ထောပတ်စေ့ ရှိရင် စမ်းကြည့်နော်

ထောပတ်စေ့ ရှိရင် စမ်းကြည့်နော်မျက်နှာမှာရှိတဲ့၊

ဝက်ခြံအဆီအဖုတွေ ပျောက်စေမယ့်ကိုယ်တိုင်သုံးနေတဲ့ ထောပတ်စေ့ ဆေးနည်းလေး မျှဝေပေးလိုက်ပါတယ်နော်။

မနေ့ က ကိုယ့်အကိုတစ်ယောက်နဲ့ video callပြောရင်း ဒီပို့စ်လေးရေးဖို့စိတ်ကူးရတယ်ဆိုပါတော့၊

ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်။

ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ။

ထောပတ်စေ့အကြောင်းလေးမပြောခင် ကိုယ့်အကြောင်းကို အရင်ပြောပါစေ။

ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ။

ရန်ကုန်ရောက်ပြီး၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့၊

Bellaပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း၂ကြိမ်ရယ်ပါ။

ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာအဆင်ပြေလို့ပါ။

ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့၊

အခါနဲ့စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ် ။

သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်း ညဘက်အိမ်ပြန်ရောက်တဲ့အခါ

ရေချိုးပြီးတာနဲ့အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ ။

ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ် ။

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါ၊

အတွင်းသားလေးတွေယူလိုက်ရင် အထဲကအစေ့လေးကျန်ပါမယ် ။

လူအများစုက ဒီထောပတ်စေ့တွေကို ဘယ်ဈေးကြီးတဲ့ Cosmetics မှဝယ်သုံးစရာမလိုပဲ၊

ကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်။

အဲဒီအစေ့ကို မလွင့်ပစ်ပဲ အရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကို စင်အောင်ရေဆေးပေးရပါတယ်။

ပြီးရင်သူ့ကိုနေလှမ်းထားလိုက်ပါ ။၂ရက်လောက်လှမ်းထားပြီးရင်၊

ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါ ဖယ်ပစ်လိုက်ပါ ။

ဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပြီး၊

သံချေးရောင်ထပြီး အရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ။

၃ပတ်နဲ့ ၄ပတ်ဝန်းကျင်လောက်လှမ်းရမယ်ထင်တယ်။

တခါတလေ အပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့ အတွင်းအစိုဓာတ်မကုန်သေးရင် လိမ်းလို့မရသေးပါဘူး။

လုံးဝခြောက်သွားပြီဆိုရင် တော့ ညတိုင်းအိပ်ခါနီးတိုင်း ခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီ။

သူ့မှာ သနပ်ခါးနဲ့တူတာတခုက ကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါ အတွင်းခေါက်ထက်ပိုပြီး၊

ဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲ သူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက် အသားကိုပိုချောပြီးဝင်းပြောင်စေတယ်။

ကိုယ်တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာ အဖုလေးတွေထွက်ရင်၊

အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။

ယုံမလားတော့မသိဘူး ။အရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။

ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့ တခါတလေအဆီဖုလေးတွေ ထွက်တတ်ပါတယ်။

ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့ မျက်နှာကို တခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး။

ကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထောပတ်စေ့ပဲသွေးလိမ်းပါတယ်။

ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီး ခရီးသွားလို့ အသားအရည်အရမ်းပျက်စီးတဲ့အခါ အပြင်သားတွေချည်းသွေးလိမ်းပါတယ်။

လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့ သိသိသာသာပြောင်းလဲတာပါ။

အသိအမတယောက်ကို သူ့မျက်နှာမှာ တင်းတိပ်တွေတွေ့လို့ကိုယ်ညွှန်းလိုက်တော့အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ်။

အကိုတယောက်ကတော့ ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်။

ကိုယ့်ရဲ့ ကိုယ်တွေ့ကတော့ အဆီဖုလေးတွေ လုံးဝပျောက်သွားတယ်။

နောက်တခုက နေ့တိုင်းလိမ်းပါများလာရင် အသားအရည်လေးတွေတင်းပြီး ၊

ပါးလေးတွေ ဝင်းဝင်းပြောင်ပြောင်လေးဖြစ်လာတယ်အသားအရည်လေးကြည်ပြီး ၊

ဘာမှလိမ်းမထားရင်တောင် အလိုလိုကြည့်ကောင်းနေတာရယ်။

တခြားသဘာဝပစ္စည်းတွေလဲလိုင်းပေါ်မှာ မကြာခဏတွေ့ပေမဲ့၊

ဒီတခုကတော့ ကိုယ့်ကိုယ်တွေ့မို့ကိုယ့်အကိုအမတွေကို ခုလိုပိုက်ဆံအကုန်အကျသက်သာပြီး ၊

ဘာside effectမှမရှိပဲ သဘာဝအသီးတွေနဲ့ လှရအောင်ထောပတ်စေ့လေးကို စမ်းလိမ်း ကြည့်ပါလို့အကြံပြုပါရစေနော်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website