ပိုက်ဆံရှိလာရင် လုံးဝ မလုပ်သင့်တဲ့ အချက်ငါးချက်

မင်းပိုက်ဆံဘယ်လောက်ရှာနိုင်လဲ ဆိုတာအရေးမကြီးပါဘူး။

တစ်နှစ်မှာ(၂၅)သိန်းလား၊ သိန်း(၁၀၀)လား၊ ဒါမှမဟုတ်သိန်း(၁၀၀၀)လား။

ဒါပေမယ့်မင်းရှာလို့ရသမျှ ပိုက်ဆံအကုန်သုံးပစ်မယ်ဆို ဆင်းရဲတဲ့သူလိုပဲ မင်းငွေတွေကထွက်နေမှာပါပဲ။

ဆင်းရဲသားတွေက ရှာသမျှငွေသုံးနေလို့မချမ်းသာလာတာ။

မင်းလည်းရှာသမျှငွေ အကုန်သုံးနေတယ်ဆိုရင်တော့ မင်းဘယ်လောက်ပဲရရ မင်းလည်းဆင်းရဲနေဦးမှာပဲ။

ဟုတ်ပြီ၊ဒီတော့ ကျနော်ပြောချင်တာက လူကြီးမင်းတို့မှာ ပိုက်ဆံရှိလာရင် မလုပ်သင့်တဲ့ အချက်ငါးချက်ပါ။

အရေးကြီးတာက မင်းပိုက်ဆံဘယ်လောက် ရှာနိုင်တာလဲမဟုတ်ဘူး။

ဘယ်လောက်စုမိနေပြီလဲဆိုတာပါပဲ။ (၁)လောင်းကစားတွေမလုပ်ပါနဲ့။

တချို့က ငွေကိုပွားချင်လို့ လောင်းကစားလုပ်ကြတယ်။ ဖဲတွေ၊ကာစီနိုတွေ‌ဆော့ကြတယ်။

တချို့ကလည်း အခုခေတ်မှာ Online ပေါ်ကလောင်းရတဲ့ Shan Koe Mee လိုလောင်းကစားတွေလုပ်ကြတယ်။

ကျနော်သိတဲ့သူတစ်ယောက်ဆိုသူ့အလုပ်က ဝင်ငွေကောင်းပေမယ့် Online မှာလောင်းကစားလုပ်ပါတယ်။

အစကရှုံးပါတယ်။ နောက်လဲမနိုင်ပါဘူး။သိန်း(၇၀)ကျော်ရှုံးသွားတယ်။

သူအတော်နောင်တရနေပုံပါပဲ။ ငါကွာရှုံးလို့နောက်တစ်ခါနိုင်မှာပဲဆိုပြီး အောရင်းနဲ့အကောင့်ထဲ ငွေကုန်မှပဲရပ်တော့တယ်ဆိုပြီး နှမြောတသသနဲ့ပြောပါတယ်။

အဲ့တော့မှတ်ထားပါအပြင်မှာကော Online မှာကောဘယ်မှာမှ လောင်းကစားမလုပ်ပါနဲ့။

မြန်မာစကားပုံတစ်ခုရှိပါတယ်။ လောင်းကစားသမားဆိုတာ နှဲသမားပါးစပ်လိုပဲ၊ ပိန်လိုက်ဖေါင်းလိုက်နဲ့တဲ့။

နောက်ပြီးလောင်းကစားလုပ်လို့နိုင်လာလို့လဲ သင်ချမ်းသာသွားမယ်မထင်ပါနဲ့။

အလွယ်တကူ ရလာတဲ့ပိုက်ဆံကို ဘယ်သူမှတန်ဖိုးမထားတတ်ကြဘူး။

မလိုအပ်တာတွေ ဖြုန်းရင်းနဲ့ပဲကုန်သွားမှာပါ။

(၂)သင်မကြိုက်တာတွေမဝယ်ပါနဲ့။ ကျနော်ပြောတာ တစ်မျိုးမထင်ပါနဲ့။

ကျနော်ကောင်းတဲ့ပစ္စည်းတွေကြိုက်တယ်။

ကျနော်ကြိုက်လို့ကျနော်ဝယ်တာ။ အဲ့အရာတွေရရင်ပဲ အဲ့အရာတွေရှိရင်ပဲ ကျနော်ပျော်တယ်။

အဲ့ကနေပျော်ရွှင်မှုရတယ်။ ဒါပေမယ့်လူအများစုက ပိုက်ဆံသုံးတဲ့အခါသူတို့ဝယ်စရာမလိုတဲ့ သူတို့မကြိုက်တာဖြစ်ရင်တောင်မှ တခြားသူတွေအထင်ကြီးဖို့အတွက်ဝယ်ကြတယ်။

ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုနည်းလို့။

သူတို့အတွက်က အထောက်ထားလိုတယ်။ သူတို့သဘောကျဖို့ထက် အခြားသူတွေအထင်ကြီးဖို့အတွက် ဝယ်လိုက်ကြတယ်။

ခင်ဗျားသဘောကျတာဝယ်ပါ။ တခြားသူတွေအတွက်မဝယ်ပါနဲ့။ ခင်ဗျားအတွက်ပဲ ခင်ဗျားဝယ်ပါ။

(၃)ဦးနှောက်ကို ပျက်စီးစေမယ့်အရာတွေမဝယ်ပါနဲ့။ သင့်ကိုကျန်းမာရေးမကောင်းအောင် လုပ်ပေးမယ့်အရာတွေပေါ့။

ဆေးလိပ်၊အရက်၊ မူးယစ်ဆေးဝါးတွေပါ။အရက်မသောက်နဲ့၊ ဆေးမချနဲ့၊ဆေးလိပ်မသောက်နဲ့။

လူမှုရေးဖိအားတွေကြောင့်ပဲ ဖြစ်ဖြစ်၊ မိုက်လို့ပဲဖြစ်ဖြစ်၊
သင့်သူငယ်ချင်းတွေ အတင်းတိုက်လို့ပဲဖြစ်ဖြစ်၊

မကောင်းတတ်လို့မိတ်ဖြစ်ဆွေဖြစ် နည်းနည်းပါးပါးသောက်တာတို့ ဘာတို့လာမပြောနဲ့။

သင်သောက်ချင်လို့ သောက်လာတာပါ။ ခင်ဗျားသောက်သင့်တယ် ထင်လို့တိုက်ကြတာပါ။

ကျနော့်မှာလည်း အရက်သောက်တဲ့မိတ်ဆွေတွေအများကြီးပါ။

အစကအတင်းတိုက်ကြပေမယ့် ကျနော်မသောက်တတ်မှန်းသိတော့ မတိုက်ကြတော့ပါဘူး။

သင့်ရဲ့ဦးနှောက်ကထက်နေရမှာ။ သင်သာအောင်မြင်ချင်တယ်ဆိုရင်ပေါ့။

ကောင်းမွန်တဲ့အချိန်တွေရဖို့ဆိုတာ အရက်သောက်ဖို့မလိုပါဘူး။

ဘဝမှာမြင့်မားတဲ့ အရာတွေကိုစွဲလန်းပါ။ ဆေး၊အရက်တို့တော့မစွဲပါစေနဲ့။

(၅)ကိုယ်မကျွမ်းကျင်တဲ့ လုပ်ငန်းမှာမရင်းနှီးပါနဲ့။ သင့်သူငယ်ချင်းပြောလို့ဆိုပြီး မရင်းနှီးသင့်ဘူး။

သူအောင်မြင်နေလို့လည်း သင်လိုက်မလုပ်သင့်ဘူး။ ဒါမှမဟုတ် အရောင်းဝန်ထမ်းတစ်ချို့ကပဲ ဖြစ်ဖြစ် ပွဲစားတွေကပဲဖြစ်ဖြစ်ပြောလို့ ရင်းနှီးမမြှပ်နှံသင့်ဘူး။

တစ်စုံတစ်ယောက်က ပိုက်ဆံအများကြီး ရှာနိုင်တာမြင်တာနဲ့ မရင်းနှီးမမြှပ်နှံသင့်ပါဘူး။

သင်နားလည်ကျွမ်းကျင်တဲ့နေရာမှာပဲ ရင်းနှီးမြှပ်နှံပါ။ သင်ဘာသိလည်း။

ကိုယ်သိတာကိုပဲလေ့လာပါ၊ရှာဖွေပါ၊ သင်ရင်းနှီးမမြှပ်နှံခင်ပေါ့။

(၅)သူငယ်ချင်းတွေကိုပိုက်ဆံမချေးပါနဲ့။ကျနော်လည်းအဲ့လို ခဏခဏဖြစ်ဖူးတယ်။

တစ်စုံတစ်ယောက်က ပိုက်ဆံအတွက်ရုန်းကန်နေရရင် အဲ့ဒီလူကရုန်းကန်နေရတဲ့ အကြောင်းပြချက် တစ်ခုရှိနေလို့ပဲ။

သူတို့ငွေရေးကြေးရေး ပြဿနာတက်နေတာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။

ဖြစ်နိုင်တာကသူတို့အမြဲ ပိုက်ဆံပြဿနာရှိနေတာပဲဖြစ်တယ်။

သူတို့မှာရှိတဲ့ အကျင့်တစ်ခုကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်သူတို့လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်အမှားတွေ ကြောင့်ပဲဖြစ်ဖြစ်ပေါ့။

အကယ်၍အရေးပေါ်ကိစ္စကြောင့် သင်သင့်မိတ်ဆွေတွေကိုကူညီလိုက်တယ်ဆိုရင် သူတို့ဆီကပိုက်ဆံပြန်ရဖို့ မမျှော်လင့်ပါနဲ့တော့။

ပြဿနာက သင်ကသင့်သူငယ်ချင်းကို ပိုက်ဆံချေးလိုက်မယ်ဆိုရင် ကျနော်လည်းအဲ့လိုဖြစ်ဖူးတယ်။

သင့်သူငယ်ချင်းကို ပိုက်ဆံချေးလိုက်တဲ့အခါသူတို့ဖက်ကပြန်မပေးနိုင်တဲ့အခါ သူတို့အပြစ်မကင်းသလိုဖြစ်ပြီး အဲ့အပြစ်တွေက သူတို့ကိုရိုက်ခတ်နေမှာပဲ။

အဲ့တော့ခင်ဗျားပိုက်ဆံလည်းဆုံးရှုံးမယ်။ သူငယ်ချင်းတစ်ယောက်လည်းမိတ်ပျက်မယ်။

ကူညီလိုက်ပါ။ သူ့ပြဿနာတွေကို ကူညီပေးလိုက်ပါ။
သူ့မှာဆေးစွဲနေရင်၊ လောင်းကစားလုပ်နေရင် ပြဿနာကိုအစကနေ ဖြေရှင်းရမယ်မဟုတ်လား။

အကယ်၍သင့်သူငယ်ချင်း အကူညီလိုနေတဲ့အရာကိုသင်သိရင် သင်ကလည်းကူညီနိုင်တယ်။

ငွေကြေးအရလည်းကူညီနိုင်တယ်ဆိုရင် သူ့ကိုဒီအတိုင်းငွေပေးလိုက်ပါ။

ဒါပေမယ့်သင့်ငွေပြန်ရဖို့တော့ မမျှော်လင့်ထားပါနဲ့။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website