ခဏခဏ မေ့တတ်နေရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

ငယ်ငယ်ကလောက် ဉာဏ်မကောင်းတော့ဘဲ မေ့တတ်လာတယ်ဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့။

ဦးနှောက်ကလည်း ဓားလိုပဲ သွေးလေ ထွက်လေဆိုတာကို အကုန်သိပြီးကြမှာပါ။

ဒီတော့ မှတ်ဉာဏ်တွေ ကောင်းဖို့အတွက် ဦးနှောက်အတွက် လေ့ကျင့်ခန်းအချို့ လုပ်ပေးရင် အကောင်းဆုံးပါပဲ။

ဒီနည်းလမ်းအချို့ကတော့ …

(၁) တရားထိုင်ပါ ….

တရားထိုင်တာက စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီး အလုပ်လုပ်တဲ့အာရုံတွေကို အနားပေးခြင်း တစ်မျိုး ဖြစ်ပါတယ်။

တရားထိုင်ခြင်းကြောင့် စိတ်ကို ပိုတည်ငြိမ်စေပြီး
အာရုံစူးစိုက်မှုအားတွေ ပိုကောင်းလာစေပါတယ်။

မှတ်ဉာဏ်စွမ်းရည်ကို မြင့်စေတာမို့ ပုံမှန်လေး ထိုင်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။

(၂) စာအုပ်မှာ ရေးမှတ်ပါ …

နှစ်ထပ်ရှိမှ မှတ်မိတယ်ဆိုတာ ပြောလေ့ ရှိကြတယ်မလား။

အဲ့သည့်နည်းကလည်း တကယ်အသုံးဝင်တယ်နော်။

လွယ်လွယ်မှတ်လိုက် မေ့လိုက် ဖြစ်နေတာမျိုးတွေကို လျော့သွားစေချင်ရင်မှတ်ချင်တဲ့အရာတွေကို ခေါင်းထဲမှာ မှတ်သလို၊

မှတ်စုထဲမှာသာ ရေးမှတ်လိုက်ရင် ပြန်စဉ်းစားတဲ့အခါ မှတ်စု လှန်စရာမလိုဘဲ မှတ်မိနေမှာပါနော်။

မေ့နေရင်လည်း လှန်ကြည့်လိုက်ရုံပါပဲနော်။

(၃) အိပ်ချိန် ထချိန် မှန်ပါစေ – အိပ်သင့်တဲ့အချိန်မှာ အိပ်ခြင်းကလည်း ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုကောင်းမွန်စေပါတယ်။

ညဘက် လူတွေ အိပ်မောကျ အနားယူတဲ့အချိန်မှာ ဦးနှောက်က လုပ်ငန်းတွေ အလုပ်လုပ်ပြီး

မှတ်ဉာဏ်တွေကို မှတ်သင့်တာမှတ် ဖျက်သင့်တာ ဖျက်ပြီး ဦးနှောက် စွမ်းဆောင်ရည်ကောင်းအောင် ပြုလုပ်ပေးပါတယ်။

ဒီတော့ ဦးနှောက်ရဲ့ အလုပ်တွေကို ညဘက်တွေ မအိပ်ဘဲ သွားအနှောင့်အယှက်ပေးရင်တော့ မှတ်ဉာဏ်ကောင်းဖို့ ဝေးသွားမှာပါနော်။

(၄) လေ့လာမှုတွေ နားမထားပါနဲ့ …

ပုံမှန်လေး အလုပ်မလုပ်ဖြစ်တာနဲ့ ပစ္စည်းတွေ စွမ်းဆောင်ရည်လျော့သလို ဦးနှောက်လည်း လျော့ပါတယ်။

ဒါကြောင့် ဦးနှောက် မသုံးဘဲ နားနားနေနေ နေတာမျိုးက အရမ်း အန္တရာယ်များပါတယ်။

အနည်းဆုံးတော့ စာအုပ်တွေ ဖတ်ပြီး အကြောင်းအရာတွေ ဖတ်တာကလည်း မှတ်ဉာဏ်အားနည်းတာအတွက် အသုံးဝင်တဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ။

(၅) စိတ်ဖိစီးမှုတွေ လျှော့ချပါ …

စိတ်ဖိစီးတဲ့အခါတွေမှာ ဦးနှောက်တွေက ခံစားချက်တွေနဲ့ ရောထွေးပြီး ပုံမှန် အလုပ်မလုပ်တတ်ပါဘူး။

ဒါကြောင့် စိတ်ဖိစီးမှုတွေ နည်းနိုင်သမျှ နိုင်အောင် လုပ်ပြီး ၊

မှတ်ဉာဏ်စွမ်းရည်တွေကို မထိခိုက်အောင် သတိထား ဆင်ခြင်တာက အကောင်းဆုံး ဖြစ်နေပါတယ်နော်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website