုသေသနလေ့လာမှုတွေအရသိရပါတယ်။

(7) ဓါတ်မတည့်မှုဖြစ်ခြင်းတွေကိုလျော့နည်းစေနိုင်ခြင်း –

သုတေသန လေ့လာချက်တွေအရ ရွှေအပ်မှိုကို မကြာမကြာ ပုံမှန်စားသုံးပေးခြင်းဖြင့် ပန်းနာရင်ကြပ်ဖြစ်တာ၊

အရေပြားရောင်ရမ်းတာ၊နှင်းခူဖြစ်တာစတဲ့ ဓါတ်မတည့်လို့ဖြစ်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေနိုင်ကြောင်း သိရပါတယ်။

(8) သံံဓါတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ခြင်း –

သံဓါတ်ဆိုတာဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓါတ်တမျိုးဖြစ်ပါတယ်။

ကလေးငယ်တွေဟာ ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်ဖြစ်လို့ အရွယ်ရောက်ပြီးသား လူငယ်တွေလူကြီးတွေထက် သံဓါတ်ပိုလိုအပ်ပါတယ်။

သံဓါတ်ချို့တဲ့ပါက အစာစားချင်စိတ်မရှိတာ၊ ကိုယ်အလေးချိန်မတက်တာ၊ ဦးနှောက်ဖွံ့ဖြိုးမှုနှေးတာ ဖြူဖတ်ဖြူရော်ဖြစ်တာ၊

နည်းနည်းလှုပ်ရှားတာနဲ့မောတဲ့အတွက် သိပ်မဆော့သိပ်လှုပ်လှုပ်ရှားရှားမရှိတာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ လက်သည်းတွေဆိုလည်း၊

ဇွန်းလိုမျိူးခွက်နေတာ ပါးပီးကျိူးလွယ်တာ စတာတွေဖြစ်နိုင်ပါတယ်။

ရွှေအပ်မှိုမှာ အိုင်းရွန်းခေါ် သံဓါတ်ကြွယ်ဝစွာပါရှိတာကြောင့် မကြာခဏစားပေးခြင်းဖြင့် သံဓါတ်ချို့တဲ့ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆိုးကျိုးတွေက ဘာတွေရှိလဲ – ဘယ်အရာမဆို တန်ဆေးလွန်ဘေးရှိနိုင်ပါတယ်။

အပ်မှိုကလည်း မှိုတစ်မျိုး ဖြစ်တဲ့အတွက် တခြားမှိုတွေလို မောလွယ်ပန်းလွယ်ဖြစ်ခြင်း၊

အစာမကြေခြင်း၊ ဓာတ်မတည့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်နဲ့ နို့တိုက်စဉ်မှာ ပြဿနာကြုံဖူးတာမရှိပေမဲ့ ဆရာဝန်အများစုကတော့ မှိုကို ရှောင်ကြဉ်ခိုင်းပါတယ်။

သတိထားရမယ့် အချက်တွေကတော့ – အပ်မှိုဝယ်တဲ့အခါ လတ်လတ်ဆတ်ဆတ်ရှိတဲ့ အပ်မှိုကိုရွေးဝယ်ပါ။

နွမ်းပြီးရိရွဲနေတာ အရောင်မကောင်းတာမျိုးကိုရှောင်ပါ။ ဝယ်ပြီးသုံးရက်ကနေ ၅ ရက်အတွင်းစားပါ။

မချက်ပြုတ်ခင်မှာ ရေနဲ့သေချာပြောင်အောင်ဆေးပါ လို့ အဆုံးသတ်အနေနဲ့မှာကြားချင်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website