
သင့်မှာ နှလုံးရောဂါရှိနေပြီဆိုတာ ပြသနေတဲ့ အချက် (၇) ချက်…
(1)လက်မောင်းထိပ်နာကျင်ခြင်း –
နှလုံးအောင့်ခြင်း သို့ နှလုံးရောဂါလက္ခဏာတစ်ခုခု မပြသမီမှာ လက်မောင်းထိပ်မှာ နာကျင်ခြင်းဖြစ်ပေါ်တတ်ပါတယ်။
ယောကျ်ား တွေမှာ ဘယ်လက်လက်မော့င်းထိပ်နာတတ်ပြီး မိန်းမတွေမှာတော့ ဘယ်ကောညာပါ ဖြစ်ပေါ်တတ်ပါတယ်။
ဒါဟာ နှလုံးနာကျင်ခြင်းဖြစ်သော အာရုံကြောဟာ ကျောရိုးမတိုင်ကိုဖြတ်သွားပါတယ် ။
ကျောရိုးမတိုင်မှာ ခန္ဒာတစ်ခုလုံးကအာရုံကြောတွေရောယှက်နေတာကြောင့်၊
ဦးနှောင်ကို အချက်ပိုတဲ့အခါမှာ ရောနှောသွားတတ်ပြီး လက်မောင်းမှာနာကျင်ရတာဖြစ်ပါတယ်။
(2)ချောင်းဆိုးခြင်း – အဆုတ်ရောဂါကြောင့်သာမဟုတ်ပဲ နှလုံးရောဂါသမားများလဲ ချောင်းဆိုးတတ်ပါတယ်။
အဆက်မပြတ်ချောင်းဆိုးပြီး ပန်းရောင်သလိပ်တွေထွက်တယ်ဆိုရင်၊
နှလုံးကကောင်းကောင်းအလုပ်မလုပ်တာပြသနေတာပါ။ဆရာဝန်အမြန်ဆုံးပြသင့်ပါတယ်။
(3)ခြေထောက်ဖောရောင်ခြင်းအဓိကတွေ့ရသောလက္ခဏာဖြစ်ပါတယ်။
နှလုံးမကောင်းခြင်းကြောင့် သွေးကြောအရည်များဟာအနားရှိ တစ်ရှူးများကို စိမ့်ဝင်သွားတာကြောင့် ဖောလာခြင်းဖြစ်ပါတယ်။
ကမ္ဘာမြေဆွဲအားကြောင့်ခြေထောက် ခြေကျင်းဝတ်တို့မှာ အဓိကဖောလာတတ်တာ ဖြစ်ပါတယ်။
(4)အစာမစားချင်ဖြစ်ခြင်း၊ပျို့ခြင်း -နှ လုံးကောင်းစွာအလုပ်မလုပ်ခြင်းကြောင် အစာချေစနစ်ကိုပါ နှောင့်နှေးစေပြီး၊
အစာအစားချင်ဖြစ်ခြင်း၊ဗိုက်နာခြင်းတို့ ဖြစ်စေပါတယ်။
(5)အလွန်စိုးရိမ်စိတ်များခြင်း – နှလုံးရောဂါသမားများဟာ အဖြစ်များပါတယ်။
စိုးရိမ်မှုလွန်ကဲခြင်းကြောင့် သွေးတိုးခြင်း၊နှလူံးခုန်နှေးခြင်းတို့ ဖြစ်စေပါတယ်။
(6)သတိလစ်မေ့မျောခြင်း – နှလုံးသွေးကြော ပိတ်ဆို့ခြင်း သို့ ကျဉ်းမြောင်းခြင်းကြေားင့် သွေးလှည့်ပတ်မှုနှောင့်နှေးပြီး နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တာကြောင့် ဖြစ်ပေါ်ပါတယ်။
အမောဖောက်ခြင်း၊အသက်ရှူမဝခြင်းနဲ့ မေ့လဲခြင်းတိုဖြစ်စေပါတယ်။
(7) အသားအရေဖြူဆုတ်ခြင်း – အတွေ့ရနည်းသော လက္ခဏာဖြစ်ပါတယ်။
နှလုံးအားနည်းခြင်းကြောင့် သွေးနီဥများ နည်းပါးလာတာကြောင့်ဖြစ်ပါတယ်။ရှော့်ခ်ရရှိနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website