မာလကာရွက်ကို အသုံးပြုပြီး ဆံပင်ဖြူတာတွေ နက်အောင် လုပ်နည်း

မဂ်လာပါ ပရိတ်သတ်ကြီးရေအခုပြောပြ ပေးချင်တာကတော့

ဆံပင်ဖြူ နေတာ ကိုပြန်နက်ပြီး နက်မှောင်သောဆံပင်ရဖို့နဲ့၊

ဆံပင် ပါးနေတာ တွေကို ထူလာ စေဖို့မာလကာရွက်ကို အသုံးပြုနည်း လေး အကြောင်း တင်ပြ လိုက်ပါတယ်။

ဆံပင်ဟာ လူတစ်ယောက် ရဲ့ ဒုတိယ မျက်နှာ ဖြစ်လို့ ဆံပင်ကို အင်မတန် မှ ဂရုစိုက် သင့်ပါတယ် ။

ဆိုရိုး စကား အရ မိန်းမ တို့ ဘုန်း ဆံထုံး လို့လဲ ဆိုရိုးစကား ရှိကြ ပါတယ်။

မိန်းကလေးတွေ အတွက် ဆံပင်ဟာ အလွန် အရေး ပါလှ ပါတယ် အဘယ်ကြောင့် ဆိုသော်၊

ဆံပင်ရှည် သောမိန်းကလေး က မိန်းကလေး ချင်းပင် လျှင် အားကြ ရုံသာ မက၊

ယောက်ျားလေး များကလဲ ဆံပင်ကောင်းတဲ့ မိန်းကလေး ကို နှစ်လိုဖွယ်ရှိ ကြပါတယ်။

မိန်းမ ကလေး များ သာမက ယောက်ျားလေများ ဟာလည်း ဆံပင် အုံထူဖို့ အရမ်းလိုအပ်ပါတယ် ။

ယောက်ျားလေး တစ်ယောက်ဟာ ဆံပင် ပါးပြီး ထိပ်ပျောင်နေရင်ကြည့် ရတာအဆင်မပြေ သလို ကိုယ့်ကိုယ်လည်း အားမရ ကြပါဘူး ။

အသက်မကြီးသေးပဲဆံပင် ဖြူနေတာ ကြီးကလည်း သိပ် သဘာဝမကျ ဘူးလို့ ထင်ပါတယ်။

ဒါကြောင့် မိန်းကလေး ယောက်ျားလေး နှစ်မျိုးစလုံး သုံးရတာ လွယ်ကူစေမဲ့သဘာဝ နည်းလမ်း ကောင်း တစ်လက်ကိုဖော်ပြ ရချင်း ဖြစ်ပါတယ်။

ပထမဆုံး အနေနဲ့ မိမိလိုအပ် သလောက် မလကာရွက် ကို ခူးယူပါ။

ဥပမာ အရွက်၁၅ရွက် လောက်ဖြစ်ဖြစ် ယူပါ ပြီးရင်
ကပ်ကြေးဖြင့် ညှပ်ပေးပါ အား လုံး ညှပ်ပေးပြီး ပါကမာလကာရွက် ကို အရည် ရ အောင်ပြု လုပ်ပါ ။

ဥပမာ ဖျော်စက်နဲ့ ကြိပ်တာ ဖြစ်ဖြစ် ထောင်းတာ ဖြစ်ဖြစ်ထိုသို့ ပြုလုပ်ပါ။

ထိုသို့ပြု လုပ်ပြီး ပါက ပုံမှာ ပြထားသည့် အတိုင်း အရည်ရအောင် လုပ်ပြီးပါက စစ်ခပ် လို့ရမဲ့ ဇကာ တစ်ခုဖြင့် စစ်ပါ ။

ထိုသို့ စစ်ပြီး အရည်များ ရရှိလာပါကဆံပင်သို့ လိမ်းပါ တစ်နာရီ လောက် ကြာအောင် ထားပြီး ခေါင်းကို လျော်ချ ပစ်ပါ။

ထိုသို့ တစ်ပတ်ကို သုံးကြိမ် လောက် လုပ်ပေးခြင်း အားဖြင့်ဆံပင်ဖြူ နေတာ တွေကို ပြန်နက်စေပြီးဆံပင်ကို အားဖြည့် ပေးစေ ပါတယ်။

ဆံပင် ကိုလည်းနက်မှောင် ရှည်လျှား လာ စေပါတယ်။

ဒါကြောင့်တစ်ပတ် ကို သုံးခါလောက် လုပ်ပေးဖို့ လုပ်အပ် ပါတယ်။

ထိုသို့ လုပ်ပေးခြင်း အားဖြင့် သင်ရဲ့ ဆံပင် ကို ပိုထူအုံ လာစေပြီးအားလုံးရဲ့ ဂရုစိုက်ခြင်းကို ခံရပါလိမ့်မယ် ။

ဆံပင် ရှည်နေတဲ့ မိန်းကလေးက လူတိုင်း ရဲ့ ငေးမော ခြင်း ခံရ သလိုဆံပင်သန်တဲ့ ယောက်ျားလေး ကလဲ၊

တစ်မျိုး လှနေကြတာသဘာဝပါဒါကြောင့် ဒီနည်းလေး ကိုဖော်ပြ ပေးလိုက် ရခြင်း ဖြစ်ပါတယ် ။

ခုလို ဖတ်ရှု့ပေးတဲ့ ပရိတ်သတ်ကြီး လည်း ကျန်းမာ ချမ်းသာ မှု့တွေ ကိုပိုင်ဆိုင် နိုင်ကျ ပါစေ လို့ဆုမွန်ကောင်း တောင်း ပေး လိုက် ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website