
ကိုယ့်ချစ်သူဆီက အမြတ်တနိုးနဲ့လက်ထပ်ခွင့်တောင်းခံချင်ကြတာ မိန်းကလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။
Laura Stampler ဆိုတဲ့စာရေးဆရာမတစ်ဦးကတော့ ၊
ကံကောင်းစွာနဲ့ ချစ်သူဆီကနေ ဆန်းဆန်းပြားပြားလက်ထပ်ခွင့်တောင်းခံခဲ့ရပါတယ်။
Laura ရဲ့ ချစ်သူကောင်လေးဖြစ်တဲ့ Maurice Goldstein ဟာ ဟော်လီဝုတောင်ကုန်းမှာ ၊
နှင်းဆီပွင့်ချပ်တွေနဲ့ ဖြန့်ကြဲပြီး ခွေး၁၆ကောင်နဲ့အတူ ထိုတောင်ကုန်းထက်မှာပဲ Laura ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
ဒါ့အပြင်ကို လက်ထပ်ခွင့်တောင်းခံစဥ်မှာ အဆိုတော်များကလည်း ၊
“Kiss The Girl” ဆိုတဲ့သီချင်းကိုသီဆိုပေးနေကြပြီး သိပ်ကိုရိုမန့်တစ်ဆန်ခဲ့တာပါ။
ရိုဆန်တဲ့မြင်ကွင်းလေးနဲ့ ချစ်ကြည်နူးနေကြတဲ့စုံတွဲကိုတော့ Stampler ရဲ့၊
သူငယ်ချင်းဖြစ်သူ Rebecca Yale က အမှတ်တရဓါတ်ပုံရိုက်ကူးပေးထားပြီး သူတို့တရားဝင်မွေးစားလိုက်တဲ့ခွေးကြီးတွေနဲ့ ၊
ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။
Shwe Yaung Myanmar ( Writer – LLA )