
ပေါက်စီရောင်းတဲ့တရုတ် ပလာတာရောင်းတဲ့၊
ကုလား မုန့်ဟင်းခါးရောင်းတဲ့မြန်မာတို့ရဲ့စိတ်ဓာတ်လေးတွေ ဖတ်ကြည့်လိုက်ဦး
ပေါက်စီရောင်းတဲ့ တရုတ်တယောက်ရဲ့ ဘေးမှာနောက်ထပ်၊
တရုတ်ဆယ်ယောက် ပေါက်စီသွား.. ရောင်းလဲ
ပထမရောက်.. နေတဲ့တရုတ်က ကျေကျေနပ်နပ် လက်ခံတယ်.. အကျိုးဆက်ကတော့..
အဲ့နေရာ ဟာပေါက်စီတန်း ဖြစ်သွားပြီး..
ပေါက်စီကြိုက်၊ နှစ်သက်သူတွေ လာရောက် ရွေးချယ်စား..
သောက်ကြတဲ့ နေရာဖြစ် သွားတော့ တာပါဘဲ၊ ပလာတာရောင်းတဲ့ ကုလားလဲ ထို့အတူပါဘဲ..
သူတို့ရောက်ပြီး မကြာမီ ကုလားတန်း ဖြစ်ပြီး ပလာတာအမျိုးမျိုး ရတဲ့၊
စားသောက်ဆိုင် ကြီးတွေ ဘေးချင်းယှဉ်ပြီး ပေါ်လာကြတယ်..
မုန့်ဟင်းခါးဆိုင်ဖွင့်တဲ့ မြန်မာဆိုင်ဘေးမှာ နောက်ထပ် မုန့်ဟင်းခါးဆိုင်..
ထပ်ဖွင့်လို့ ကေတာ့ ရန်သူတွေဖြစ်ပြီး အပြုတ်တိုက် ကြတော့ တာပါဘဲ..
ကျနော်တို့ လူမျိုးတွေရဲ့ အားနည်းချက်က မြန်မာတယောက် ကြီးပွားသွားတာ မြင်ရမှာကို သိစိတ် မသိစိတ်က၊
သိပ်ကြောက်တတ် တာပါဘဲ.. မိတ်ဆွေ အချင်းချင်းတောင်၊
မနာလို စိတ်ကြီးပြီး အချင်းချင်း လက်တွဲခေါ်ဖို့ အင်မတန်ဝန် လေးတတ်ကြတယ်..
နောက်ပြီး နှိမ့်ကျနေလို့ကတော့ ဝိုင်းဆွဲတင်မယ့်.. အစားစိတ္က နေတောင် ကျိတ်ပျော်နေ တတ်ကြတယ်..
အရက် အတူသောက် တဲ့အခါ.. ဘိန်းအတူရှူ တဲ့အခါ ဖဲအတူရိုက် တဲ့အခါ၊ အင်မတန် စည်းလုံးပေမယ့်.
ကောင်းတာ တူတူလုပ်ဖို့တော့ အင်မတန်ခက်ခဲတဲ့ လူမျိုးခင်ဗျာ.. အာဆီယံနဲ့ ယှဉ်ပြိုင် ရတော့မယ့်..
အချိန်မျိုး ရောက်လာပါပြီ.. သူများတွေ ချမ်းသာတာကို ချည်းထိုင် ဆဲမေနဘဲ၊
မိမိတို့ရဲ့ စိတ်ဓာတ်လေး တွေကိုပါ မြန်မြန် ဆန်ဆန် ပြင်သင့်ပြီ လို့ထင်ပါတယ်…။
လူမျိုးတစ်စု တိုင်းပြည်တစ်ခု တိုိးတက်ကြဖို့ မိမိ တစ်ဦးချင်းစီ စိတ်ဓာတ်ကလေးတွေကစလို့ ပြင်လိုက်ကြပါလို့။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website