အရမ်းရုပ်ချောနေလို့ သူနေထိုင်ရာ တိုင်းပြည်က နှင်ထုတ်ခြင်းကို ခံခဲ့ရသူ

ရုပ်ချောပြီးအဆင်းလှတဲ့အသွင်သဏ္ဍာန်ကိုလိုချင်တပ်မက်ကြတာဟာ လူသားတိုင်းရဲ့ဆန္ဒပါ။

ဒါပေမဲ့ အီရတ်နိုင်ငံကအမျိုးသားတစ်ဦးကတော့ ရုပ်ချောလွန်းတာကြောင့်၊

တိုင်းပြည်ကနေ နှင်ထုတ်ခံခဲ့ရတဲ့အတွက် သူ့ရဲ့ရုပ်ရည်ကိုစိတ်ပျက်ခဲ့ပါတယ်။

Omar လို့အမည်ရတဲ့ အသက်၃၀အရွယ် အမျိုးသားဟာ သူ့ရဲ့ ချောမောတဲ့ရုပ်ရည်ကြောင့်၊

အမျိုးသမီးတစ်ဦးဆီကနေ မာစီးဒီးကား မွေးနေ့လက်ဆောင်ရတဲ့အထိ စန်းပွင့်သူဖြစ်ပါတယ်။

ပွဲတော်ရက်များမှာ သူ့ကိုနှစ်ခြိုက်ကြတဲ့ အမျိုးသမီးတွေကြား မဖြစ်သင့်တာမဖြစ်စေဖို့ ၊

အာဏာပိုင်တွေက Omar ကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပြီး သူဟာ ကနေဒါနိုင်ငံမှာ၊

မော်ဒယ်နဲ့ဓါတ်ပုံဆရာအဖြစ် ရပ်တည်ခဲ့တယ်လို့သိရပါတယ်။

သူဟာ ရုပ်ချောတာကိုစိတ်ပျက်ပြီး ပြုပြင်နေထိုင်ကာ ၊

အခုအချိန်မှာတော့ သူဟာ ဇနီးသည်နဲ့သားလေးနဲ့အတူ မိသားစုဘဝကိုဖြတ်သန်းနေပြီဖြစ်တယ်လို့သိရပါတယ်။

Shwe Yaung Myanmar ( Writer – LLA )