
သေနေ့မစေ့သေးသောနေ့(သို့မဟုတ်) သေကံမပါသေးသော … ည
စာဖတ်သူတို့အတွက် စေတနာနဲ့ တင်ပေးလိုက်ပီနော် သေနေ့မစေ့သေးသောနေ့(သို့မဟုတ်)သေကံမပါသေးသော ည…
အိမ်ကိုညနေခြောက်နာရီခွဲလောက်မှ ပြန်ရောက်တော့ အမျိုးသားက ညစာစားဖို့ဟင်းနွှေး ဘာညာ သူပြင်လိုက်မယ်ဆိုပီး အောက်ထပ်မှာ ပြင်ဆင်နေခဲ့တယ်။
ကျမတို့အိမ်က အပေါ်ထပ်နဲ့ အောက်ထပ် အတော်လေးအော်ပြောမှ ကြားနိုင်တာပါ….
သမီးလေးနဲ့ ကျမ အိမ်အပေါ်တက်လာခဲ့ပီး ကျမလုပ်စရာလေးရှိလို့သမီးလေးကို တီဗီ ဖွင့်ပေးပြီးလုပ်စရာရှိတာလေးလုပ်နေခဲ့ပါတယ်။
သမီးလေးကတော့ အိပ်ရာပေါ်မှာ ဆော့ရင်းကစားရင်း သူစိတ်ဝင်စားတဲ့သီချင်းလေးတွေလာရင် တီဗီငေးရင်းပေါ့….
သမီးလေးက အိပ်ရင် ဟိုကျော်ဒီခွအိပ်တတ်လို့ကုတင်ကိုဖြုတ်ပီး သံမံတလင်းမှာ ဖယောင်းပုဆိုးခင်းပီး မွေ့ယာခင်းပီး ကျမတို့အိပ်ကြပါတယ်။
အိပ်ယာတစ်နေရာထဲ အခင်းရှိပါတယ်…ကျန်တဲ့အပေါ်ထပ်တစ်ထပ်လုံး ဖယောင်းပုဆိုးခင်းထားတာပါ….
ကျမတို့အိပ်ယာရဲ့ ခေါင်းရင်းမှာ မီးပလပ်ပေါက်ရှိပါတယ်…
အဲ့မီးပလပ်ပေါက်ကနေ ဘုတ်ခုံ(extension)ကြိူးခွေချပီး အမျိုးသားရဲ့ ဖုန်းကိုအားသွင်းထားပါတယ်။
ကျမ လုပ်စရာရှိတာလေးတွေလက်စသတ်ပီး သမီးလေးနားထိုင်ရင်း ဘုတ်ခုံမှာ ကျမဖုန်းကို ထပ်အားသွင်းလိုက်ပါတယ်…
.သမီးလေးက လှည့်ကြည့်ပီးမြင်သွားတော့….ဂိမ်း…ဂိမ်းဆိုပီး သူ့အဖေ ဖုန်းကိုလှမ်းဆွဲပါတယ်။
အဲ့ဒီအချိန်မှာ ဖျစ်…ဖျစ်..ဖျစ် ဆိုပီး ညှော်နံတွေ မီးခိုးတွေ အများကြီးထွက်လာပါတယ်။
ကျမလဲ ဖုန်းနှစ်လုံးကို ဆွဲဖြုတ်ပီး….သမီးနဲ့ဝေးရာကို ပစ်ထုတ်လိုက်ပီး သမီးကို ခြင်ထောင်အပြင်ကို ဆွဲထုတ်လိုက်ပါတယ် ။
ပြန်လှမ်းကြည့်လိုက်တော့ ရွက်ဖျင်တဲခြင်ထောင်တစ်ခုလုံး မီးခိုးတွေနဲ့ ပြည့်နေပါတယ် အထဲကို မမြင်ရတော့ပါဘူး။
ယောက်ကျားရေ ယောက်ကျားရေ…..အသကုန်အော်ပီး …..သမီးရေ…နောက်ဆုတ် နောက်ဆုတ် ဆိုပီးအော်တော့၊
သမီးလေးက ခြင်ထောင်ခြေရင်းနား ခပ်ခွာခွာလေးရပ်ပီး ကျမကို ကြည့်နေပါတယ်။
