
မီးပူတိုက်တဲ့အခါ မီးကျွမ်းသွားလို့ မီးပူရဲ့အောက်ခြေသံပြားမှာ အစွန်းအထင်းတွေဖြစ်သွားတာကို လူတိုင်းကြုံဖူးမှာပါ။
ဒီအစွန်းအထင်းတွေ မပျောက်မခြင်း အင်္ကျီတွေမှာကပ်ပြီး အရာထင်တာကြောင့် အဝတ်အစားတွေ ပျက်စီးရတတ်ပါတယ်။
ဒီလိုမဖြစ်အောင် မီးပူအောက်ခြေက အစွန်းအထင်းတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ကာကွယ်တားဆီးခြင်း
Synthetic သို့ သဘာဝချည်မျှင်တွေသည် အပူကြောင့် ၊
မီးပူရဲ့ Soleplate ပေါ်မှာ အရည်ပျော်သွားတဲ့အခါ သင့်မီးပူမှာကပ်ကျန်ခဲ့ပါတယ်။
ဒီလို မီးပူမကပ်အောင် တားဆီးဖို့ လီနင်သို့မဟုတ် cotton တွေကို မတိုက်ခင်မှာ သင့်မီးပူကို အပူချိန်နိမ့်ပါ။
မီးပူရဲ့ အပူအအေးချိန်ညှိမှုကို အထူးသတိပြုပါ။
အပူလွန်ကဲစွာ ချိန်ညှိအသုံးပြုခြင်းက အဝတ်အစားကို ပျက်စီးဖို့ ပိုမိုလွယ်ကူစေပါတယ်။
အထည်ကို ပြောင်းပြန်လှန်တိုက်တာကလည်း အဝတ်အစားပျက်စီးမှုမဖြစ်အောင် တားဆီးပေးပါတယ်။
မီးပူကပ်သွားပြီဆိုလျှင် မီးပူမျက်နှာပြင်ကို သန့်ရှင်းနိုင်မယ့် နည်းလမ်းအနည်းငယ်ရှိပါတယ်။
မီးပူကို ပြန်လည်သန့်စင်စေနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
နည်းလမ်း ၁
မုန့်ဖုတ်ဆိုဒါက မီးပူပေါ်က အသေးစားအစွန်းအထင်းများကို ဖယ်ရှားလို့ ရနိုင်ပါတယ်။
စိုစွတ်တဲ့ အဝတ်တစ်ထည်ကိုယူပြီး အဲ့ဒီအပေါ်မှာ မုန့်ဖုတ်ဆိုဒါအနည်းငယ်ဖြန်းပါ။
အဲ့ဒါနဲ့ မီးပူမျက်နှာပြင်ကို ပွတ်ပေးပါ။
အစွန်းအထင်းတွေ ပါးသွားတဲ့အထိ ဆက်တိုက်ပွတ်တိုက်ပေးပါ။
ပြီးနောက် တခြားအဝတ်စိုတစ်ခုကိုသုံးပြီး အောက်ခြေသံပြားကို သုတ်ပေးပါ။
မီးပူအပေါက်ရာလေးတွေကိုပါ သေချာပွတ်တိုက်ပေးဖို့လိုပါတယ်။
နည်းလမ်း ၂….
မုန့်ဖုတ်ဆိုဒါ၊ သွားတိုက်ဆေး၊ ရှာလကာရည် တို့လိုအပ်ပါတယ်။
ဒီပါဝင်ပစ္စည်းသုံးမျိုးကို ပျစ်နေအောင် ရောမွှေပါ။
မီးပူကို ပလပ်တပ် အပူပေးပြီး မီးပူရဲ့အောက်ခြေကို သုတ်ပေးပါ။
ပြီးမှ အစွန်းအထင်းများကို ပွတ်တိုက်ပြီး ချွတ်ဖို့ အိုးတိုက်ရေမြှုပ်တစ်ခုကို အသုံးပြုပါ။
နည်းလမ်း ၃….
အဝတ်တစ်ခုပေါ်မှာ ဆားကိုဖြူးပါ။
မီးပူကို ပလပ်တပ်အပူပေးပြီး ထိုဆားဖြူးထားတဲ့ အဝတ်ပေါ်မှာ ပွတ်တိုက်ပေးပါ။
အစွန်းအထင်းများ ပျောက်သွားလျှင် ပလပ်ချွတ်ပြီး အဝတ်သန့်ဖြင့် ပြန်လည် ပွတ်တိုက်ပေးပါ။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website