မွေးကတည်းက မျက်လုံး မပါလာတဲ့ ကလေးမလေး

ကိုယ့်ရဲ့သွေးသား ရင်သွေးငယ်လေးတွေမွေးဖွားလာချိန်ဟာ မိဘတွေအတွက်၊

ဂုဏ်ယူစရာအကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံးအချိန်ပါ။

သို့ပေမယ့် ဖိလစ်ပိုင်နိုင်ငံက လင်မယား၂ဦးကတော့၊

ကလေးငယ်လေးမွေးဖွားလာပြီးချိန်မှာ မျက်စိပါမလာတဲ့ကလေးငယ်ကိုမြင်တွေ့လိုက်ရတဲ့အတွက် ဝမ်းနည်းပတ်လက်ဖြစ်ခဲ့ရပါတယ်။

ကလေးငယ်ဟာ မွေးကတည်းက မျက်စိမပါလာခဲ့တာကြောင့် မိဘ၂ပါးမှာ ရင်ကျိုးခဲ့ရပြီး၊

ကလေးငယ်ကို ဘယ်လိုကုသပေးရမှန်းမသိတာကြောင့်လည်း ရင်နာခဲ့ရပါတယ်။

ပတ်ဝန်းကျင်ကတော့ ဝဋ်ကြွေးကြီးတဲ့ကလေးကို စွန့်ပစ်ဖို့အကြံပေးကြပေမယ့်၊

သူတို့လင်မယားကတော့ ရင်သွေးလေးကိုအတတ်နိုင်ဆုံးပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ၊

အခုဆိုရင်ကလေးလေးဟာ ၃နှစ်အရွယ်ရောက်လာပြီပဲဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )