
အိပ်ယာမဝင်ခင် ဒီဖျော်ရည်သောက်ပြီး ဝမ်းဗိုက်က အဆီတွေကို လျှော့ချမယ်…
ကိုယ်အလေးချိန်လျှော့ချရမှာ အဓိကအရေးကြီးတာကတော့-ကယ်လိုရီပါဝင်တဲ့ အစားအစာ စားသုံးမှုကို လျှော့ချပေးဖို့ပါပဲ
ကိုယ်ကာယလေ့ကျင့်ခန်းကိုလည်းလုပ်ပြီး-ကျန်းမာတဲ့ အဟာရဓါတ်တွေပါဝင်တဲ့ အစားအစာကို စားသုံးပေးဖို့လိုပါတယ်။
အကောင်းဆုံး ကိုယ်အလေးချိန်လျှော့ချနည်းတစ်ခုကလည်းအိပ်ယာမဝင်ခင်မှာ သောက်သုံးပေးရမဲ့ ဖျော်ရည်ပါပဲ။
သံပုယိုသီး=သံပုယိုသီးဟာခန္တာကိုယ်အတွင်းကအဆီတွေကို လောင်ကျွမ်းစေဖို့တကယ်ကို အသုံးဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ဒ
ဒါအပြင် အသည်းကို သန့်စင်စေပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။
သခြားသီး=သခွားသီးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ဇီဝဖြစ်စဉ်ကိုတိုးတက်စေပါတယ်။
နံနံပင် နဲ့ ပင်စိမ်းရွက်=အဲဒီအရွက်နှစ်မျိုးဟာ ဝမ်းဗိုက်က အဆီတွေကို ချေဖျက်ရာမှာ တကယ်ကိုကောင်းမွန်ပြီး-ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ညီညွတ်စွာ ထိန်းသိမ်းနိုင်ပါတယ်။
ဂျင်း=ဂျင်းမှာလည်း အဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး-ကျန်းမာရေးနဲ့အညီကိုယ်အလေးချိန်လျှော့ချရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။
ပါဝင်ပစ္စည်း=သံပုယိုသီး ၁ လုံး=သခွားသီး တစ်ဝက်=ဂျင်း အနည်းငယ် (အတုံးသေး ၁ တုံး)=နံနံပင် ၁/၂ စည်း=ရေ ၁ ခွက်=ပင်စိမ်းရွက် ၃ ရွက် (သို့) ၄ ရွက်=
ပြင်ဆင်ခြင်း=ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး မွှေလိုက်ပါ။
၃ ရက်စာအတွက် ပြင်ဆင်ထားပြီး ညအိပ်ယာမဝင်တိုင်း သောက်ပေးပါ။၆ နာရီနောက်ပိုင်း တခြားအစားအစာတွေ ဘာမှမစားတော့ပါနဲ့။
တကယ်ကို ဗိုက်အရမ်းဆာလာတယ်ဆိုရင်တော့ပန်းသီး (သို့) စပျစ်သီးကို စားသုံးနိုင်ပါတယ်။ဒီဖျော်ရည်ကိုလည်း အိပ်ယာမဝင်ခင်သောက်ပေးပြီး၊
အခုပြောတဲ့နည်းလမ်းကိုလိုက်နာရင် ရက်အနည်းငယ်အတွင်းမှာဝမ်းဗိုက်ကအဆီတွေ လျှော့ကျသွားတာကို လက်တွေ့ မြင်ရမှာဖြစ်ပါတယ်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website