မြေကြီးက ရွှေသီးတယ်ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေတကယ် ထွက်တဲ့ သစ်ပင်

သိပ္ပံပညာရှင်တွေကရွှေကြောရှာဖွေရင်းနဲ့ရွှေတွေသီးနေတယ်လို့ဆိုလို့ရတဲ့ယူကလစ်သစ်ပင်တွေကိုမတော်တဆတွေ့ရှိခဲ့ပါတယ်။

ဒီအပင်တွေကိုဘယ်လိုအသုံးချကြမလဲ။ပုံပြင်ထဲမှာတော့ကိုယ်လိုချင်တဲ့ပစ္စည်းတွေကိုအပင်တွေဆီကခူးယူကြတာကြားဖူးကြမှာပါ။

ရှေးတုန်းကလဲပစ္စည်းတွေသီးတဲ့ပဒေသာပင်ဆိုတာရှိခဲ့တယ်လို့လူကြီးတွေကပြောဖူးကြပါတယ်။

ကဲအခုကတော့ပစ္စည်းတွေသီးတဲ့အပင်တွေအကြောင်းတော့မဟုတ်ပေမယ့်ရွှေထွက်တဲ့သစ်ပင်တွေအကြောင်းပြောပြမှာပါ။

ရွှေထွက်တဲ့သစ်ပင်တွေတွေ့တဲ့နေရာကတော့ခြောက်သွေ့တဲ့ဒေသဖြစလဲ Goldfields-Esperance ဒေသဖြစ်ပြီးသြစတြေးလျတိုက်အနောက်ဘက် မှာရှိတာပါ။

မူလကတော့ရှာဖွေသူတွေဟာဒီရွှေထွက်တဲ့မြေအောက်မှာဘာရှိသလဲဆိုတာလောက်ပဲရှာဖွေဖို့ရည်ရွယ်ခဲ့ပေမယ့်တကယ်ရွှေတွေတော့မြေကြီးထဲမှာမဟုတ်ဘဲယူကလစ်သစ်ပင်တွေမှာသွားတွေ့ပါတယ်။

အဲဒီသစ်ပင်တွေဟာအကိုင်းအလက်ချိုးခံရပေမယ့်လဲမူလအတိုင်းပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့အပင်တွေဖြစ်ပြီး၊

အမြစ်တွေဟာလည်းမြေအောက်ဘက်ကိုလျှိုတိုးနိုင်စွမ်းကောင်းတာကြောင့်ရေသောက် မြစ်တွေကဘယ်လိုမြေအောက်ရေကိုအသုံးချပြီးအပင်တွေကိုရှင်သန်စေသလဲဆိုတာတောင်ရှာရခက်ပါတယ်။

ဒီမှာမေးစရာရှိတာကမြေကြီးအောက်ကရွှေတွေဟာသစ်ပင်ကနေဘာကြောင့်ထွက်သလဲဆိုတာပါပဲ။

တကယ်တော့ယူကလစ်သစ်ပင်တွေရဲ့အမြစ်ဟာရှည်လျားလွန်းတာကြောင့်ရွှေတွေရှိတဲ့မြေလွှာထဲအထိရောက်ရှိနိုင်ပါတယ်။

သစ်ပင်တွေဟာဓာတ်ပစ္စည်းတွေကိုမြေအောက်ကနေသယ်ဆောင်နိုင်စွမ်းရှိတာ
မဆန်းပေမယ့်။

မူလအားဖြင့်ရွှေဆိုတဲ့သတ္တုဟာအပင်တွေရဲ့အဆိပ်ဖြစ်တာကြောင့်ဒီအပင်တွေကတော့အထူးအဆန်းလိုဖြစ်နေပါတယ်။

ရွှေရှိတဲ့မြေလွှာထဲရောက်နေတဲ့အမြစ်တွေကရွှေအပိုင်းအစတွေကိုစုပ်ယူပြီးနောက်အန္တရာယ်ရှိတဲ့ဓာတ်ပေါင်းစည်းမှုတွေမဖြစ်ဖို့အပေါ်ဆုံးအဖျားမှာရှိတဲ့အရွက်တွေဆီပို့ပေးလိုက်ပါတယ်။

ဒီဖြစ်စဉ်ကိုရှာဖွေတွေ့ရှိသူတွေကအစကမယုံကြသေးပါဘူး။ဖန်လုံအိမ်ထဲမှာလည်းအဲဒီအပင်တွေရွှေတွေကိုသယ်ဆောင်နိုင်စွမ်းရှိ၊မရှိစမ်းသပ်ခဲ့ကြရာမှာအမှန်ဖြစ်တယ်ဆိုတာလေ့လာတွေ့ရှိခဲ့ကြပါတယ်။

အဲဒီEucalyptusအပင်တွေကရွှေထွက်ပေမယ့်များပြားလှတာမဟုတ်ပါဘူး။အမှုန်အမွှားလောက်ဖြစ်ဟန်တူပါတယ်။

ဘာကြောင့်လည်းဆိုတော့အဲလိုရွှေထွက်တဲ့အပင်ပေါင်း၅၀၀လောက်ပေါင်းမှလက်ထပ်လက်စွပ်တစ်ကွင်းစာလုပ်ဖို့လုံလောက်တဲ့ရွှေသာရနိုင်လောက်လို့ပါပဲတဲ့။

အဲဒီတော့ဒီအပင်တွေဟာရွှေထွက်ရာမှာအသုံးမဝင်ရင်ဘယ်မှာသုံးကြပါမလဲ။ရွှေထုတ်တဲ့နေရာမှသုံးကြပါတယ်တဲ့။

အပင်တွေစိုက်ပြီးရွှေရှိ၊မရှိစမ်းသပ်လို့ရတာကြောင့်ရွှေကြောတွေကိုပေါက်တူးပေါက်ပြီးရှာစရာမလိုတော့ပါဘူး။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website