ထူးခြားတဲ့ ဆံပင်ကြောင့် လူသိများလာတဲ့ ကလေး

ဂျပန်နိုင်ငံက ကလေးငယ်လေးတစ်ဦးဟာသူ့ရဲ့ နက်မှောင်သန်မာလှတဲ့၊

ဆံပင်တွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မော်ဒယ်အဖြစ် ကမ်းလှမ်းခံရပါတယ်။

ကလေးငယ်ဟာ ငယ်စဥ်ကတည်းက သာမန်ကလေးငယ်တွေလို ဆံပင်ပါးပါးလေးပဲပေါက်လာတာမဟုတ်ဘဲ ၊

မွေးကင်းစအရွယ်ကတည်းက သာမန်တဲ့ဆံပင်တွေကို ပိုင်ဆိုင်ခဲ့သူပါ။

ကလေးငယ်ရဲ့ထူးခြားတဲ့ဆံပင်တွေကို မိခင်ကလည်း ပိုမိုသန်မာအောင် ဂရုတစိုက်ပြုစုပေးပြီး၊

ဆံကေသာအလှကို ဆိုရှယ်မီဒီယာမှာ ဓါတ်ပုံလေးတွေတင်ကာ မျှဝေပေးလျက်ရှိပါတယ်။

ဒီလိုနဲ့ ကလေးငယ်ဟာ အင်တာနက်သုံးစွဲသူတို့ရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး

အခုဆိုရင် ကြော်ငြာမော်ဒယ်အဖြစ်တောင် ကမ်းလှမ်းခံနေရပြီဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )