အွန်လိုင်းပေါ်က ချစ်သူနဲ့ အပြင်မှာတွေ့ပြီး သက်သေဖို့ကြိုးစားတဲ့ မိန်းကလေး

အခုလိုနည်းပညာတွေတိုးတက်နေတဲ့ ၂၁ရာစုခေတ်ကြီးမှာ

အင်တာနက်တစ်ခွင်တွေ့ဆုံကြရင်း ချစ်ကြိုက်သွားတဲ့စုံတွဲတွေလည်း ရှိတတ်ကြပါတယ်။

ဒီလိုအင်တာနက်ကတစ်ဆင့်ရည်းစားထားခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ ၊

သူ့ချစ်သူကိုအပြင်မှာတွေ့ရချိန်မှာ သတ်သေရလောက်တဲ့အထိ စိတ်ပျက်သွားခဲ့ပါတယ်။

တရုတ်နိုင်ငံကအမျိုးသမီးတစ်ဦးဟာ အွန်လိုင်းပေါ်ကချစ်သူနဲ့ အပြင်မှာဆုံတွေ့ပြီးနောက် ဓါတ်ပုံထဲကနဲ့မတူဘဲ၊

ခြားနားနေတဲ့ရုပ်သွင်ကြောင့် သူအလိမ်ခံလိုက်ရပြီလို့ဆိုကာ ၊

ဟော်တယ်၇ထပ်တိုက်ပေါ်က ခုန်ချဖို့ကြံစည်ခဲ့တယ်လို့ မျက်မြင်သက်သေများကဆိုပါတယ်။

ဒါပေမဲ့ သူ့ကိုတာဝန်ရှိသူများက အချိန်မီတားနိုင်ခဲ့ပြီး၊

အိပ်ဆေးသောက်ထားတဲ့အရှိန်နဲ့ ကယောင်ကတမ်းဖြစ်နေတဲ့သူမကို ဆေးရုံခေါ်သွားခဲ့ကြတယ်လို့သိရပါတယ်။

Shwe Yaung Myanmar ( Writer – LLA )