မြန်မာရာဇဝင်ထဲက ဆင်ကဲ၏ အဆဲခံခဲ့ရဖူးတဲ့ ရှင်ဘုရင်တစ်ပါး (ရှားရှားပါးပါးရာဇဝင်တစ်ခု)

တိုင်းကြီးပြည်ကြီးရှင်ဘုရင်တစ်ပါးကို သာမန်အမှုထမ်းတစ်ယောက်က ရှေ့မှာပင် ပြောင် ပြောင် တင်းတင်း ဆဲရေးတိုင်းထွာခဲ့ဖူးပါသည်။

ဤဖြစ်ရပ်သည် မြန်မာ့သမိုင်းတွင် အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုပါ။

အဆဲခံရသောဘုရင်မှာ ဆင်ဖြူရှင်ဗညားဦးဖြစ်၍ ဆဲသူမှာဗညားဦး၏ ဆင်ကို ကွပ်ကဲရသည့် ဆင်ကဲဖြစ်သည်။

ဆင်ဖြူရှင် ဗညားဦးသည် မွန်မင်းဆက်တွင် ထင် ရှားသော ဘုရင်တစ်ပါးဖြစ်သည်။

တစ်ခါတွင် ဗညားဦးသည် ဝန်မြို့ တွင်စံနေစဉ် ရန် သူနှင့်ရုတ်တရက်ရင်ဆိုင်ရသည်။

ဝန်မြို့တွင် အမတ်တစ်ဦးနာမကျန်းဖြစ်၍ ကွယ် လွန်သော အခါ မြို့သူမြို့သားအားလုံးသည် ထုံးတမ်းစဉ် လာရှိသည့် အတိုင်း ဆံပင်ရိတ်ကြရသည်။

အား လုံးခေါင်းတုံးနှင့်ဖြစ်ကုန်ကြသည်။ထိုအကြောင်းကို ဗညား ဦးနှင့် မသင့်တင့်သော မြတ်တဗဆိုသည့် ရန်သူက ကြားသော အခါ

စစ်သည်သူရဲ ခုနစ်ရာကို ခေါင်းတုံးရိတ်စေပြီး ဆင်ခုနစ်ရာနှင့် ဝန်မြို့ထဲသို့ ဝင်စေသည်။

နေ့ အခါ တွင် တောထဲမှာနေပြီး ညအခါမှ ချီတက်သည်။
နံနက်မိုးလင်းချိန်တွင ်ဝန်မြို့သို့ရောက်၍ မြို့တံခါးဖွင့်သောအခါ မြို့ထဲသို့ ဝင်ကြသည်။

အားလုံးခေါင်းတုံးနှင့်ဖြစ်နေ သည့် အတွက် ရန်သူမှန်း မသိကြ။

ဆင်ဖြူရှင်ဗညားဦးမှာ ရန်သူနှင့်ရုတ် တရက် ရင်ဆိုင်ရသည့်အတွက် ဆင်၊မြင်းများကို ကာတင်၍ စီးရန်ပင် အချိန်မရတော့ဘဲ ဆင်မ ယဉ်သာကိုစီးပြီး ဝန်မြို့တွင်းမှ အမြန်ထွက်ခွာ တိမ်းရှောင်ရတော့သည်။

ဝန်မြို့ကို ရန်သူစစ် သည် များကသိမ်းပိုက်လိုက်သည်။ဗညားဦးနောက်သို့ မှူးမတ်စစ်သည်များ လိုက်ကြသော် လည်း လိုက်၍မမီ။

ဆင်ကဲတစ်ယောက်သာ လိုက်၍ မီသည်။ ချောင်းငယ်တစ်ခုကို အကူးတွင် ဆင်မယဉ် သာ နွံ ထဲကျွံပြီး ဆက်မသွားနိုင်တော့။

ထိုအခါ ဆင်ကဲသည် ဆင်ဖြူရှင်ဗညားဦးကို ထမ်း ပိုးပြီး ဘေးလွတ်ရာသို့ အပြေးအလွှားသွားရတော့သည်။

ခူသနာရံ ဟု ခေါ်သော တောသို့ရောက် သောအခါ ဆင်ဖြူရှင်ဗညားဦးက တောထဲမှာ မြင်သမျှသော သစ်သီးသစ်ပွင့်တို့ကို ဘာသစ်သီးတွေလဲ၊ ဘာပွင့်တွေလဲဟု ဆင်ကဲကို မေးသည်။

ဆင်ကဲကလည်း ဘုရင်ကို ကျောပိုး၍ ပြေးလွှားရင်း ဘာသီးတွေပါဘုရား၊ ဘာပွင့်တွေပါဘုရားဟု လျှောက်ထားရသည်။

