ညဘက် အိပ်မပျော်သူများအတွက် ချက်ချင်းအိပ်ပျော်စေမည့် နည်းလမ်း (၆)ခု

ညဘက် အိပ်မပျော်သူများအတွက် ချက်ချင်းအိပ်ပျော်စေမည့် နည်းလမ်း (၆)ခု…

ခုလူအနည်းစုက အိပ်ယာဝင်တာနဲ့ အိပ်ပျော်သွား တတ်ကြ ပါတယ်။

အာရုံကြော အဖွဲ့အစည်းတွေကို အနားပေးပြီး အေးအေးဆေးဆေးနဲ့ စက္ကန့်ပိုင်းအတွင်း အိပ်ပျော် သွားနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

၁။ ခြေကိုနံရံပေါ် မြှောက်တင်နည်း…

ခါးအောက်မှာ ခေါင်းအုံးတစ်လုံးကို ထားလိုက်ပါ။

ပြီးရင်တော့ ခြေဖနောင်နဲ့ ဒူးခေါင်းကို နံရံပေါ် ဆန့်ထားလိုက်ပါ။

လက်ကိုတော့ ခန္ဓာကိုယ်နဲ့ တပြေးညီထဲ ဆန့်ထားလိုက်ပါ

ဒီပုံစံအတိုင်း ၂ မိနစ်ခန့်နေပါ။ ပြီးရင်တော့ ဒူးကိုဖြည်းဖြည်းချင်း ကွေးလိုက်ပါ။

၂။ မှောက်နည်း….

ဗိုက်အောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး မှောက်ချလိုက်ပါ။

လက်သီးဆုပ်ပြီး ကျောအထက်မှာ ဆန့်ထားပါ။ ပြီးတော့ အသက်ပြင်းပြင်းရှူပါ။

ခြေဖနောင့်က လက်ကိုထိအောင် ကွေးပါ။ ပြီးတော့ နားပြီး အသက်ပြန်ရှူပါ။

ဒီလေ့ကျင့်ခန်းကို ၅ ကြိမ်ကနေ ၁၀ ကြိမ်အထိ လုပ်နိုင်ပါတယ်။

၃။ ခြေထောက်ကို ဆန့်ကားနည်း..

ထိုင်ချလိုက်ပြီး ခြေထောက်ကို တစ်ဖက်တစ်ချပ်ဆီ ဆန့်ကားထားလိုက်ပါ။

ခေါင်းအုံးတစ်လုံးကို သင့်ရှေ့မှာထားပါ။ ခါးမတ်မတ်ထားပြီး အသက်ကို ပြင်းနိုင်သမျှ ပြင်းပြင်းရှူပါ။

ပြီလျှင်တော့ လေကိုမှုတ်ထုတ်ပြီး ခေါင်းအုံးပေါ်မှာ လှဲချလိုက်ပါ။

height=”1″ />

ဒီလေ့ကျင့်ခန်းမှာ အသက်ပြင်းပြင်းရှူခြင်းကို ၁၀ ကြိမ် ပြုလုပ်ပေးရပါမယ်။

၄။ တင်ပလ္လင်ခွေနည်း..

ကျောအောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး ခြေထောက်ကို တင်ပလ္လင်ခွေလိုက်ပါ။

လက်တွေကို ဆန့်ကားထားလိုက်ပါ။ အသက်ကိုပြင်းပြင်း ရှူသွင်းရှူထုတ်ပါ။

ဒီလေ့ကျင့်ခန်းကို ၃ မိနစ်ကြာ ပြုလုပ်နိုင်ပါတယ်။

၅။ ခေါင်းနောက်ပြန်လှည့်နည်း…

ခန္ဓာကိုယ်ကို လှဲချလိုက်ပြီး ဒူးကိုတစ်ဖက်သို့ ကွေးလိုက်ပါ။

လက်ကို ပေါင်ပေါ်တင်ပါ။ ဒီပုံစံအတိုင်း ၁ မိနစ်နေပြီး နောက်တစ်ဖက်သို့ လှည့်ပါ။ တစ်ဖက်ကို ၅ ကြိမ်စီ ပြုလုပ်နိုင်ပါတယ်။

၆။ ကျောဆန့်နည်း…

ကုတင်ပေါ်ကို လှဲချလိုက်ပါ။ ခြေတွေလက်တွေကို ပြန့်ကားလိုက်ပါ။

ကျောရိုးကို ဆန့်ထုတ်ပါ။
အသက်ဝဝရှူပြီး မှုတ်ထုတ်လိုက်ပါ။

ဒီလေ့ကျင့်ခန်းကို ၄ ကြိမ်ထိ ပြုလုပ်နိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြပါစေနော်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website