မသေခင် ကိုယ့်ကိုယ်ကို အလှဆုံးပြင်ခဲ့တဲ့ မိန်းကလေး

ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်လှလှပပဖြစ်စေချင်တာဟာ အမျိုးသမီးတိုင်းရဲ့ဆန္ဒပါ။

ဖိလစ်ပိုင်နိုင်ငံက အသက်၂၀အရွယ် မော်ဒယ်မလေးတစ်ဦးကလည်း၊

သူသေရတော့မယ်ဆိုတာသိရချိန်မှာ သေပန်းလှဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။

Racine Pregunta လို့အမည်ရတဲ့ ဖိလစ်ပိုင်နိုင်ငံက နာမည်ကြီးမော်ဒယ်လေးတစ်ဦးဟာ၊

ကံအကြောင်းမလှတာကြောင့် ငယ်ရွယ်ချိန်မှာ အရိုးကင်ဆာရောဂါ ခံစားခဲ့ရပါတယ်။

ခွဲစိတ်ကုသမှုခံယူခဲ့ပေမယ့် ရောဂါဝေဒနာပြင်းထန်လာပြီး သူ့ကိုယ်သူသေရတော့မယ်ဆိုတာ သိရချိန်မှာ၊

Racine ဟာ ညီမဖြစ်သူကို အဖြူရောင်ဂါဝန် ခေါင်းစည်းလေးတွေ ယူပေးဖို့ တောင်းဆိုခဲ့ပြီး သူသေရင် ပြင်ဆင်ဖို့အတွက် စီစဥ်ခဲ့ပါတယ်။

သူ့ရဲ့အုတ်ဂူကိုလည်း ဖခင်ရဲ့အုတ်ဂူဘေးထားဖို့ ပြောကြားသွားပြီး လှလှပပပြင်ဆင်ကာ သေခြင်းတရားကိုရင်ဆိုင်သွားတဲ့၊

မိန်းကလေးရဲ့ပုံရိပ်ဟာ လူတိုင်းကိုရင်နင့်စေခဲ့ပေမယ့်၊

မော်ဒယ်မလေးကတော့ ဘဝနေဝင်ချိန်အထိ အားလုံးကိုသူမရဲ့အလှတရားတွေ ချပြသွားခဲ့ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )