
မြန်မာပြည်မှာ အရမ်းပေါပြီး အလကားရတဲ့ အရွက်ကို အမေရိကန်မှာ (၁၃) ဒေါ်လာနဲ့ ရောင်းနေတာတဲ့နော်….
တို့ နိုင်ငံမှာ ပေါများလှတဲ့ သရက်ရွက် (Mango Leave) ကို ၊
အမေရိကန်နိုင်ငံမှာ ၂ အောင်စ ကို ၁၃ ဒေါ်လာ (13$) နဲ့ ရောင်းနေတာ တွေ့ရတော့၊
ဘာတွေ ကောင်းလဲဆိုပြီး google မှာ ရှာကြည့်လိုက်ပါတယ်။
သူများတွေရောင်းနေတာ ကုန်ချော အဆင့်တောင် မဟုတ်ပါဖူးနော်..
သူများရောင်းတာ ထိုင်ဝယ်စားနေရမယ့် ခေတ်လဲ မဟုတ်တော့ပါဖူး။
သရက်သီး အရွက်ဟာ သရက်သီးထက် အဟာရ ပိုများ နေပါတယ်။
ဗီတာမင် အေ ဘီ စီ နဲ့ antioxidant တွေ ကြွယ်ဝ ပါတယ်။
သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ ပြုတ်၍ ဖြစ်စေ ၊
အရွက်ကို အမှုန့် ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာ ချက်ပြုတ်စားသောက် ကြပါတယ်။
ဆေးဘက်ဆိုင်ရာ အနေဖြင့် ဆီးချို ရောဂါကို ထိန်းညိဖို့ သောက်သုံး ကြပါတယ်။
ဒါအပြင် သွေးတိုးရောဂါ ထိန်းညှိ ပေးပါတယ်။
စိတ်ရောဂါ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ကုသ နိုင်ပါတယ်။
အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို လျော့ချ ပေးပါတယ်။
သည်းခြေမှာ ကျောက်တည်ခြင်းကို ခြေဖျက် နိုင်ပါတယ်။
အစာအိမ် ရောဂါ သွေးဝမ်းသွားရောဂါတွေ ကုသ နိုင်ပါတယ်။
ကြို့ထိုးတဲ့ ရောဂါ အတွက်ဆို သရွက်ရွက် အခြောက်ကို မီးရှို့ပီး ရှူပေးရင် ပျောက်ကင်း ပါတယ်။
မီးလောင် ဒဏ်ရာတွေမှာ အသုံးပြု နိုင်ပါတယ်။ နားကိုက်ရောဂါ ကုသ နိုင်ပါတယ်..
ကိုယ်အလေးချိန်ကို လျော့ချနိုင်ပါတယ်။
သုံးစွဲနည်း အသေးစိတ်ကို google မှာ mango leave benefit ဆိုပီး ရှာနိုင်ပါတယ်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website