ရည်းစားနဲ့ ဖုန်း​ပြောနေရင်း ဒုက္ခရောက်သွားတဲ့ မိန်းကလေး

လူတိုင်းကိုယ်စီ ဖုန်းကိုင်နိုင်တဲ့ယနေ့ခေတ်ကာလမှာ ဖုန်းကင်မရာနဲ့အလွယ်တကူရိုက်ကူးမှတ်တမ်းတင်နိုင်တာကြောင့် ၊

ထူးဆန်းတဲ့ဖြစ်ရပ်ပဲဖြစ်ဖြစ် ဟာသဖြစ်ရပ်လေးတွေပဲဖြစ်ဖြစ် ၊

အင်တာနက်တစ်ခွင်မှာ စုံစုံလင်လင် သိရှိနိုင်ပြီဖြစ်ပါတယ်။

အခုတစ်ခေါက်လည်း ထိုင်းနိုင်ငံကအသက်၂၀အရွယ်မိန်းကလေးတစ်ဦးဟာ ရည်းစားနဲ့ဖုန်းပြောရင်း စျာန်ဝင်သွားတာကြောင့်၊

ရေမြောင်းပေါက်ကိုတောင်မမြင်နိုင်တော့ဘဲ အပေါက်ကျွံပြီး ၊

ဒုက္ခရောက်ရပုံလေးကို ဒီဓါတ်ပုံလေးတွေကတစ်ဆင့် မြင်တွေ့ရမှာဖြစ်ပါတယ်။

ထိုမိန်းကလေးရဲ့ ခြေထောက်ဟာ ရေမြောင်းဖုံးထဲကျသွားတာကြောင့်၊

ဘေးနားကလူများထိတ်လန့်သွားခဲ့ပြီး ဆွဲထုတ်ပေးခဲ့ကြပေမယ့် ဆွဲထုတ်လို့မရခဲ့ပါဘူး။

ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့ပေါ်မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပေမယ့် ကာယကံရှင်မိန်းကလေးကတော့ ပြုံးစိစိနဲ့ပါပဲ။

နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးအဖွဲ့ရဲ့အကူအညီကိုရမှ အဆင်ပြေသွားခဲ့ပါတယ်။

ဒါကြောင့် ဖုန်းပြောတဲ့နေရာမှာ စျာန်ဝင်တစားနဲ့ မိုးမမြင်လေမမြင်ပြောမိချိန်တွေဆို၊

ခဏသတိကပ်ပြီး အန္တရာယ်ရှိတဲ့နေရာကို သတိတရနဲ့ ရှောင်ဖို့မမေ့ပါနဲ့နော်။

Shwe Yaung Myanmar ( Writer – LLA )