စိန်တုံးစိန်ခဲကြီးများဖြင့်ပြည့်နှက်နေပြီး စိန်မိုးများမကြာခဏ ရွာနေတတ်တဲ့ဂြိုလ်

ဂြိုဟ်ကြီးတစ်ခုလုံးပေါ်မှာ စိန်တုံးစိန်ခဲကြီးများဖြင့်၊

ပြည့်နှက်နေပြီး စိန်မိုးများမကြာခဏ ရွာချနေတတ်တဲ့ဂြိုလ်၊

ကမ္ဘာမြေနဲ့ မိုင် 2.6 ဘီလီယံအထိအကွာအဝေးရှိတဲ့ ယူရေးနက်စ်ဂြိုဟ်ဟာ စိန်အစိုင်အခဲတွေနဲ့၊

ပြည့်နှက်နေပြီး စိန်မိုးတွေအမြဲလိုလို ရွာသွန်‌ေနတယ်လို့ အာကသပညာရှင်တွေက ဆိုပါတယ်။

အကြောင်းကေတာ့ ယူးရေးနက်စ်ဂြိုဟ်ဟာ ကဟိုက်ဒရိုဂျင်နဲ့ ကာဗွန်ဓာတ်တို့ရဲ့၊

ပြင်းထန်တဲ့ဖိအားကိုခံနေရတဲ့ ဂြိုဟ်ဖြစ်တယ်လို့ Metro မှာ ဖော်ပြထားပါတယ်။

အဆိုပါဖိအားဟာ ကမ္ဘာမြေထက်အောက် မိုင်ပေါင်း 5000 မှာရှိတဲ့ မြေသားေတွထက်ဖိအားပိုများတဲ့ ပမာဏဖြစ်ပါတယ်။

ယူရေးနက်စ်ဂြိုဟ်ကို ရေခဲထုကကာကွယ်ပေးထားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီကတည်းက ၊

ဂြိုဟ်ပေါ်မှာစိန်အခဲေတွဟာ ရေခဲပြင်ဘက်ကို တဖြည်းဖြည်းစိမ့်ထွက်နေခဲ့တယ်လို့ ဆိုပါတယ်။

ထိုကဲ့သို့ စိမ့်ထွက်လာတဲ့စိန်အပွင့်ငယ်ေလးတွေဟာ ယူရေးနက်စ်ဂြိုဟ်ကိုဝန်းရံနေတဲ့၊

ရေခဲစက်ဝန်းနဲ့ရောယှက်ပြီး ဂြိုဟ်ရဲ့အလှတရားကို ပိုပြီးပေါ်လွင်စေခဲ့တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။

ယူရေးနစ်စ်ဂြိုဟ်ပေါ်မှာ ဖိအားအနည်းငယ်သာ သက်ရောက်ခံရတဲ့ တန်ဖိုးနည်းရတနာပစ္စည်း မရှိသလောက် ဖြစ်ပါတယ်။

စိန်ထုထည်ရဲ့ကာရက်ဟာ သန်းပေါင်းများစွာ အလေးချိန်ရှိနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ကြပါတယ်။

နက်ပကျွန်းဂြိုဟ်နဲ့ ယူရေးနက်စ်ဂြိုဟ်တို့ကို သိပ္ပံပညာရှင်တွေက “မဟာရေခဲဂြိုဟ်ကြီးမာျး”လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

အကြောင်းကတော့ အဆိုဂြိုဟ်တွေရဲ့ လေထုသိပ်သည်းမှုဟာ ကမ္ဘာမြေထက် အဆပေါင်းထောင်ချီပိုများပါတယ်။

ဒါကြောင့်ယင်းဂြိုဟ်နှစ်ခုစလုံးမှာ အလွန်အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ စုရုံးနေနိုင်ကြောင်း ပညာရှင်တွေက ခန့်မှန်းခဲ့ကြပါတယ်။

ဒီလေ့လာမှုကို ဒေါက်တာ Dominik Kraus ဦးဆောင်တဲ့ Helmholtz Zentrum Dresden-Rossendorf (HZDR) သုတေသနအဖွဲ့က Nature Astronomy ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website