အတန်းထဲက သူငယ်ချင်းတွေကို ကော်ဖီရောင်းလို့ရတဲ့ ငွေနဲ့ ပညာသင်သူ

ကျောင်းနေစဥ်ကလေးဘဝအရွယ်မှာ ကလေးတော်တော်များများဟာ၊

ငါတို့ကြီးလာရင် မိဘတွေကိုတစ်လှည့်ပြန်လုပ်ကျွေးမယ်လို့သာ တွေးမိကြမှာပါ။

ဖိလစ်ပိုင်နိုင်ငံက ကျောင်းသားလေးတစ်ဦးကတော့ ၊

ကြီးပြင်းတဲ့ထိအောင်မစောင့်ဘဲ ကျောင်းနေစဥ်အရွယ်မှာပဲ ၊

မိဘများဝန်ပေါ့အောင် ကိုယ့်အသုံးစရိတ်ကိုယ်ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။

Paolo Gulapa လို့အမည်ရတဲ့ ဖိလစ်ပိုင်နိုင်ငံက အထက်တန်းကျောင်းသားလေးဟာ ၊

သူ့အတန်းရှေ့မှာ ကော်ဖီရနိုင်ကြောင်း ဆိုင်းဘုတ်လေးတပ်ပြီး ၊

ကျောင်းအားချိန်လေးတွေမှာ ကော်ဖီရောင်းကာ ငွေရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာ ရေနွေးအိုးလေးတည်ပြီး တစ်ခါသုံးခွက်လေးတွေထဲကော်ဖီထည့်ကာ ၊

အတန်းဖော်တွေကိုရောင်းချခြင်းဖြင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလေးလုပ်ဆောင်နေတာပါ။

သူဟာ ဒီဝင်ငွေလေးကတစ်ဆင့် ကိုယ့်အသုံးစရိတ်ကိုယ်ရှာရာကနေ မိဘတွေကိုထောက်ပံ့ဖို့ ဆုံးဖြတ်ထားကြောင်းသိရပါတယ်။

သိပ်ကိုလေးစားအတုယူဖွယ်ရာ စိတ်ဓါတ်လေးကိုပိုင်ဆိုင်ထားတာပါပဲနော်

Shwe Yaung Myanmar ( Writer – LLA )