ကိုယ်ဝန်ဆောင်ထားပေမယ့် တောင်တွေဖြတ်ကျော်ပြီး စာသင်နေတဲ့ ဆရာမလေး

ဝေးလံခေါင်ဖျားတဲ့နေရာဒေသတွေက ကျောင်းသူကျောင်းသားတွေအတွက် ၊

ပညာရေးဆိုတာ သိပ်ကိုအလှမ်းဝေးလှပါတယ်

ဖိလစ်ပိုင်နိုင်ငံက ဆရာမလေးတစ်ဦးကတော့၊

ဒီလိုဝေးလံခေါင်ဖျားတဲ့ တောတောင်ဘက်မှာနေရတဲ့ ကျောင်းသားတွေကို စာတတ်စေချင်တာကြောင့်၊

ကိုယ်ဝန်ဆောင်ထားရပေမယ့် နေ့စဥ်သွားရောက်စာသင်ကြားပေးတယ်လို့သိရပါတယ်။

သွားရေးလာရေးခက်ခဲတဲ့ တောင်ပေါ်က မူလတန်းကျောင်းမှာတာဝန်ကျတဲ့၊

အသက်၂၈ နှစ်အရွယ် ဆရာမလေးဟာ ကိုယ်ဝန်ဆောင်ကာလမှာတောင်၊

ကျောင်းကိုမပျက်မကွက်တက်ကာ ကလေးတွေကိုပညာသင်ပေးခဲ့ပါတယ်။

သူသွားရောက်ပညာသင်ပေးရတဲ့ကျောင်းဟာ အန္တရာယ်များတဲ့ ကျောက်ဆောင်တွေကြားကိုဖြတ်ပြီး ၊

၂နာရီအကြာသွားမှသာ ကျောက်တောင်တွေအလယ်က ကျောင်းကို ရောက်ရှိနိုင်တာဖြစ်ပါတယ်။

ကျောင်းရှိရာနေရာသို့ ကျောင်းသားတွေရော ဆရာမတွေပါ ခက်ခက်ခဲခဲသွားရောက်ကြရပေမယ့်၊

အစိုးရဘက်ကတော့ အသက်ကယ်အကျီတောင်းခံထားတဲ့ကိစ္စကိုတောင် တုံ့ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

ဘယ်လိုပဲအခက်အခဲတွေကြုံကြုံ ဆရာမလေးကတော့ ဗိုက်တလုံးနဲ့ လမ်းကြမ်းကိုဖြတ်ကာ၊

ကျောင်းကိုမှန်မှန်တက်နေပြီး တပည့်တွေအပေါ် မေတ္တာအပြည့်နဲ့ ပညာသင်ပးနေဆဲဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )