
ပန်းနာရင်ကြပ်အတွက် သဘာဝဆေးနည်း….
ချောင်းဆိုး၊ ပန်းနာရင်ကြပ်၊ ချွဲသလိပ်ရောဂါစွဲကပ်နေသူများအတွက် ၊
လက်တွေ့ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
(၁) သင်္ဘောသီးအစိမ်းတစ်လုံးကို ရေစင်အောင်ဆေး၍ အခွံမခွါပဲ ခြစ်ပါ။
၎င်းခြစ်ထားသော သင်္ဘောသီးခြစ်များကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်၊ သံပုရာသီးတို့ဖြင့် သုပ်စားပါ။
(၂) နောက်ရက်တွင် သင်္ဘောမယ်ဇလီရွက်(ပွေးကိုင်းရွက်) အရွက်နုလေးများကို ပြုတ်၍ တို့စရာအဖြစ် စားပေးပါ။
ဝမ်းနှင့်အတူ ချွဲသလိပ်များ၊ အပူများ ကျဆင်းသွားလိမ့်မည်။
(၃) ဝမ်းသွားပြီး နောက်တစ်နေ့တွင် အုန်းနဲရွက်(အစို သို့မဟုတ် အခြောက်) ကို ထန်းလျက်နှင့်ရောကြိတ်၍ ဆေးလုံးလေးများ ပြုလုပ်ထားပါပါ။
ပြီးလျှင် မနက်၊ ည တစ်လုံးစီ သောက်ပေးပါ။
ပန်းနာရင်ကြပ်ရောဂါများ ဒိဋ္ဌပျောက်ကင်းပါသည်။
လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
Credit : စောနွဲ့နေဆိုင် (ပူတာအို)