၂လအတွင်း ဆံပင်၅လက်မ ရှည်စေသော နည်းလမ်း

၂လအတွင်း ဆံပင်၅လက်မရှည်စေသောနည်းလမ်း….

သင်က ၂ လအတွင်း ဆံပင်ကို နဂိုထက် ပိုမြန်ချင်တယ်ဆိုရင်တော့

ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဆံပင်က အရှည်မြန်ဖို့ အချိန်ယူရပါတယ်။

လုံလောက်တဲ့ အာဟာရ စားသောက်မှု ပုံစံ နဲ့ ဆံပင်ကို ဂရုစိုက်ပေးမှ ဆံပင်အရှည်မြန်မှာပါနော်။

သင်က ဆံသား ဂရုစိုက်မှု နဲ့ ဆံပင်ပိုရှည်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

ဒီနည်းလမ်းအတွက် ပါဝင်ပစ္စည်း (၂) မျိုးပဲ လိုအပ်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့-

ဆန်ဆေးရည်နှင့်

လိမ္မော်သီးအခွံပါ

ပြုလုပ်ပုံကတော့…

ဆန်ကို အညစ်ကြေးတွေ ပါသွားအောင် ရေဆေးပေးရပါမယ်။

နှစ်ခါ ဝန်းကျင်လောက်
ဆေးပြီးနောက် လိုအပ်တဲ့ပမာဏ တစ်ခွက်စာကို စစ်ထုတ်ပေးရပါမယ်။

ဆန်ဆေးရည်ကို အကြည်ပုံစံ ရသွားတဲ့အထိ ပိုမဆေးသင့်ပါဘူး။

အဖြူရောင် ဆန်ရည် ထွက်သင့်ပါတယ်။

ပြီးနောက် မှာတော့ လိမ္မော်သီးတစ်လုံး အခွံ ကိုဆန်ဆေးရည် ထဲ ထည့်ပေးရပါမယ်။

ဒီနှစ်မျိုးကို အလုံပိတ်ခွက်ထဲ ထည့်ပေးရပါမယ်။

၁၂ နာရီကြာ အချဉ်ဖောက်ပေးရပါမယ်။

ပြီးနောက်မှာတော့ အသုံးမပြုခင် အချိန်တိုင်း ရေခဲသေတ္တာထဲ ထည့်ထားရပါမယ်။

ကိုယ်သုံးမယ့် အချိန်မှ အပြင်ထုတ်သုံးပေးသင့်ပါတယ်။

သုံးတဲ့အချိန် ဦးရေပြားနဲ့ ဆံသားပေါ် လိမ်းပေးရပါမယ်နော်။

ပြီးနောက် နာရီဝက်ခန့် ထားပြီး ခေါင်းလျှော်နိုင်ပါပြီ။

ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးရင် ဆံပင်အရှည် မြန် လာပါလိမ့်မယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website