
လူသားတွေကိုကယ်တင်ပြီး လိုအပ်တဲ့နေရာတွေမှာကူညီချင်တဲ့စိတ်ထားပိုင်ရှင်တွေဟာ၊
မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင်တွေလို့ဆိုရမှာပါ။
ဒါပေမဲ့ ဒီလိုအလုပ်မျိုးကိုတော့ အရွယ်ရောက်တဲ့လူတွေမှ လုပ်နိုင်မယ်လို့ လူတိုင်းထင်ထားကြမှာပါ။
Nakhon Ratchasima လို့နာမည်ရတဲ့ ၆နှစ်အရွယ်ကောင်မလေးကတော့၊
ဆော့ကစားရတာတွေထက် သူများအသက်ကိုကယ်တင်ရတဲ့အလုပ်ကို ပိုစိတ်ဝင်စားတာကြောင့် ၊
မိခင်ဖခင်တွေနဲ့အတူ ပရဟိလုပ်ငန်းတွေကို လိုက်ပါဆောင်ရွက်တယ်လို့သိရပါတယ်။
ဖခင်ဖြစ်သူဟာ လူနာတင်ယာဥ်မောင်းသူဖြစ်ပြီး မိခင်ကလည်းသူနာပြုဖြစ်တာကြောင့် ၊
မိခင်ဖခင်တို့ရဲ့လုပ်ငန်းခွင်မှာ လူနာတွေ သေဆုံးသူတွေ အကူအညီလိုအပ်သူတွေကို မြင်နေကျရှိတဲ့ ၊
Nak လေးဟာ သူများကိုကူညီချင်တဲ့စိတ်များ ဖြစ်ပေါ်လာခဲ့ပြီး ၊
မိဘတွေပရဟိတလုပ်ချိန်တွေမှာ တတ်စွမ်းသလောက်ပါဝင်ကူညီနေတာပဲဖြစ်ပါတယ်။
သူဟာ လူသေအလောင်းတွေကိုလည်း မရေမတွက်နိုင်အောင် မြင်ဖူးထားတာကြောင့် ၊
သူ့စိတ်ထဲမှာကြောက်စိတ်မရှိတော့ဘဲ အလောင်းတွေကိုစီမံတဲ့နေရာမှာတောင်၊
စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။
Shwe Yaung Myanmar ( Writer – LLA )