မီးပလပ်ပေါက်ကနေ ဘုတ်ခုံကြိုးကိုအလောတကြီးဆွဲဖြုတ်လိုက်တော့ ဖုန်းးဆိုပီး ကျမ ဖင်ထိုင်ရက်ကျသွားပါတယ်။
မီးပလပ်ကြိုးလဲ ကျမလက်ထဲပါလာပါတယ်။
ကျမဖင်ထိုင်လဲအကျ အမျိုးသားက လှေကားကနေပြေးတက်လာသံကြားတော့၊
သမီးလေးက သူ့အဖေဆီ ပြေးသွားပါတယ်ကျမ အဲ့အချိန်ထိ အူကြောင်ကြောင်ဖြစ်နေတုန်းပါ။
ညှော်နံတွေမွှန်ထူနေတော့ အမျိုးသားက ဝရန်တာတံခါးတွေ လိုက်ဖွင့်ပီး ကျမကို ဆွဲထူပါတယ်။
ဖြစ်စဉ်ကိုပြောပြပီးနောက်မီးခလုတ် အရင်ပိတ်ပီးမှ ကြိုးကိုဆွဲဖြုတ်သင့်ကြောင့် အမျိုးသားက ပြောမှ ကိုယ့်ဉာဏ်နည်းမှုကို ကိုယ်တွေ့မိပါတယ်။
သမီးကို ခြင်ထောင်အပြင်ဆွဲထုတ်ချိန်နဲ့ အိပ်ယာခေါင်းရင်းကို သွားချိန် အချိန်စက္ကန့်ပိုင်းလေးမှာ…
ကျမ တွေးနေမိတာက အောက်က သံမံတလင်းကြီး…. ရှော့ခ် တွေဖြစ်လို့လျှပ်စစ်တွေစီးကုန်ရင် ငါ့သမီးလေးကရပ်နေတာ ဆိုတဲ့အတွေးပဲရှိပါတယ်။
မီးခလုပ်ကို ပိတ်ပီးမှ ဆိုတဲ့ဆင်ခြင်ဉာဏ်မရှိတော့ပါဘူး…မီးပလပ်ပေါက်နဲ့ လောင်နေတဲ့ဘုတ်ခုံကြိုး မြန်မြန်ဝေးရမယ်ဆိုတဲ့အသိနဲ့ပဲ။
အလောတကြီးဆွဲဖြုတ်လိုက်မိတာ….တွန်းကန်လိုက်လို့သာ ကျမဖင်ထိုင်ရက်ကျသွားတာ…ဆွဲငင်လိုက်ရင်ကော….ဆွဲငင်နေတဲ့အချိန် သမီးလေးက သူ့အဖေဆီမပြေးဘဲ။
ခါတိုင်းလိုကျမခြေထောက်လေး လာကိုင်ထားရင်ကော ကျမ တော်တော်လေးထိတ်လန့်သွားတယ်။
ခါတိုင်းလို သမီးလေးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန် ဖုန်အားသွင်းထားခဲ့ပီး အိမ်အောက်ထပ်ဆင်းပီး….
အိပ်အလုပ်တွေ စိတ်ချလက်ချလုပ်နေချိန်များ ဒီလိုဖြစ်ခဲ့ရင်…….ဆိုတဲ့ အတွေးတွေနဲ့လဲ တုန်လှုပ်နေမိတယ်။
ကိုယ့်အသုံးမကျမှုကြောင့် ဉာဏ်နည်းတာတွေကြောင့်တော့ ငါတို့မိသားစု မထိခိုက်စေရဘူး…
သတိအမြဲထားပီး ဆင်ခြင် စောင့်ရှောက်ရမယ်ဆိုတဲ့အတွေးနဲ့ *ကလေးနား ဘယ်တော့မှ ဖုန်းအားမသွင်းတော့ဘူး။
ကလေးနား ဘယ်တော့မှ မီးပလပ်ခုံတွေ မရှိစေဘူး*အိပ်ယာထဲ ဘယ်တော့မှ ဖုန်းအားသွင်းပီး ဖုန်းမသုံးတော့ဘူး။
#ဆောင်လို့ရှောင်လို့ရအောင် မျှဝေပေးခြင်းသာ……….။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website