မကြာခဏမေးသောအခါ ဆင်ကဲမှာ စိတ်တိုလာတော့သည်။ စိတ်တိုမည်ဆိုလည်း တိုစရာပင်။

ဆင်ကဲမှာ ဘုရင်ကို ကုန်းပိုးပြီး ပြေးလွှားနေရသည့်အတွက် မောပန်းလှ ပြီး ဘုရင်ကမူ ဆင်ကဲ ၏ ကျောပေါ် က သက်သက်သာသာ လိုက်ရသည့် အတွက် မောပန်းစရာမရှိ။

ဆင်ကဲ၏ အခြေ အနေကိုလည်း သတိထားမိပုံ မရ။
မြင်သမျှအသီးအပွင့်တွေ ကို မေးဖို့သာ စိတ်ဝင်စားနေ သည်။

နောက်ဆုံးတွင် ဆင်ကဲမှာ စိတ်မထိန်းနိုင်တော့ဘဲ ဘုရင်ကိုဆဲလိုက်မိတော့သည်။ နှမလင်သည် ငါ့ကျောပေါ်တွင်စီးပြီး မမေးသင့် သည်ကို မေးသည်။

ငါ မဖြေနိုင်တော့ပြီ။ စီးသောဆင်နွံကျွံသဖြင့် ငါ့ကျောပိုး၍ ပြေးသောကြောင့်သာ ရန်သူ့လက်မှလွတ်ခဲ့ရသည်ဟု ဆဲပြီးပြောလိုက်သောအခါကျမှ ဘုရင် အမေး ရပ်တော့ သည်။

မကြာမီ မှူးမတ်စစ်သည်များ နောက်ကမီလာ၏။ လူစုပြီး ပဲခူးသို့ကူးသည်။ ဆင်ဖြူရှင်၏ နှမတော် မဟာဒေဝီလည်း ဒဂုံမှကူးလာသည်။

မောင်နှမနှစ်ယောက်ဆုံသောအခါ ဖက်ငိုကြသည်။ စိတ်အေးသွားသောအခါ ဆင်ဖြူရှင်က မှူး တော်မတ်တော်များကို စည်းစိမ်မြို့ပြများ ချီးမြှင့်သည်။

ဆင်ကဲကိုတော့ ဘာဆုမှမပေးဘဲ ချန်ထားသည်။
ထိုအခါ မဟာဒေဝီက မောင်တော်သည် ဆင်ကဲ၏ကျေးဇူးရှိပါလျက် အဘယ် ကြောင့် ဆုမချီးမြှင့်ပါသလဲဟုမေးရာ ဗညားဦးက သင်းကျေးဇူးသည် အထူး ရှိလေ၏။

သို့ သော်လည်း နှမ နှင့်ငါအဆမလျော်စွာဘဲကို အရှက်ကွဲအောင် ဆိုဖူးလေသည်။

သင်း၏ အသက်ကိုအမျက်မထားဘဲ လွှတ်ခြင်းသည်ပင် သင်းကိုကျေးဇူးဆပ်ခြင်း မည်တော့သည်ဟု မိန့် တော်မူသည်။

ဆင်ကဲကိုဆင်ဖြူရှင်က မချီးမြှင့်သည့်အတွက် မဟာဒေဝီက သင့်တော်ရာ ဆုချီးမြှင့်ရသည်။

ဤဖြစ်ရပ်ကလေးသည် ဖြစ်တတ်သော လူ့သဘာဝကို လှစ်ခနဲ ပြလိုက်သော ပြုံးစရာဖြစ်ရပ် ကလေးဖြစ်ပါသည်။

ဘုရင်ကိုကျောမှာပိုး ပြီး အထိတ်တလန့်ပြေးနေရသော ဆင်ကဲနှင့် ဆင်ကဲ၏ ကျောပေါ်က သက်သက်သာသာလိုက်ပါရင်း မြင်မြင်ရာရာကို ဟိုမေးသည်မေးစပ်စုတတ်သော ဘုရင်၏ မြင်ကွင်းနှင့် စိတ်တိုလာသောအခါ၊

အသက်ဘေးကိုပင် မကြောက်နိုင်တော့ဘဲ ဘုရင်ကို နှမလင်ဟူ၍ ဆဲလိုက်မိသော ဆင်ကဲ၏ အပြုအမူမှာ မှတ်လောက်သားလောက်ဖြစ်ပါသည်။

ဆင်ကဲမှာ ကံကောင်း လွန်း၍သာ အသက်ချမ်းသာရာရခြင်းဖြစ်သည်။ ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပါ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website