ဘာလို့ ဆိုင်ကယ်ကို ရှေ့မီးဖွင့်မောင်းရတာလဲ သိချင်သူများအတွက်

ကျွန်တော်ကျွန်မတို့က မီးဖွင့်မောင်းဆိုလို့သာ မောင်းလိုက်ရတယ်..

ဘာလို့ ဖွင့်မောင်းရတာလဲလို့ မေးမြန်းနေသောသူများအတွက် တင်ပေးလိုက်ပါတယ်။

ရှေ့မီး အနိမ့်ကို ဘာကြောင့် နေ့/ည ဖွင့်မောင်းရလဲ ဆိုရင် အဓိက ရည်ရွယ်ချက်က ယာဉ်အန္တရာယ် လျော့ကျစေရန် ရည်ရွယ် ပါတယ်။

ကုန်တင်ကား အများစုဟာ ကားကိုယ်ထည်နှင့် အမြင့်ထက် ကျော်လွန်ပြီး ကုန်ပစ္စည်း တင်ဆောင်လာကြတဲ့ အခါ နောက်မြင်ကွင်း ကျဉ်းတတ်ပါတယ်။

အဲဒီလို နောက်မြင်ကွင်းကျဉ်းတဲ့ ကုန်တင်ကားမျိုး ကို မိမိ မောင်းနှင်းလာ တဲ့ ဆိုက်ကယ်က ကျော်တက်တဲ့ အခါမျိုးမှာ မိမိအချက်ပေးတဲ့ ဟွန်းသံကို မကြားရဘဲ …..

မိမိ ကျော်တက်ဖို့ ယူထားတဲ့ ဘယ်ဘက် ယာဉ်ကြောကို ကုန်တင်ကားက ယာဉ်ကြော ပြောင်းတဲ့အခါမျိုးမှာ ယာဉ်တိုက်မူ ဖြစ်စေနိုင်ပါတယ်။

အဲသလို ကားမျိုးနဲ့ ကြုံဆုံရတဲ့ အခါ မိမိက ရှေ့မီး အနိမ့်လေး ဖွင့်မောင်းလာရင် မိမိရဲ့ မီးရောင်ကို ကားသမားမြင်ပြီး ယာဉ်ကြော မပြောင်းခဲ့ရင် ယာဉ်တိုက်မူ မဖြစ်နိုင်ပါ။

နောက်တစ်ချက်က ဇိမ်ခံကား မောင်းနှင် လာကြတဲ့သူ လူအများစုဟာ ကားကို မှန် အလုံပိတ် အဲကွန်းဖွင့်/ သီချင်း နားထောင်ရင်း
ကားမောင်းလာမိတဲ့ အခါ ပြင်ပက ဆိုင်ကယ် ဟွန်းတီးသံ ကို မကြားနိုင်ပါ….။

အဲသလို အခါမျိုးမှာ အထက်မှာ ပြောခဲ့သလိုဘဲ ရှေ့မီး အနိမ့် ဖွင့်မောင်းလာ ခဲ့ရင်၊

မိမိရဲ့ ဟွန်းသံ မကြားရရင်တောင်မိမိဆိုင်ကယ်ရဲ့ မီးရောင်ကို မြင်ပြီး ယာဉ်ကြောမပြောင်း ခဲ့ရင် ယာဉ်တိုက်မူ မဖြစ်နိုင်ပါ။

နောက်တစ်ချက်က. မိမိရဲ့ မော်တော်ယာဉ် / သူများ ရဲ့ မော်တော်ကားက လမ်းသွယ် လမ်းကြားမှ ထွက်လာတဲ့ အခါမှာ မိမိအချက်ပေးတဲ့ ဟွန်းသံကို မကြားရရင်၊

မိမိ ဖွင့်လာတဲ့ မီးရောင်ကို မြင်ပြီ အရ်ှိန်လျှော့ ရပ်တန့်ပေးမည် ဆိုရင် ယာဉ်တိုက်မူ မဖြစ်နိုင်ပါ….။

အဲဒါကြောင့် ၂၀၂၀ပြည့် မော်တော်ယာဉ် စီမံခန့်ခွဲမူ ဥပဒေမှာ ရှေ့မီး အနိမ့်ကို နေ့/ ည ဖွင့်မောင်းဖို့ ပြဌာန်းထားပါတယ်။

သိရှိသွားပြီဆိုရင် မိဘပြည်သူများ ရှေ့မီး အနိမ့် ကို နေ့/ ည ဖွင့်မောင်း ပေးကြပါစို့လား….။

Credit- Ba Sheain / MMS