ရှေးခေတ်ကမြန်မာဘုရင်များကိုင်စွဲခဲ့သော သန်လျက်အကြောင်း သိမှတ်စရာ

သန်လျက်သန်လျက်ဆိုသည်မှာရှေးအခါက၊

မြန်မာဘုရင်များကိုင်စွဲရသောလက်နက်၊မင်းဆောင်မင်းယောင်မင်းခမ်းမင်းနားများတွင်အသုံးပြုရသောလက်နက်ဖြစ်သည်။

မင်းမြှောက်တန်ဆာငါးပါးတွင်သန်လျက်သည်တစ်ပါးအပါအဝင်ဖြစ်သည်။

မင်းခမ်းတော်များတွင်လည်းသန်လျက်ကိုလင်္ကျာမင်းခမ်းတော်အဖြစ်တွေ့ရသည်။

ထို့ကြောင့်`လင်္ကျာတော်က၊ရွှေလှော်သိင်္ဂါ၊မျက်စိမြွှာသား၊ရတနာသန်လျက်၊လျှံလက်လျှပ်လျှပ်၊သားမြီးယပ်နှင့်.စသည်ဖြင့်စပ်ဆိုခဲ့ကြသည်။

သို့သော်လည်းဘုရင်၏ခွင့်ပြုချက်ဖြင့်သူရဲကောင်းတို့ကိုင်စွဲရပုံကိုရာဇဝင်သမိုင်းတွင်တွေ့ရှိရပြန်လေသည်။

နားတောင်းများမင်း၏ယောက်ဖတော်မင်းအနန္တသူရိယသည်ဒုတိယနရပတိစည်သူလက်ထက်တော်တွင်သူရဲကောင်းရန်မန်ငထွေးအဖြစ်နှင့်ရေဝယ်ဆင်း၍ငုပ်ပြီးသော်

မင်းကြီး၏ဖောင်တော်ကိုကျောကုန်းထက်ရွက်၍ချုပ်ကိုင်သောမိချောင်းအားသန်လျက်ဖြင့်ထိုးသတ်ခဲ့ဘူးပေသည်။

နရသူမင်းလက်ထက်တွင်လည်းမိမိ၏သန့်သက်ရေမဆောင်သောကြောင့်ရွှံရှာသဖြင့်

မချဉ်းမကပ်နေသောခမည်းတော်လက်ထက်ကဆက်လာသည့်ကုလားမင်းသမီးကိုအမျက်တော်ရှိကာသန်လျက်ဖြင့်ခုတ်သတ်ခဲ့၏။

ထိုအကြောင်းကိုမင်းသမီး၏ခမည်းတော်ဝေသာလီပြည်မှကုလားမင်းကြီးကြားသိသော်

ကုလားသူရဲကောင်းရှစ်ယောက်တို့ကိုရွေး၍ပုဏ္ဏားယောင်ဆောင်စေကာပုဂံသို့စေလွှတ်သည်။

နန်းတော်သို့ရောက်လျှင်နရသူမင်းကြီးကိုမြေဇာမြက်နှင့်ခရုသင်းကမ်းဟန်ပြု၍၊

ပတ်ပတ်လည်ဝိုင်းရံကာသန်လျက် (ဓားမြှောင်)ကိုယ်စီနှင့်ထိုးခုတ်ကြပြီးမိမိတို့ကိုယ်ကိုလည်းအဆုံးစီရင်ခဲ့ကြပေသည်။

သန်လျက်ကိုထိုးရာ၌၎င်း၊ခုတ်ရာ၌၎င်းအသုံးပြုသည်။

သန်လျက်လုပ်သောသံသည်အလွန်ကောင်းမွန်ရ၏။

ရှေးကသံကောင်းကိုတစ်ဖန်ကြိုးကြာဝမ်းတွင်အကြိမ်ကြိမ်စိမ်ပြီးမှသန်လျက်ကောင်း၊ဓားကောင်းလုပ်ရသည်ဟုအဆိုရှိသည်။

ထို့ကြောင့်သန်လျက်သည်ထက်မြက်လွန်း၍ဆင်ပေါက်လည်တိုင်ကိုပင်ဖြတ်နိုင်လောက်သည်ဟုအမှတ်သညာပြုခဲ့ကြပေသည်။

သန်လျက်သည်အသွားနှစ်ဖက်ရှိသောဓားဟုဆိုခဲ့သောကြောင့်သန်လျက်နှင့်ဓားကိုပေါင်းစပ်ကာသန်လျက်ဓားဟုလည်းသုံးခဲ့ကြသည်။

အသွားနှစ်ဖက်ရှိသောသန်လျက်အစစ်ကိုသာသန်လျက်ဓားဟုခေါ်ရုံမျှမကနောင်အခါတွင်အသွားထက်မြက်သည့်ဓားကိုပင်သန်လျက်ဓားဟုတင်စားခေါ်ဝေါ်ခဲ့ကြသည်။

စာလုံးပေါင်းသတ်ပုံသန်လျက်ကို`သံလျှက်၊သန်လျက်၊သန်လျှက်ဟူ၍အမျိုးမျိုးစာလုံးပေါင်းတတ်ကြသည်။

သံလျှက်ဟုအသုံးပြုကြခြင်းမှာ`သံဖြင့်ပြုလုပ်ထားသောအပြားတစ်မျိုးဟုကောက်ယူလိုသည့်သဘောဖြင့်သုံးဟန်တူသည်။

စင်စစ်သံမဟုတ်မူဘဲသန်သာအမှန်ဖြစ်သည်။ကဝိလက္ခဏာသတ်ပုံ၌ရှင်ဥပနန်၊ပဋိဘာန်၊ထားသန်လျက်ပမာဟုပြဆိုခဲ့သည်။

တွင်းသင်းတိုက်ဝန်မဟာစည်သူ၏ဝေဿန္တရာပျို့တွင်ကိုင်ငင်စွဲလျက်၊ရွှေသန်လျှက်တည့်၊မန်လည်ဆရာတော် ၏၊

မဟာသုတကာရီ-မာဃဒေဝလင်္ကာသစ်၌ဤဓားသန်လျှက်၊ငါ့ကိုဆက်ဟု၊တုပ်လျက်နားတော်စသည်ဖြင့်လျက်နှင့်လျှက်ကိုခွဲထားစပ်ခဲ့သည်လည်းရှိ၏။

သို့သော်လည်းလျက်မှဟထိုးတိုးကာလျှက်ဖြစ်လာပုံရ၍သန်လျက်သာအမှန်ဟုယူသင့်ပေသည်။

သန်လျက်၏ရင်းမြစ်ကိုရှာလျှင်သက္ကတဘာသာစကားၐလျကကိုတွေ့နိုင်သည်။

ၐလျကသည်ပါဠိသလ္လနှင့်အနက်သဘောခြင်းတူသည်။ဖြူကောင်-ဆူး၊မြားဦးစသောအသွားထက်သည့်အရာကိုခေါ်ပေသည်။

ၐလျကမှသလျက်၊သန်လျက်ဟုဟုကြားဆက်(န်)တိုးကာပျက်ယွင်းလာသည်ဟုယူဆရသည်။

။ဟယ်လီဒေး၏မွန်-အင်္ဂလိပ်အဘိဓာန်တွင်atwoedgedswordordagger(အသွားနှစ်ဖက်ရှိသောဓား)ဟုအနက်ဖွင့်ဆိုထားသည်။

မြန်မာတွင်လည်းရ-ကောက်နှင့်လတို့ပြောင်းလဲနိုင်သည့်အလျောက်သန်လျက်ဟုအသုံးပြုခဲ့ကြခြင်းဖြစ်ပေသည်။

သန်လျက်သည်အသွားနှစ်ဖက်ရှိသည့်အလျောက်၊သန်လျက်ဦး၊သန်လျက်စွန်းသည်နှစ်ဖက်ညီစွာချွန်၍သွားသည်။

သို့ဖြစ်၍နှစ်ဖက်ညီစွာချွန်ထွက်နေသည့်ရတနာပူရအင်းဝမြေအခုံကိုသန်လျက်ခုံ၊သန်လျက်စွန်းဟုတင်စားသုံးနှုန်းခဲ့ကြပေသည်။

ရန်ကုန်မြို့ဗိုလ်တထောင်တွင်လည်းရန်ကုန်မြစ်နှင့်ပုဇွန်တောင်ချောင်းဆုံရာအစွန်းကိုသန်လျက်စွန်းဟုအမည်တွင်လေသည်။

သန်လျက်ဟူသည်ကားလက်နက်အထူးတည်း။

သန်လျက်၂မျိုးရှိသည်။တစ်ဖက်သာအသွားရှိသောဧကတောဓာရသန်လျက်နှင့်နှစ်ဖက်သွားရှိသောဥဘတောဓာရသန်လျက်ဟူ၍၊

လည်းကောင်း၊ဦးဖျားစဉ်းငယ်ညွတ်သောဤသာဂ္ဂသန်လျက်နှင့်ဦးဖျားမညွတ်ဘဲအစဉ်အတိုင်းဦးဖျားသေးသောဥဇုဂ္ဂသန်လျက်ဟူ၍လည်းကောင်းနှစ်မျိုးခွဲကြသည်။

သန်လျက်၏အသွားအလျားပမာဏသည်သုံးဆယ့်သုံးသစ်၊အချိန်ပမာဏသည်သုံးဆယ့်သုံးပိုလ်ဟူ၍သေနကဇာတ်၊ပဉ္စာဝုဓဇာတ်တို့၌လာသည်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website